သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဈေးကွက်အတွက် ဟောလီးဝုဒ်ရုပ်ရှင်တွေ ဆင်ဆာလုပ် ရိုက်ကူးနေကြ


Hollywood.
Hollywood.

(Zawgyi / Unicode)

အမေရိကန်၊ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ အကျိုးအမြတ်များလှတဲ့ တရုတ်ဈေးကွက်ကို လက်မလွှတ်ရဖို့အတွက် တရုတ်အစိုးရ မကြိုက်တာတွေ သူတို့ရုပ်ရှင်တွေထဲမှာ မပါရအောင် ဆင်ဆာလုပ် ရိုက်ကူးနေကြတယ်လို့ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။

တရုတ်ဈေးကွက်မှာ သူတို့ရုပ်ရှင်တွေ ပြခွင့်ရရင် ရလာမယ့် ငွေကြေးအကျိုးအမြတ်ကို လက်လွတ်မခံချင်တဲ့အတွက် တရုတ်တာဝန်ရှိသူတွေ မကြိုက်တာမျိုးတွေ ရုပ်ရှင်ထဲမှာ မပါရအောင် ပိုပြီးလုပ်လာကြတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ နယူးယောက်အခြေစိုက်အဖွဲ့ Pen America ရဲ့ ဗုဒ္ဓဟူးနေ့ထုတ် စာမျက်နှာ ၉၄ မျက်နှာပါ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

တချို့ဖြစ်ရပ်တွေမှာဆိုရင် ရုပ်ရှင်ထုတ်လုပ်သူ ဒါမှမဟုတ် ဒါရိုက်တာတွေဟာ တရုတ်အစိုးရ ဆင်ဆာအဖွဲ့ တာဝန်ရှိသူတွေကို ရုပ်ရှင်ရိုက်ကွင်းထဲ ဖိတ်ခေါ်ပြီး ဆင်ဆာမထိရအောင် ဘယ်လိုရှောင်ရမယ်ဆိုတာ အကြံယူခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဟောလီးဝုဒ်ရိုက်ကူးရေး ပြန်စ “Pop Culture”
please wait

No media source currently available

0:00 0:03:38 0:00

တရုတ်ဈေးကွက်မှာပြမယ့် ရုပ်ရှင်တွေကို ရိုက်ဖို့ စဉ်းစားတဲ့အခါမှာ ၁၉၅၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှုကြီးအကြောင်း၊ ၁၉၈၉ ခုနှစ်ကဖြစ်ခဲ့တဲ့ တီယန်အန်မန်ရင်ပြင် အရေးအခင်းနဲ့ ၁၀ နှစ်ကြာဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေး စတဲ့အကြောင်းတွေကို လုံးဝကို ထည့်မရိုက်ရမယ့် ဖြစ်ရပ်တွေအဖြစ် ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေက သတ်မှတ်ထားတယ်လို့ ဟားဗတ်တက္ကသိုလ်က တရုတ်လေ့လာရေး သုတေသီ Hao Jian က ဗွီအိုအေကို ပြောပါတယ်။

ခွင့်ပြုချက်ရလို့ ရုံတင်ပြနေပြီဖြစ်တဲ့ ရုပ်ရှင်ကားတကားနဲ့ ပတ်သက်ရင်တောင်မှ ရုပ်ရှင်ထဲက ပြောစကားတခုခု ဒါမှမဟုတ် သရုပ်ဆောင်တယောက်ယောက်ကို အစိုးရက မကြိုက်ဘူးဆိုတာနဲ့ ချက်ချင်း ပြန်ပိတ်ပစ်တတ်ပြီး ထုတ်လုပ်သူတွေ အနေနဲ့ ခွင့်ပြုချက်ပြန်ရဖို့ ဘာမှကို လုပ်မရဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ Django Unchained ရုပ်ရှင် ကြုံခဲ့ရတာကို သုတေသီ Hao Jian က နမူနာပြပါတယ်။

တရုတ်ရုပ်ရှင်ရုံတွေမှာ အဲဒီကားပြနေတာ တရက်ပဲရှိသေးချိန် တရုတ် ရေဒီယိုနဲ့ ရုပ်သံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ဘာအကြောင်းပြချက်မှ မပေးဘဲ ဆက်မပြဖို့ အကြောင်းကြားတဲ့စာကို ရုပ်ရှင်ထုတ်တဲ့ကုမ္ပဏီ ရခဲ့တယ်လို့ Hao က ပြောပါတယ်။

မင်းသား Harrison Ford နဲ့ Richard Gere လို၊ မင်းသမီး Selena Gomez နဲ့ Sharon Stone လို သရုပ်ဆောင်တွေဟာ တရုတ်မှာပြမယ့် ရုပ်ရှင်တွေထဲမှာ ထည့်မရိုက်သူတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

တရုတ်ဈေးကွက်အတွက် ရုပ်ရှင်တွေကို ရိုက်တဲ့အခါ အဲဒီလို သရုပ်ဆောင်တွေဟာ ထည့်မရိုက်ရမယ့် အမည်မည်းစာရင်းထဲမှာ ပါသူတွေအဖြစ် ဟောလီးဝုဒ် ကုမ္ပဏီတွေက သတ်မှတ်ထားကြတယ်လို့ Hao က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)











XS
SM
MD
LG