သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္မွာ တတိယေျမာက္ သတင္းဌာနတခုလုပ္ငန္းရပ္နား


Citizen News အယ္ဒီတာခ်ဳပ္နဲ႔ ေဟာင္ေကာင္သတင္းေထာက္မ်ားအဖြဲ႔ဥကၠ႒ေဟာင္း Chris Yeung သတင္းဌာနရပ္ေတာ့မယ့္အေၾကာင္း ေၾကညာစဥ္။ (ဇန္နဝါရီ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ေဟာင္ေကာင္ကၽြန္းက CitizenNews သတင္းဌာနဝန္ထမ္းေတြက သတင္းလြတ္လပ္ခြင့္ ေလ်ာ့နည္းလာတဲ့အေျခအေနကို ေျပာၾကားၿပီး သူတို႔ သတင္းစာတိုက္ကို ဒီကေန႔ ပိတ္လိုက္ၿပီ ျဖစ္ပါတယ္။ သူတို႔ရဲ႕ၿပိဳင္ဘက္သတင္းဌာနက သတင္းေထာက္ေတြ ဖမ္းဆီးခံရတာ ျမင္ေတြ႔ရတဲ့အတြက္ သူတို႔အေနနဲ႔လည္း ေဘးကင္း လုံျခံဳမႈရွိတယ္လို႔ မခံစားရေၾကာင္း ေျပာပါတယ္။

လူမႈကြန္ယက္ေပၚမွာ Follower ၈ သိန္းေလာက္ရွိၿပီး ေဟာင္ေကာင္မွာ နံမည္ႀကီး လူႀကိဳက္မ်ားတဲ့ သတင္းဌာနေတြထဲ တခုအပါအဝင္ျဖစ္တဲ့ CitizenNews ဟာ တ႐ုတ္အစိုးရက ဆန္႔က်င္သူေတြကို ဖိႏွိပ္ ေခ်မႈန္းမႈေတြ အရွိန္ျမွင့္လုပ္ေဆာင္လာေနတာေၾကာင့္ မၾကာေသးခင္ ကာလေတြအတြင္း ပိတ္ပစ္လိုက္ရတဲ့ သတင္းဌာနေတြထဲ တတိယေျမာက္ သတင္းဌာနျဖစ္ပါတယ္။

အမ်ားျပည္သူရဲ႕ ကူညီပံ့ပိုးမႈနဲ႔ ဘက္မလိုက္တဲ့ သတင္းဌာနအျဖစ္ ဝါရင့္သတင္းသမားေတြစုၿပီး ၂၀၁၇ မွာ စတင္ တည္ေထာင္ခဲ့တဲ့ ဒီသတင္းဌာနက သူတို႔ရဲ႕ သတင္းတင္ဆက္ မႈေတြကို အဂၤါေန႔ည သန္းေခါင္အခ်ိန္ကစၿပီး ပိတ္ပစ္မယ့္အေၾကာင္း တနဂၤေႏြေန႔က ႐ုတ္တရက္ ေၾကညာလိုက္တာပါ။ သူတို႔ အခုလို ဆုံးျဖတ္လိုက္ရတာဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း Stand News သတင္းဌာနကို လုံျခံဳေရးတပ္ဖြဲ႔ေတြက ဝင္ေရာက္ စီးနင္းခဲ့တဲ့အတြက္ ျဖစ္တယ္ဆိုတာကို ဆိုပါတယ္။

Stand News သတင္းဌာနကို ေဟာင္ေကာင္ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းခဲ့တာကို ေထာက္ခံေၾကာင္း တ႐ုတ္အစိုးရရဲ႕ ေထာက္ခံမႈနဲ႔ ေရြးေကာက္ တင္ေျမွာက္ခံထားၾကတဲ့ ေဟာင္ေကာင္ ဥပေဒျပဳလႊတ္ေတာ္အမတ္ ၉၀ ရွိတဲ့အထဲက ၈၉ ေယာက္က ႀကိဳဆိုေၾကာင္း ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဟောင်ကောင်မှာ တတိယမြောက် သတင်းဌာနတခုလုပ်ငန်းရပ်နား

ဟောင်ကောင်ကျွန်းက CitizenNews သတင်းဌာနဝန်ထမ်းတွေက သတင်းလွတ်လပ်ခွင့် လျော့နည်းလာတဲ့အခြေအနေကို ပြောကြားပြီး သူတို့ သတင်းစာတိုက်ကို ဒီကနေ့ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်သတင်းဌာနက သတင်းထောက်တွေ ဖမ်းဆီးခံရတာ မြင်တွေ့ရတဲ့အတွက် သူတို့အနေနဲ့လည်း ဘေးကင်း လုံခြုံမှုရှိတယ်လို့ မခံစားရကြောင်း ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာ Follower ၈ သိန်းလောက်ရှိပြီး ဟောင်ကောင်မှာ နံမည်ကြီး လူကြိုက်များတဲ့ သတင်းဌာနတွေထဲ တခုအပါအဝင်ဖြစ်တဲ့ CitizenNews ဟာ တရုတ်အစိုးရက ဆန့်ကျင်သူတွေကို ဖိနှိပ် ချေမှုန်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတာကြောင့် မကြာသေးခင် ကာလတွေအတွင်း ပိတ်ပစ်လိုက်ရတဲ့ သတင်းဌာနတွေထဲ တတိယမြောက် သတင်းဌာနဖြစ်ပါတယ်။

အများပြည်သူရဲ့ ကူညီပံ့ပိုးမှုနဲ့ ဘက်မလိုက်တဲ့ သတင်းဌာနအဖြစ် ဝါရင့်သတင်းသမားတွေစုပြီး ၂၀၁၇ မှာ စတင် တည်ထောင်ခဲ့တဲ့ ဒီသတင်းဌာနက သူတို့ရဲ့ သတင်းတင်ဆက် မှုတွေကို အင်္ဂါနေ့ည သန်းခေါင်အချိန်ကစပြီး ပိတ်ပစ်မယ့်အကြောင်း တနင်္ဂနွေနေ့က ရုတ်တရက် ကြေညာလိုက်တာပါ။ သူတို့ အခုလို ဆုံးဖြတ်လိုက်ရတာဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Stand News သတင်းဌာနကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့တဲ့အတွက် ဖြစ်တယ်ဆိုတာကို ဆိုပါတယ်။

Stand News သတင်းဌာနကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာကို ထောက်ခံကြောင်း တရုတ်အစိုးရရဲ့ ထောက်ခံမှုနဲ့ ရွေးကောက် တင်မြှောက်ခံထားကြတဲ့ ဟောင်ကောင် ဥပဒေပြုလွှတ်တော်အမတ် ၉၀ ရှိတဲ့အထဲက ၈၉ ယောက်က ကြိုဆိုကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

#HongKong #ChinaMediaFreedom #CitizenNews #VOABUrmese #ဟောင်ကောင် #မီဒီယာ #သတင်းလွတ်လပ်ခွင့် #ဗွီအိုအေ

===========

XS
SM
MD
LG