ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ဟာ ပြည်နယ်အရေး သပ်သပ်မဟုတ် ဘဲ ပြည်ထောင်စု အရေး ဖြစ်တာကြောင့် အစိုးရအနေနဲ့ ထင်သာမြင်သာရှိရှိ ကိုင်တွယ်ဆောင်ရွက် သွားဖို့ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ လိုအပ်သလို လုံခြုံရေးအခြေအနေတွေကိုလည်း ဆောင်ရွက်သွားဖို့ လိုမယ်လို့ ဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ပုသိမ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးရေးကော်မတီကနေပြီးတော့ ကြေညာချက်တရပ် ထုတ်ပြန်ရာမှာ ဘာများထူးခြားမှု ရှိပါသလဲခင်ဗျာ။
ဖြေ။ ။ အဓိက ဘာအချက်လည်းဆိုတော့ ရခိုင်ပြည်နယ်အရေးပဋိပက္ခကိစ္စက ရခိုင်ပြည်နယ်အရေးသပ်သပ်မဟုတ်ဘူး။ ပြည်ထောင်စုအရေးဖြစ်တယ်ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်လူပ်ရှားနေသူတွေ၊ အားပေးနေတဲ့သူတွေ၊ အကြမ်းဖက်တဲ့သူတွေ၊ ဥပဒေချိုးဖောက်သူတို့ လူ့အခွင့်အရေးချိုးဖောက်သူတို့ကိုလည်း တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့ စစ်ဆေးပြီးတော့ အရေးယူပြီး စီရင်ဆုံးဖြတ်တာကို ပြည်သူလူထု ကို ပွင့်လင်းမြင်သာစွာ အသိပေးရမှာပေါ့။
နောက်တခုက ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရရဲ့ တိကျပြတ်သားတဲ့ မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူလူထုနဲ့ ချပြဖို့လိုအပ်တယ်ပေါ့နော်။
အဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရက မည်သို့မည်ပုံ ကိုင်တွယ်နေတယ်ဆိုတာကို ပြည်သူလူထုကိုလည်း ရှင်းလင်းအသိပေးသင့်တယ်ပေါ့။
ပြီးတဲ့အခါကျတော့ လူသားချင်းထောက်ထားတဲ့ စာနာမှု အကူအညီတွေကို လိုအပ်သူအားလုံးအတွက် နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ နည်းလမ်းများနဲ့ အမြန်ဆုံးရအောင် စီစဉ်ပေးဖို့ပေါ့။
နောက်တချက်က နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာ နှစ်နိုင်ငံစလုံးရဲ့ အစိုးရတွေမှာ တာဝန်ရှိတယ်ပေါ့နော်။ ဒါတနိုင်ငံတည်းအပေါ်မှာပဲ ပုံချလို့မရဘူးပေါ့။ နယ်စပ်ထိစပ်နေတဲ့ နှစ်နိုင်ငံစလုံးက ဥပဒေနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ပေါ့။
နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း စနစ်တကျနဲ့ လုံလုံခြုံခြုံရှိအောင် နှစ်ဘက်စလုံးကနေ အထူးလိုအပ်တယ်ပေါ့။
မေး။ ။ လက်တွေ့ကျကျနဲ့ လျှင်လျှင်မြန်မြန်ဆောင်ရွက်ဖို့ဆိုတာက လုံခြုံရေးတိုးမြှင့်ဖို့ လိုအပ်ပါသလား။
ဖြေ။ ။ လုံခြုံရေးက အရေးကြီးတယ်ဆိုတဲ့အဆိုကို ၂၆ရက်နေ့ တင်ကတည်းက ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လုံခြုံရေးတိုးမြှင့်ဖို့ဆိုတာက လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်တာ။ လုံခြုံရေးအခြေအနေတိုးမြှင့်တာ ဒါပဲ။
မေး။ ။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ရော ကော်မတီအနေနဲ့ ဘယ်လိုများသုံးသပ်မိသလဲ။ အဓိကကတော့ တရားဥပဒေစိုးမိုးမှုထောင့်ကနေ ဘယ်လိုများ သုံးသပ်မိပါသလဲ။
ဖြေ။ ။ တရားဥပဒေနဲ့အညီ ဥပဒေရှိတဲ့အတိုင်း ဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါက ဒီလောက်အထိ ဖြစ်မလာဘူးလေ။ တရားဥပဒေစိုးမိုးမှုမရှိလို့ ဒီလိုဖြစ်သွားတာကိုး။
မေး။ ။ အဲ့တာက အာဏာပိုင်ပေါ်မှာပဲ တာဝန်ရှိသလား၊ တခြားဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ယူဆလဲခင်ဗျ။
ဖြေ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ကတော့ အဓိကကတော့ နိုင်ငံတော်အစိုးရက တာဝန်ယူ ထားတာပေါ့။ အုပ်ချုပ်ရေးအပိုင်းကတော့ သို့သော်လည်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင်တော့ အားလုံးမှာ တာဝန်ရှိတာပေါ့။ တဘက်နိုင်ငံမှာ တာဝန်ရှိတာပဲ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံးမှာလည်း တာဝန်ရှိတာပဲ။
မေး။ ။ နယ်ခြားလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံနှစ်ဘက်အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စမျိုးတွေနဲ့ ပတ်သက်လို့ အသေးစိတ် ကော်မတီထဲမှာ စကားပြောဖြစ်တာ၊ ဆွေးနွေးဖြစ်တာရော ရှိပါသလားခင်ဗျာ။
ဖြေ။ ။ တဘက်နယ်စပ် လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က ဒီကော်မတီ ထဲမှာတော့ မဟုတ်ဘူးပေါ့နော်။ ကော်မတီရော၊ သဘောထားထုတ်ပြန်မှုမှာပါတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖြစ်တာရှိပါတယ်။
ကိုသားညွန့်ဦးတင်ပြပေးခဲ့တာပါ။