သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေကာင္စီဟာ လူသားထုအေပၚရာဇဝတ္မႈက်ဴးလြန္ဟု HRW စြပ္စြဲ


ရန္ကုန္၊ကမာရြတ္ၿမိဳ႕နယ္က ဆႏၵျပသူေတြကို ဖမ္းဆီးေနစဥ္။ (မတ္လ ၁၃၊ ၂၀၂၁)

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ ေျခာက္လအတြင္း လူထုအေပၚ စစ္ေကာင္စီရဲ႕ က်ဴးလြန္မႈေတြဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈေျမာက္တယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ (HRW) က ဒီကေန႔ေျပာပါတယ္။

"အာဏာသိမ္းတဲ့အေပၚ အႀကီးအက်ယ္ ဆန႔္က်င္ကန႔္ကြက္ၾကတာကို စစ္ေကာင္စီက သတ္ျဖတ္၊ ႏွိပ္စက္၊ တရားလက္လြတ္ဖမ္းဆီးၿပီး တု႔ံျပန္ခဲ့ပါတယ္။ ဒီလူထုဟာ ၿပီးခဲ့တဲ့ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္ကို ေလးစားအသိအမွတ္ျပဳဖို႔နဲ႔ လူထုဆႏၵကိုထင္ဟပ္တဲ့ အစိုးရတရပ္ကို လိုခ်င္႐ုံသက္သက္ပါ" လို႔ HRW ရဲ႕အာရွေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Brad Adams ကေျပာပါတယ္။

"လူထုအေပၚ တိုက္ခိုက္မႈေတြဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေျမာက္ၿပီး က်ဴးလြန္သူေတြကို အေရးယူသင့္ပါတယ္" လို႔လည္း ေျပာပါတယ္။

ကေလးငယ္ ၇၅ ေယာက္ထက္မနည္းအပါအဝင္ ဆႏၵျပသူေတြသာမက ဆႏၵျပပြဲနဲ႔မဆိုင္သူေတြပါ ေသဆုံးရတာ အေယာက္ ၉၀၀ ေက်ာ္ထိရွိလာတာ၊ လူအေယာက္ ၁၀၀ ေက်ာ္ လက္စေဖ်ာက္ခံခဲ့ရတာ၊ ဖမ္းဆီးခံထားရခ်ိန္အတြင္း ႏွိပ္စက္ညႇဥ္းပန္းခံရတာနဲ႔ လိင္ပိုင္း မေတာ္မတရားျပဳမူခံရတာ၊ လူေထာင္ေပါင္းမ်ားစြာ တရားလက္လြတ္ ဖမ္းဆီးထိန္းသိမ္းခံထားရတာ စတဲ့လုပ္ရပ္ေတြကို HRW က ေထာက္ျပထားပါတယ္။

စစ္ေကာင္စီအေနနဲ႔ ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာမ်ိဳးမလုပ္ဖို႔ ကုလသမဂၢနဲ႔ HRW လို ႏိုင္ငံတကာအဖြဲ႕အစည္းေတြအျပင္ ႏိုင္ငံအမ်ားအျပားကပါ ေတာင္းဆိုေနၾကေပမယ့္လည္း စစ္ေကာင္စီဘက္ကေတာ့ ဆက္လုပ္ေနဆဲပါပဲ။

ဒီကေန႔မနက္ပိုင္းကပဲ မႏၲေလးမွာ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ ဆႏၵျပပြဲကို စစ္တပ္က အရပ္ကားနဲ႔လာၿပီး ၿဖိုခြဲတာေၾကာင့္ ဆႏၵျပသူ တဦးထက္မနည္း အဖမ္းခံခဲ့ရပါတယ္။ ဒါ့အျပင္ ျမေတာင္သပိတ္စစ္ေၾကာင္းမွာပါတဲ့ လူငယ္ေတြ ရွိေနတဲ့အိမ္ကို စစ္တပ္ကဝင္ပစ္ၿပီး ၆ ေယာက္ထက္မနည္းကို ဖမ္းဆီးသြားပါတယ္။

မေန႔ကလည္း ရန္ကုန္က လူငယ္ေတြရဲ႕ဆႏၵျပပြဲတခုကို အရပ္ဝတ္ လက္နက္ကိုင္ေတြက ပစ္ခတ္တာေၾကာင့္ တဦးဒဏ္ရာရၿပီး သုံးေယာက္ထက္မနည္းကို စစ္တပ္က ဖမ္းသြားခဲ့ပါတယ္။

အဲဒီလို အၾကမ္းဖက္ၿဖိဳခြဲတာေတြ ဆက္ရွိေနတဲ့ၾကားမွာပဲ ကန္႔ကြက္ဆႏၵျပပြဲေတြကလည္း ေဒသတခ်ဳိ႕မွာ ဆက္ရွိေနတုန္းပါပဲ။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

အာဏာသိမ်းစစ်ကောင်စီဟာ လူသားထုအပေါ်ရာဇဝတ်မှုကျူးလွန်ဟု HRW စွပ်စွဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ခြောက်လအတွင်း လူထုအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဒီကနေ့ပြောပါတယ်။

"အာဏာသိမ်းတဲ့အပေါ် အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်ကြတာကို စစ်ကောင်စီက သတ်ဖြတ်၊ နှိပ်စက်၊ တရားလက်လွတ်ဖမ်းဆီးပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒီလူထုဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်ကို လေးစားအသိအမှတ်ပြုဖို့နဲ့ လူထုဆန္ဒကိုထင်ဟပ်တဲ့ အစိုးရတရပ်ကို လိုချင်ရုံသက်သက်ပါ" လို့ HRW ရဲ့အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams ကပြောပါတယ်။

"လူထုအပေါ် တိုက်ခိုက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး ကျူးလွန်သူတွေကို အရေးယူသင့်ပါတယ်" လို့လည်း ပြောပါတယ်။

ကလေးငယ် ၇၅ ယောက်ထက်မနည်းအပါအဝင် ဆန္ဒပြသူတွေသာမက ဆန္ဒပြပွဲနဲ့မဆိုင်သူတွေပါ သေဆုံးရတာ အယောက် ၉၀၀ ကျော်ထိရှိလာတာ၊ လူအယောက် ၁၀၀ ကျော် လက်စဖျောက်ခံခဲ့ရတာ၊ ဖမ်းဆီးခံထားရချိန်အတွင်း နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ လိင်ပိုင်း မတော်မတရားပြုမူခံရတာ၊ လူထောင်ပေါင်းများစွာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရတာ စတဲ့လုပ်ရပ်တွေကို HRW က ထောက်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာမျိုးမလုပ်ဖို့ ကုလသမဂ္ဂနဲ့ HRW လို နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် နိုင်ငံအများအပြားကပါ တောင်းဆိုနေကြပေမယ့်လည်း စစ်ကောင်စီဘက်ကတော့ ဆက်လုပ်နေဆဲပါပဲ။

ဒီကနေ့မနက်ပိုင်းကပဲ မန္တလေးမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို စစ်တပ်က အရပ်ကားနဲ့လာပြီး ဖြိုခွဲတာကြောင့် ဆန္ဒပြသူ တဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် မြတောင်သပိတ်စစ်ကြောင်းမှာပါတဲ့ လူငယ်တွေ ရှိနေတဲ့အိမ်ကို စစ်တပ်ကဝင်ပစ်ပြီး ၆ ယောက်ထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

မနေ့ကလည်း ရန်ကုန်က လူငယ်တွေရဲ့ဆန္ဒပြပွဲတခုကို အရပ်ဝတ် လက်နက်ကိုင်တွေက ပစ်ခတ်တာကြောင့် တဦးဒဏ်ရာရပြီး သုံးယောက်ထက်မနည်းကို စစ်တပ်က ဖမ်းသွားခဲ့ပါတယ်။

အဲဒီလို အကြမ်းဖက်ဖြိုခွဲတာတွေ ဆက်ရှိနေတဲ့ကြားမှာပဲ ကန့်ကွက်ဆန္ဒပြပွဲတွေကလည်း ဒေသတချို့မှာ ဆက်ရှိနေတုံးပါပဲ။

#MyanmarMilitaryCoup #MyanmarViolence #MyanamrCrimesAgainstHumanity #HRW #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG