သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၄၀ကျော် ဘားအံထောင်ဖောက်ပြေး


ဘားအံအကျဉ်းထောင် ( တင်ထူးဝေ)
ဘားအံအကျဉ်းထောင် ( တင်ထူးဝေ)

ကရင်ပြည်နယ်၊ ဘားအံမြို့အကျဉ်းထောင်ထဲ အကျဉ်းကျနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ အပါအဝင် ရာဇဝတ်မူ ၊ လက်နက်မှု မူယစ်ဆေးဝါးမှုတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသား ၄၀ကျော် စက်တင်ဘာ ၁၆ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ထောင်ဖောက်ထွက်ပြေးသွားကြပါတယ်။ ထောင်တွင်း အကျဉ်းထောင် ဝန်ထမ်းမောင်းနှင်နေတဲ့ အမှှိုက်သိမ်းယာဉ်ကို ယူဆောင်မောင်းနှင်ပြီး ထွက်ပြေးသွားကြတာပါ။ ထောင်ဖောက်ပြေးသူတချို့ကို ပြန်ဖမ်းမိထားပေမဲ့ အများစုကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ အခြေအနေ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေက အကျဉ်းသားတွေအပါအဝင် ရာဇဝတ်မူတွေနဲ့ အကျဉ်းကျနေသူ ၄၀ကျော်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ထောင်ဖောက်ပြေးခဲ့ကြောင်းကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူးသိန်းဇော်မင်းကပြောပြပါတယ်။

ဖြေ ။ ။၄၆ ယောက်တဲ့သေချာတယ် ၄၆ယောက်လို့ပြောတယ်။

မေး။ ။ဘယ်အချိန်ထွက်ပြေးတာလဲ

ဖြေ။ ။၈နာရီ ၂၀ နဲ့ ၄၀အတွင်းမှာ။

မေး။ ။ဘယ်လိုမျိုးပြေးတာလဲ ထောင်ဖောက်ပြေးတာလား

ဖြေ။ ။ထောင်ဖောက်ပြေးတာအဲဒီက ပြီးတော့အမှိုက်ကားကို ပြန်ပေးဆွဲပြီးထွက်သွားတယ်

မေး။ ။သူတို့ကို အခုကော ပြန်ဖမ်းမိပြီလား။

ဖြေ။ ။အခုထိတော့ မဖမ်းမိသေးဘူး အခုတော့ တပ်က အဲဒီထောင်ကို ထိန်းချုပ်ထားတယ်

မေး။ ။ထွက်ပြေးတဲ့အထဲမှာနိုင်ငံရေး အမူတွေကောပါလား။ ရာဇဝတ်အကျဉ်းသားတွေပဲလား

ဖြေ ။ ။ရာဇဝတ်အကျဉ်းသားပဲမဟုတ်ဘူး ငြိမ်းချမ်းရေးအဖွဲ့ တွေဘာတွေပါတယ်။ မူးယစ်ဆေးဝါးမူ ၊ လက်နက်မူတွေလည်းပါတယ် လူစုံပဲပေါ့။

အခုအကျဉ်းသားတွေထွက်ပြေးမူတာ ဟုတ်မှန်ကြောင်း ဘားအံရဲစခန်းကအတည်ပြုပါတယ်။

ကရင်ပြည်နယ်အတွင်းက ထောင်ထဲကအမှိုက်သယ်ယာဉ်မောင်းနှင်တဲ့ အကျဉ်းထောင်ဝန်ထမ်းကို ကားပေါ်ကနေ တွန်းချထိုးကြိတ်ပြီး အမှိုက်ကားမော်တော်ယာဉ်ကို ယူဆောင်ပြီး ၊ အကျဉ်းထောင်တံခါးတွေကို တိုက်ဖွင့် ထွက်ပြေးခဲ့ကြလို့ဆိုပါတယ်။ ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးကနေ အဲဒီကားဟာ လှိုင်းဘွဲ့မြို့ဘက်ကို ထွက်ပြေးသွားခဲ့တယ်ဆိုပါတယ်။ ထွက်ပြေးသွားတဲ့သူတချိုကိုတော့ ညနေပိုင်းမှာ ပြန်ဖမ်းမိတယ်လို့ ဆိုပေမဲ့အများစုကတော့ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း ဘာအံမြို့က တာဝန်ရှိသူတွေကဆိုပါတယ်။ ကရင်ပြည်နယ်ထဲမှာတော့အခုလို မျိုးထောင်ဖောက်ပြေးမူတွေက မကြာခနဆိုသလို ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG