သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးနဲ႔လြတ္လပ္မႈ ေလးစားဖို႔ G7 တိုက္တြန္း


ေဟာင္ေကာင္ကၽြန္းကို ၿဗိတိန္လက္ကေန တ႐ုတ္ႏုိင္ငံဆီျပန္လႊဲေပးခဲ့တဲ့ ၂၅ နွစ္ျပည့္အထိမ္းအမွတ္ နဖူးစည္းစာတမ္း။ (ဇြန္ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ၿဗိတိန္ကိုလိုနီျဖစ္ခဲ့တဲ့ ေဟာင္ေကာင္ကၽြန္းကို တ႐ုတ္အုပ္ခ်ဳပ္မႈေအာက္ လႊဲေျပာင္းခဲ့တာ ၂၅ ႏွစ္ျပည့္ခါနီးမွာ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးနဲ႔ လြတ္လပ္မႈကို တ႐ုတ္အစိုးရအေနနဲ႔ ေလးစားဖို႔ အေမရိကန္၊ ၿဗိတိန္အပါအဝင္ ဒီမိုကေရစီႏိုင္ငံေတြက တိုက္တြန္းခဲ့ၾကပါတယ္။

“၁၉၈၄ ခုႏွစ္က တ႐ုတ္နဲ႔ၿဗိတိန္ ကတိကဝတ္ျပဳထားတဲ့ ေၾကညာစာတမ္းနဲ႔ ဥပေဒအတိုင္း ေဟာင္ေကာင္ျပည္သူေတြရဲ႕ အေျခခံအခြင့္ေရးေတြကို ေလးစားလိုက္နာပါ” လို႔ စီးပြားေရးအင္အားႀကီး ဒီမိုကေရစီႏိုင္ငံေတြျဖစ္တဲ့ G-7 ႏိုင္ငံေခါင္းေဆာင္ေတြ အဂၤါေန႔က ေတာင္းဆိုခဲ့ၾကပါတယ္။

ၿဗိတိန္အုပ္ခ်ဳပ္မႈကေန တ႐ုတ္အစိုးရအုပ္ခ်ဳပ္မႈေအာက္ ျပန္ေရာက္ခဲ့တဲ့ ေဟာင္ေကာင္မွာ ဒီမိုကေရစီအခြင့္အေရးေတြ တျဖည္းျဖည္းဆံုး႐ႈံုးလာတယ္လို႔ ေဟာင္ေကာင္ျပည္သူေတြက ေျပာၾကပါတယ္။ ဒီမိုကေရစီေရးေတာင္းဆို ဆႏၵျပသူေတြကိုလည္း ဖိႏွိပ္၊ ဖမ္းဆီး၊ ေထာင္ခ်မႈေတြ လုပ္ေနပါတယ္။ တ႐ုတ္အုပ္ခ်ဳပ္မႈေအာက္ ျပန္ေရာက္တဲ့ အထိမ္းအမွတ္ ေဟာင္ေကာင္မွာက်င္းပမယ့္ပြဲကို တ႐ုတ္သမၼတ Xi Jinping တက္ေရာက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တ႐ုတ္အုပ္ခ်ဳပ္မႈ လႊဲေျပာင္းယူတဲ့ ၂၅ ႏွစ္ျပည့္အထိမ္းအမွတ္အတြက္ တ႐ုတ္သမၼတ Xi Jinping ေဟာင္ေကာင္ကို ဇြန္ ၃၀ ကေန ဇူလိုင္ ၁ ရက္ေန႔အထိ သြားေရာက္မယ့္ပံုရေၾကာင္းနဲ႔ ေဟာင္ေကာင္မွာရွိေနတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ လူစုလူေဝးေနရာေတြသြားရင္ သတိရွိဖို႔၊ ရဲခြင့္ျပဳခ်က္မရရင္ ဓါတ္ပံုမ႐ိုက္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက လံုျခံဳေရးသတိထုတ္ျပန္ထားပါတယ္။

တ႐ုတ္သမၼတ ခရီးစဥ္အတြင္း ေဟာင္ေကာင္ရဲတပ္ဖဲြ႕ဝင္ ၁ ေသာင္းထက္မနည္းကို ျဖန္႔ခ်ႏိုင္တယ္လို႔လည္း သတိေပးခ်က္မွာ ေဖာ္ျပထားပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ စျဖစ္ခ်ိန္ထဲကဆိုရင္ တ႐ုတ္သမၼတအေနနဲ႔ ျပည္မႀကီးကေန ပထမဆံုးအႀကိမ္ ထြက္ခြာ ခရီးသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့လွတ်လပ်မှု လေးစားဖို့ G7 တိုက်တွန်း

ဗြိတိန်ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းကို တရုတ်အုပ်ချုပ်မှုအောက် လွှဲပြောင်းခဲ့တာ ၂၅ နှစ်ပြည့်ခါနီးမှာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လွတ်လပ်မှုကို တရုတ်အစိုးရအနေနဲ့ လေးစားဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက တိုက်တွန်းခဲ့ကြပါတယ်။

“၁၉၈၄ ခုနှစ်က တရုတ်နဲ့ဗြိတိန် ကတိကဝတ်ပြုထားတဲ့ ကြေညာစာတမ်းနဲ့ ဥပဒေအတိုင်း ဟောင်ကောင်ပြည်သူတွေရဲ့ အခြေခံအခွင့်ရေးတွေကို လေးစားလိုက်နာပါ” လို့ စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ G-7 နိုင်ငံခေါင်းဆောင်တွေ အင်္ဂါနေ့က တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်အုပ်ချုပ်မှုကနေ တရုတ်အစိုးရအုပ်ချုပ်မှုအောက် ပြန်ရောက်ခဲ့တဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီအခွင့်အရေးတွေ တဖြည်းဖြည်းဆုံးရှုံးလာတယ်လို့ ဟောင်ကောင်ပြည်သူတွေက ပြောကြပါတယ်။ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြသူတွေကိုလည်း ဖိနှိပ်၊ ဖမ်းဆီး၊ ထောင်ချမှုတွေ လုပ်နေပါတယ်။ တရုတ်အုပ်ချုပ်မှုအောက် ပြန်ရောက်တဲ့ အထိမ်းအမှတ် ဟောင်ကောင်မှာကျင်းပမယ့်ပွဲကို တရုတ်သမ္မတ Xi Jinping တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်အုပ်ချုပ်မှု လွှဲပြောင်းယူတဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် တရုတ်သမ္မတ Xi Jinping ဟောင်ကောင်ကို ဇွန် ၃၀ ကနေ ဇူလိုင် ၁ ရက်နေ့အထိ သွားရောက်မယ့်ပုံရကြောင်းနဲ့ ဟောင်ကောင်မှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လူစုလူဝေးနေရာတွေသွားရင် သတိရှိဖို့၊ ရဲခွင့်ပြုချက်မရရင် ဓါတ်ပုံမရိုက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက လုံခြုံရေးသတိထုတ်ပြန်ထားပါတယ်။

တရုတ်သမ္မတ ခရီးစဉ်အတွင်း ဟောင်ကောင်ရဲတပ်ဖွဲ့ဝင် ၁ သောင်းထက်မနည်းကို ဖြန့်ချနိုင်တယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စဖြစ်ချိန်ထဲကဆိုရင် တရုတ်သမ္မတအနေနဲ့ ပြည်မကြီးကနေ ပထမဆုံးအကြိမ် ထွက်ခွာ ခရီးသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG