သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရာထူးမှ အနားယူမည်

အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ။
အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ။

ရီပါတ်ဗလီကင် ပါတီဝင်ဖြစ်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ဟာ အောက်တိုဘာလကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာဖြစ်ပါတယ်။ လွှတ်တေ်ာအမတ်တွေနဲ့ ဥက္ကဌ Boehner ရုံးကနေ ဒီကနေ့ သောကြာနေ့မှာ အခုလို ပြောဆိုတာပါ။

၁၉၉၀ ခုနှစ်ကတည်းက လွှတ်တော်အမတ်ဖြစ်လာခဲ့တဲ့ သူဟာ ကိစ္စရပ် အတော်များများနဲ့ ပါတ်သတ်ပြီး သူ့ရဲ့ရီပတ်ဗလီကင်ပါတီက ဖိအားပေးမှုတွေကို ခံနေရတာပါ။ လာမယ့် အပါတ်အတွင်း ပြည်ထောင်စုအစိုးရဌာန ရုံးလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ သူ့ရဲ့ ဆန့်ကျင်ဘက် ရီပတ်ဗလီကင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးကို သူဟာ ဒီကနေ့မှာ တက်ရောက်ခဲ့ပါသေးတယ်။

အမေရိကန်ဖွဲ့စည်းပုံအရ သမ္မတနဲ့ ဒုသမ္မတ ပြီးလျင် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်ပြည်ထောင်စုမှာ တတိယ အာဏာအရှိဆုံးဖြစ်ပြီး သမ္မတနဲ့ ဒု သမ္မတ လစ်လပ်သွားလျင် သမ္မတ တာဝန်ကို ထမ်းဆောင်ရမယ့်သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG