သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတော်သီချင်းစော်ကားမှုနဲ့ ဟောင်ကောင်မှာ ၃ ယောက်ဖမ်းခံရ


ကမ္ဘာ့ဖလားခြေစစ်ပွဲ ဟောင်ကောင်နဲ့ အီရန် ကစားပွဲကို လာရောက်အားပေးကြသူများ (ဇွန် ၆၊ ၂၀၂၄)
ကမ္ဘာ့ဖလားခြေစစ်ပွဲ ဟောင်ကောင်နဲ့ အီရန် ကစားပွဲကို လာရောက်အားပေးကြသူများ (ဇွန် ၆၊ ၂၀၂၄)

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဟောင်ကောင်နဲ့ အီရန်ကစားခဲ့တဲ့ပွဲမတိုင်ခင် တရုတ်နိုင်ငံတော်သီချင်းဖွင့်ချိန် မတ်တပ်မရပ်သူ ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့က ဟောင်ကောင်ကွင်းမှာကစားတဲ့ပွဲမစခင် တရုတ်နိုင်ငံတော်သီချင်းဖွင့်ချိန်မှာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်က မတ်တပ်မရပ်တဲ့အပြင် ကွင်းကို ကျောပေးခဲ့ကြတယ်လို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုင်ငံတော်သီချင်းကို လူသိရှင်ကြား တမင်စော်ကားသူ မှန်သမျှ ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ အလေးထားပြောထားပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးရဲ့ ချုပ်ကိုင်မှုကို မကျေနပ်ကြတဲ့ ဘောလုံးပရိတ်သတ်တွေအနေနဲ့ နိုင်ငံတော်သီချင်းလာရင် မကျေနပ်သံတွေ အော်ဟစ်ပြီး ဆန္ဒဖော်ထုတ်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်ထဲက စလို့ ဒီလိုဆန္ဒဖော်ထုတ်မှုတွေကို ဟောင်ကောင်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။

ဟောင်ကောင်မှာ Umbrella Movement လို့သိကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါဝင်သူတွေကို ဖမ်းဆီး ထောင်ချနေချိန်မှာ အခုနောက်ဆုံး နိုင်ငံတော်သီချင်းကို ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းခံခဲ့ရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၁ နှစ်ကြားအရွယ်တွေဖြစ်ပြီး၊ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင်တော့ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ဟောင်ကောင်ဒေါ်လာ ၅ သောင်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၆၄၀၀ ဒဏ်ငွေဆောင်ရနိုင်ပါတယ်။

မနေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အီရန်ကို ၄ ဂိုး ၂ ဂိုးနဲ့ ဟောင်ကောင်အသင်း ရှုံးနိမ့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG