သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်လွှတ်တော်အတည်ပြု


အီရန်၊ ရုရှား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရေး အထက်လွှတ်တော် အစည်းအဝေး။ မှတ်တမ်းပုံ။
အီရန်၊ ရုရှား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရေး အထက်လွှတ်တော် အစည်းအဝေး။ မှတ်တမ်းပုံ။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းက ဝင်ရောက် စွက်ဖက်ခဲ့တဲ့ ရုရှားနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

သမ္မတအနေနဲ့ အရေးယူမှုတွေ အပေါ် လျော့ပေါ့ပေးနိုင်ခွင့်ကိုလည်း အဲဒ ီ ဥပဒေကြမ်းထဲမှာ ကန့်သတ်ထားပါတယ်။ ရုရှားအပေါ် အရေးယူ ဆောင်ရွက်မှု တော်တော်များများ အပါအဝင် အီရန်နဲ့ မြောက်ကိုရီးယားတို့ အပေါ် အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေကြမ်းကို ထောက်ခံမဲ ၄၁၉ မဲ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။

အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ဒီ ၃ နိုင်ငံက ခြိမ်းခြောက်နေသလို သူတို့ရဲ့ ဒေသတွင်းမှာ မတည်ငြိမ်အောင် လုပ်နေတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ed Royce ကပြောကြားခဲ့ပါတယ်။ ပြင်းထန်တဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ အရေးယူမှုတွေ ချမှတ်နိုင်ဖို့ ဒီဥပဒေကြမ်းက အာမခံထားပြီး လွှတ်တော်ကသာ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ လျှော့ပေါ့သင့် မသင့်ဆုံးဖြတ်ခွင့်ရှိတယ်လို့ အမတ် Royce ကပြောပါတယ်။

သမ္မတ Trump ရဲ့ စည်းရုံးရေး တာဝန်ရှိသူတွေနဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု ရှိ၊ မရှိ လွှတ်တော်မှာ စုံစမ်းမှုတွေ လုပ်နေချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေ အပေါ် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ Republican နဲ့ Democrat ပါတီ ၂ ရပ်လုံးက လွှတ်တော်အမတ်တွေ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။၂ ဖက် လွှတ်တော်အမတ်တွေကြား ၁ လလောက်ကြာအောင် ညှိနှိုင်းမှုတွေ၊ ကျင့်ထုံးဆိုင်ရာ ကြန့်ကြာမှုတွေ ရှိခဲ့ပြီးနောက်မှာ ဥပဒေကြမ်းကို ပြင်ဆင် ရေးဆွဲခဲ့တာဖြစ်ပါတယ်။

အစောပိုင်း ပြင်ဆင်ခဲ့တဲ့ ဥပဒေကြမ်းကိုတော့ အထက်လွှတ်တော်မှာ June လထဲက တခဲနက် အတည်ပြုထားပြီး ဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို သမ္မတ Donald Trump ကလက်မှတ်ရေးထိုး ပြဌာန်းရမှာဖြစ်ပါတယ်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG