သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနယ်စပ်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းလူအုပ်ကြီး


ဂွါတီမာလာ နဲ့ မက္ကဆီကို နိုင်ငံ နယ်စပ်က တံတားမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအခြေချသူတချို့ဟာ စနေနေ့ကတော့ မက္ကဆီကိုနိုင်ငံထဲကို ရေကူးပြီးဝင်ခဲ့ကြပါတယ်။ တချို့တွေကတော့ ဒေသခံတွေကို အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ၂၅ ပြားပေးပြီး တာယာတွေနဲ့ လုပ်ထားတဲ့ ဖောင်တွေနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။ မက္ကဆီကို ရဲတပ်ဖွဲ့က အဲဒီလိုဖြတ်ကူးတာတွေကို တွေ့ပေမယ့်လည်း၊ တံတားပေါ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို ထိန်းနေရတာကြောင့် မတားဆီးနိုင်ခဲ့ပါဘူး။ အဲဒီလူတွေဟာ အမေရိကန်နိုင်ငံကိုသွားဖို့အတွက် မက္ကဆီကို နိုင်ငံထဲကိုဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံကနေ စတင်ပြီး၊ အခုအခါမှာ ဂွါတီမာလာနိုင်ငံကိုရောက်ရှိနေတဲ့ အဲဒီအခြေချနေထိုင်သူတွေကို အမေရိကန်ပြည်ထောင်စုကို မရောက်ခင်မှာ တားဆီးရပ်တန့်ပစ်ရမယ်လို့ အမေရိကန်သမ္မတ ထရမ့်က သတိပပေးလိုက်ပါတယ်။ ဒီရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အရေးကိစ္စဟာ လာမယ့် နိုဝင်ဘာလ လွှတ်တော်ရွေးကောက်ပွဲတွေဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာတရပ်ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပြီး၊ ဒေသတွင်းပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်မှာဖြစ်ကြောင်း၊ တကယ်လို့ မက္ကဆီကိုအနေနဲ့ အဲဒီလူတွေကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် သူ့အနေနဲ့ အမေရိကန်မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်ပြီး၊ တပ်ဖွဲ့တွေကိုလည်း ချသွားမှာဖြစ်တယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့က စနေနေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ - သူတို့အကူအညီပေးနေတဲ့သူအများအပြားဟာ ရေဓါတ်ချို့တဲ့တာ၊ အစာအိမ် နဲ့ တခြားခြေထောက်ဒဏ်ရာတွေ ရခဲ့ကြတာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး အဲဒီထဲက အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG