သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေကို တရုတ်ပြည်မအစိုးရ သတိပေး


ဟောင်ကောင်ဆန္ဒပြသူတွေ
ဟောင်ကောင်ဆန္ဒပြသူတွေ

ဟောင်ကောင်ကျွန်းမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား ညဖက်အချိန် အကြမ်းဖက် ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အထွေထွေ ဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ အပြီးမှာတော့ မီးနဲ့ ကစားသူတွေ မီးကြောင့် ဘေးသင့်မယ်လို့ တရုတ် အစိုးရ တာဝန်ရှိသူ တဦးက အတိုက်အခံတွေကို အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

ဟောင်ကောင်က ဆန္ဒပြသူတွေက စုဝေးခွင့် အခွင့်အရေးကို အလွဲသုံးစာ လုပ်ခဲ့တယ်၊ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အနေနဲ့ တရုတ်ရဲ့ အချုပ်အချာ အာဏာပိုင်မှု အပေါ် စိန်ခေါ် အကဲစမ်းတာကို တရုတ် အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ် အစိုးရရဲ့ ဟောင်ကောင်နဲ့ မကာအို ဆက်ဆံရေး ရုံးက ပြောခွင့်ရ Yang Guang က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

တရုတ်ထံကနေ ဟောင်ကောင် လွတ်လပ်ရေး အတွက် တချိန်က ကြိုးပမ်းခဲ့ပြီး ထောင်ကျခဲ့သူ လွှတ်တော် ကိုယ်စားလှယ်လောင်း Edward Leung ပြောဆိုတဲ့ ဟောင်ကောင်လွတ်မြောက်ရေး၊ တော်လှန်ချိန်တန်ပြီ ဆိုတာတွေကို ဆန္ဒပြသူတွေက ကြွေးကြော်တာတွေနဲ့ ဆိုင်းဘုတ်တွေကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။ အရင် တရက်တုန်းက ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဆန္ဒပြသူတွေရဲ့ လုပ်ရပ်တွေက တမျိုးသားလုံးရဲ့ အချုပ်အချာအာဏာပိုင်မှုကို စိန်ခေါ်နေတာလို့ ပြောဆိုခဲ့တာကို ကိုးကားပြီး တရုတ် အရာရှိ Yang က ကြေညာချက်မှာ ဖော်ပြပြီး ဟောင်ကောင်ရဲ့ ခွဲထွက်ခွင့် အခွင့်အရေးနဲ့ တနိုင်ငံ စနစ်နှစ်မျိုး အစီအစဉ်တို့ကို ခြိမ်းခြောက်ထားပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ဒီအပေါ်မှာ သိပ်ပြီး ဂရုစိုက်ပုံ မရပါဘူး။ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ လူငယ် သုံးဦးက အနက်ရောင် မျက်နှာဖုံးတွေတပ် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဟဲလ်မက်တွေ ဆောင်ပြီး ရောက်ရှိလာကြပြီး ဒီမိုကရေစီက လူတွေရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG