သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံထောင်ဖောက်ပြေးသူ ၁၈ဦး ဖမ်းဆီးရမိ


ဘားအံထောင်( တင်ထူးဝေ)
ဘားအံထောင်( တင်ထူးဝေ)

ကရင်ပြည်နယ်၊ ဘားအံမြို့အကျဉ်းထောင် ထဲကနေ မနေ့က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက ၁၇ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး၊ တဦးကိုတော့ အသေရမိတယ်လို့ ဘားအံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထွက်ပြေးခဲ့တဲ့ အရေအတွက် ၄၁ ယောက်ရှိပြီး အဲဒီအထဲမှာ အကျဉ်းကျနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်အချို့နဲ့ လက်နက်မှု မူယစ်ဆေးဝါးမှုတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသားတွေပါဝင်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက သတင်းထောက်မေခက ပေးပို့ထား ပါတယ်။

မနေ့ကဘားအံမြို့အကျဉ်းထောင်ကနေထွက်ပြေးခဲ့တဲ့ အကျဉ်းသား၄၁ ယောက်ဟာ အကျဉ်းထောင်ဝန်ထမ်း မောင်း နှင်နေတဲ့အမှှိုက်သိမ်းကားးကို လုယူမောင်းနှင်ရင်း ဂိတ်တခါးကိုတိုက်ဖျက်ပြီးထွက်ပြေးသွားခဲ့တာပါ။

ထွက်ပြေးသွားသူတွေ ထဲမှာ အပြစ်ကျတရားခံ၂၉ဦးနဲ့အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ဦးပါဝင်ပါတယ်။

မနေ့ကညအထိ၁၄ဦး ပြန်လည်ဖမ်းဆီးရခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ နောက်ထပ်၃ဦးထပ်ဖမ်းနိုင်ခဲ့တာကြောင့် ညနေပိုင်းအထိ၁၇ဦး ဖမ်းဆီးမိတဲ့အကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။အကျဉ်းထောင်ဖောက် ထွက်ပြေးသူတွေထဲက ခေါင်းဆောင်ဖြစ်တယ်လို့အစိုးရဘက်က သံသရရှိထားတဲ့သူ ကျော်မိန်လ(ခေါ်) အရှောင်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရခဲ့တဲ့အကြောင်းကိုတော့ ဘားအံ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ကရင်ပြည်နယ်အစိုးရ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက လက်ရှိဖမ်းဆီးရမိ တာနဲ့ပတ်သတ်လို့ အခုလိုပြောပြသွားတာပါ။

"ခုခံတာမို့ ပစ်လိုက်တာမို့ ထိပြီးဆုံးသွားတာပေါ့။ လက်ရှိအခြေအနေကတော့ အခုစုစုပေါင်း ၁၈ ယောက်ပဲ မိသေးတယ်။ လုံခြုံရေးပိုင်းကတော့ သက်ဆိုင်ရာ ရဲ စစ်တပ်ပေါင်းပြီး သက်ဆိုင်ရာဂိတ် တွေမှာနေရာယူဝင်ပေါက်ထွက်ပေါက်တွေမှာ အကုန်လုံးပိတ်ထားတယ်ပေါ့။ လောလောဆယ် ၁၈ ယောက်ဘဲမိသေးတယ်။ နောက်တယောက်လဲ နည်းနည်းဒဏ်ရာရတယ်လို့ ကြားထားတယ်။ အဲ ၁၈ယောက်ထဲမှာပေါ့နော်။ ဆေးရုံမှာပေါ့။ တယောက်က ဆုံးတယ်။ တယောက်က ဒဏ်ရာနဲ့ပေါ့။ ၁၈ယောက်ပေါ့ စုစုပေါင်း"

သေဆုံးသူရဲ့အလောင်းကို ဘားအံဆေးရုံမှ ာရင်ခွဲစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ကျော်မိန်လ(ခေါ်) အရှောင်ဟာ ပုဒ်မပေါင်းများစွာနဲ့ ထောင်ဒဏ်လွတ်ရက်မရှိကျခံ နေရသူဖြစ်တယ်လို့လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကတာဝန်ရှိသူ တဦးကတော့ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို ကရင်ပြည်နယ်အတွင်း နေရာတော်တော်များပိတ်ပြီး လိုက်လံရှာဖွေနေတယ်လို့ ပြောပါတယ်။

"အကြမ်းဖျင်းကတော့သူတို့ပြောသလို ကားနဲ့ ဒီလိုတိုက်ပြီးသွားတာဘဲ ဖြစ်စဉ်ကတော့ပေါ့။ ဒီကြားထဲ ဘယ်သူနဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာကတော့ ကျနော်တို့ စစ်ဆေးမေးမြန်းတာလုပ်နေ တယ်ပေါ့နော်။ မကြာခင်သက်ဆိုင်ရာ ရုံးချုပ်ကနေ ထုတ်ပြန်သွားမှာပါ။ နှစ်ကြီးကောနှစ်ငယ်ကောသူ တို့အခွင့်အရေးရလို့ လုပ်သွားတာပေါ့နော်. ဒီကသွားမယ့်လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ လုပ်နေ တာပေါ့လေ။ ဘုမသိဘမသိထွက်သွားတဲ့ကောင်တွေ ရှာဖွေတုန်းဖမ်းတုန်းဘဲ။"

ထွက်ပြေးသွားသူတွေဟာ ထိုင်းနယ်စပ်တလေ ျှာက်ကနေ တဖက် နိုင်ငံဘက်ထွက်ပြေးသွားနိုင်တာကြောင့် နယ်စပ်တလေ ျှာက်ပိတ်ဆို့ရှာဖွေနေသလို၊ နယ်စပ်လုံခြုံရေးကိုတင်းကျပ်ထားတယ်လို့ ဘားအံ့ဒေသခံတွေ ကဆိုပါတယ်။လုံခြုံရေးအဖွဲ့ဝင် တွေနဲ့ နယ်မြေခံတပ်မတော်သားတွေက ပူးပေါင်းပြီးလမ်းတံတားဂိတ်တွေကို ပိတ်ဆို့ရှာဖွေဖမ်းဆီးနေတဲ့ အကြောင်း လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG