သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းပင္လယ္ေကြ႕မွာျမဳပ္သြားတဲ့ ထိုင္းေရတပ္သေဘၤာအတြက္ ရွာေဖြ ကယ္ဆယ္ေရးေဆာင္ရြက္ေန


Thailand Ship Sinking

[[Unicode]]

ထိုင္းပင္လယ္ေကြ႕မွာ ထိုင္းေရတပ္စစ္သေဘၤာတစင္း နစ္ျမဳပ္သြားတာေၾကာင့္ တျခားသေဘၤာနဲ႔ ရဟတ္ယာဥ္ေတြ ကူညီကယ္ဆယ္ေရးလုပ္ေဆာင္ေနၾကပါတယ္။ အခုခ်ိန္ထိ ထိုင္းေရတပ္က သေဘၤာသား ၇၅ ေယာက္ကို ကယ္တင္လိုက္ႏိုင္ၿပီး ၃၁ ေယာက္ကို ဆက္လက္ရွာေဖြေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

HTMS Sukhothai လို႔ နာမည္ရၿပီး ေပါ့ပါးျမန္ဆန္တဲ့ Corvette စစ္သေဘၤာအမ်ိဳးအစားဟာ တနဂၤေႏြေန႔ညက ေလျပင္းေၾကာင့္ ပင္လယ္ေရေတြ ကုန္းပတ္ေပၚတက္လာၿပီး သေဘၤာရဲ႕ မီးေပးစနစ္ျပတ္ေတာက္သြားခဲ့ရပါတယ္။ လွ်ပ္စစ္မီးမရေတာ့တဲ့အတြက္ ပင္လယ္ေရေတြ သေဘၤာဝမ္းဗိုက္ထဲပိုဝင္သြားၿပီး သေဘၤာတိမ္းေစာင္း၊ နစ္ျမဳပ္သြားတာျဖစ္ပါတယ္။

စစ္သေဘၤာဟာနစ္ျမဳပ္ခ်ိန္မွာ Prachuap Khiri Khan ခ႐ိုင္ Bangsaphan ေဒသထဲမွာရွိတဲ့ ဆိပ္ကမ္းကေန ၃၂ ကီလိုမီတာအကြာ ပင္လယ္ထဲ ကင္းလွည့္ေနတာျဖစ္ပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ ေတာ္ဝင္ထိုင္းေရတပ္က ရွာေဖြ ကယ္ဆယ္ေရးလုပ္ဖို႔ Frigate သေဘၤာ ၃ စင္းနဲ႔ ရဟတ္ယာဥ္ ၂ စင္း စလႊတ္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာ အေအးဆုံး ရာသီဥတုကိုႀကဳံေနရခ်ိန္ ေတာင္ပိုင္းအစြန္မွာေတာ့ မုန္တိုင္းေတြ ေရႀကီးမႈေတြနဲ႔ ႀကဳံေနရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ထိုင်းပင်လယ်ကွေ့မှာမြုပ်သွားတဲ့ ထိုင်းရေတပ်သင်္ဘောအတွက် ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေ

ထိုင်းပင်လယ်ကွေ့မှာ ထိုင်းရေတပ်စစ်သင်္ဘောတစင်း နစ်မြုပ်သွားတာကြောင့် တခြားသင်္ဘောနဲ့ ရဟတ်ယာဉ်တွေ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြပါတယ်။ အခုချိန်ထိ ထိုင်းရေတပ်က သင်္ဘောသား ၇၅ ယောက်ကို ကယ်တင်လိုက်နိုင်ပြီး ၃၁ ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

HTMS Sukhothai လို့ နာမည်ရပြီး ပေါ့ပါးမြန်ဆန်တဲ့ Corvette စစ်သင်္ဘောအမျိုးအစားဟာ တနင်္ဂနွေနေ့ညက လေပြင်းကြောင့် ပင်လယ်ရေတွေ ကုန်းပတ်ပေါ်တက်လာပြီး သင်္ဘောရဲ့ မီးပေးစနစ်ပြတ်တောက်သွားခဲ့ရပါတယ်။ လျှပ်စစ်မီးမရတော့တဲ့အတွက် ပင်လယ်ရေတွေ သင်္ဘောဝမ်းဗိုက်ထဲပိုဝင်သွားပြီး သင်္ဘောတိမ်းစောင်း၊ နစ်မြုပ်သွားတာဖြစ်ပါတယ်။

စစ်သင်္ဘောဟာနစ်မြုပ်ချိန်မှာ Prachuap Khiri Khan ခရိုင် Bangsaphan ဒေသထဲမှာရှိတဲ့ ဆိပ်ကမ်းကနေ ၃၂ ကီလိုမီတာအကွာ ပင်လယ်ထဲ ကင်းလှည့်နေတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တော်ဝင်ထိုင်းရေတပ်က ရှာဖွေ ကယ်ဆယ်ရေးလုပ်ဖို့ Frigate သင်္ဘော ၃ စင်းနဲ့ ရဟတ်ယာဉ် ၂ စင်း စလွှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အအေးဆုံး ရာသီဥတုကိုကြုံနေရချိန် တောင်ပိုင်းအစွန်မှာတော့ မုန်တိုင်းတွေ ရေကြီးမှုတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။

XS
SM
MD
LG