သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉးသစ္ က်မ္းသစၥာဆို


ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉးသစ္ John Lee က က်မ္းသစၥာက်ိန္အၿပီး မိန္႔ခြန္းေျပာၾကားစဥ္ (ဇူလိုင္ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ေဟာင္ေကာင္မွာ ၂၀၁၉ ခုႏွစ္က ဒီမိုကေရစီေရးေတာင္းဆို ဆႏၵျပေနသူေတြအေပၚ ႏွိမ္ႏွင္းမႈကို ႀကီးၾကပ္ခဲ့သူ လံုျခံဳေရးအရာရွိေဟာင္း John Lee ဟာ ေဟာင္ေကာင္ကၽြန္းအုပ္ခ်ဳပ္ေရးမွဴးသစ္အျဖစ္ ဒီေန႔ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ သူက ေဟာင္ေကာင္ကၽြန္းရဲ႕ ဖြဲ႔စည္းပံုဥပေဒေတြအတိုင္း လိုက္နာက်င့္သံုးသြားမယ္လု႔ိ ကတိျပဳခဲ့သလို ျပည္မႀကီးအစိုးရကိုလည္း တာဝန္ခံမယ္လို႔ ကတိျပဳခဲ့ပါတယ္။

တ႐ုတ္အုပ္ခ်ဳပ္မႈေအာက္ ေဟာင္ေကာင္ကၽြန္းျပန္ေရာက္တာ ၂၅ ႏွစ္ျပည့္ အထိမ္းအမွတ္နဲ႔အတူ ေဟာင္ေကာင္ကၽြန္း အုပ္ခ်ဳပ္ေရးမွဴးသစ္နဲ႔ အစိုးရအဖဲြ႔သစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို ျပဳလုပ္ခဲ့တာမွာ သမၼတ Xi Jinping ကလည္း တျပည္ေထာင္ စနစ္ ၂ ခုမူကို ကာကြယ္ေျပာၾကားခဲ့ပါတယ္။ ဒီ စနစ္က အလုပ္ျဖစ္တယ္ဆိုတာ အႀကိမ္ႀကိမ္သက္ေသျပခဲ့ၿပီးျဖစ္တဲ့အတြက္ ဒီစနစ္ကို ေျပာင္းလဲဖို႔ အစီအစဥ္မရွိဘူးလို႔ တ႐ုတ္သမၼတ Xi Jinping ကေျပာၾကားခဲ့တာပါ။

ၿဗိတိန္အုပ္ခ်ဳပ္မႈကေန လႊဲေျပာင္းယူၿပီး အႏွစ္ ၅၀ ၾကာတဲ့အထိ လြတ္လပ္ခြင့္နဲ႔ ေဟာင္ေကာင္ကၽြန္း ကိုယ္ပိုင္အုပ္ခြင့္ေပးထားတဲ့ ကတိကဝတ္အတိုင္း ေလးစား လိုက္နာဖို႔ ၿဗိတိန္၊ အေမရိကန္အပါအဝင္ ဒီမိုကေရစီႏိုင္ငံေတြက ေတာင္းဆိုေနခ်ိန္မွာ တ႐ုတ္သမၼတ Xi Jinping က ခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိ္ုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ တည္ၿငိမ္မႈအေပၚ ၿခိမ္းေျခာက္မႈမွန္သမွ်ကို သည္းခံမွာ မဟုတ္ဘူးလို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ျပည္မႀကီးရဲ႕လက္ေအာက္ ေဟာင္ေကာင္ျပန္ေရာက္ခဲ့ၿပီး ၂၅ ႏွစ္အၾကာမွာ ဒီမိုကေရစီအခြင့္အေရးေတြ ဆံုး႐ႈံးေနၿပီလို႔ ေဟာင္ေကာင္ျပည္သူေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် ကျမ်းသစ္စာဆို

ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြနေသူတွေအပေါ် နှိမ်နှင်းမှုကို ကြီးကြပ်ခဲ့သူ လုံခြုံရေးအရာရှိဟောင်း John Lee ဟာ ဟောင်ကောင်ကျွန်းအုပ်ချုပ်ရေးမှူးသစ်အဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သူက ဟောင်ကောင်ကျွန်းရဲ့ ဖွဲ့စည်းပုံဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးသွားမယ်လု့ိ ကတိပြုခဲ့သလို ပြည်မကြီးအစိုးရကိုလည်း တာဝန်ခံမယ်လို့ ကတိပြုခဲ့ပါတယ်။

တရုတ်အုပ်ချုပ်မှုအောက် ဟောင်ကောင်ကျွန်းပြန်ရောက်တာ ၂၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးသစ်နဲ့ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့တာမှာ သမ္မတ Xi Jinping ကလည်း တပြည်ထောင် စနစ် ၂ ခုမူကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီ စနစ်က အလုပ်ဖြစ်တယ်ဆိုတာ အကြိမ်ကြိမ်သက်သေပြခဲ့ပြီးဖြစ်တဲ့အတွက် ဒီစနစ်ကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့တာပါ။

ဗြိတိန်အုပ်ချုပ်မှုကနေ လွှဲပြောင်းယူပြီး အနှစ် ၅၀ ကြာတဲ့အထိ လွတ်လပ်ခွင့်နဲ့ ဟောင်ကောင်ကျွန်း ကိုယ်ပိုင်အုပ်ခွင့်ပေးထားတဲ့ ကတိကဝတ်အတိုင်း လေးစား လိုက်နာဖို့ ဗြိတိန်၊ အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက တောင်းဆိုနေချိန်မှာ တရုတ်သမ္မတ Xi Jinping က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သည်းခံမှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်မကြီးရဲ့လက်အောက် ဟောင်ကောင်ပြန်ရောက်ခဲ့ပြီး ၂၅ နှစ်အကြာမှာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေပြီလို့ ဟောင်ကောင်ပြည်သူတွေက ပြောနေကြပါတယ်။
==============

XS
SM
MD
LG