သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလဆုံးျဖတ္ခ်က္အေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူေတြအျမင္


ဆြစ္ဇလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ က်င္းပတဲ့ လူ႔အခြင့္အေရးေကာင္စီညီလာခံျမင္ကြင္း။ (ဓာတ္ပံု - UN Web TV - ဇြန္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံအေရး ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ႕ အျမင္ႏွင့္ သုံးသပ္ခ်က္ေတြကို ေျပာျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ဆြစ္ဇလန္ႏိုင္ငံ ဂ်နီဗာမွာ က်င္းပတဲ့ ၄၃ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ကို တနလာၤေန႔က အတည္ျပဳခဲ့ပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ ဖိႏွိပ္မႈေတြကို ေျဖရွင္းဖို႔ ရည္႐ြယ္ထားၿပီးေတာ့ တရားမွ်တမႈနဲ႔ တာဝန္ခံမႈ ရွိေရးကို ေတာင္းဆိုထားတာပါ။ ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့အေပၚမွာလည္း ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်ပါတယ္။ ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးဦးကေတာ့ ကုလသမဂၢရဲ႕ ဒီဆုံးျဖတ္ခ်က္ကို လက္မခံဘူးလို႔ ေျပာခဲ့ပါတယ္။

ညီမွ်ျခင္းျမန္မာရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ ျမန္မာႏို္င္ငံအေနနဲ႔ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာ စိုးရိမ္ေနတဲ့ လူ႔အခြင့္အေရး အေျခအေနေတြကို အခုကာလမွာကို မေျဖရွင္းႏိုင္ရင္ေနာက္ပိုင္းမွာ ပိုၿပီး ေျဖရွင္းရခက္လာႏိုင္တယ္လို႔ သုံးသပ္ပါတယ္။ လက္ရွိ ျမန္မာမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ တိုးတက္မႈ ရွိလာတဲ့ ေနရာေတြရွိသလို တခ်ိဳ႕ေဒသေတြမွာေတာ့ ပိုမိုဆိုးဝါးလာေနတဲ့ အေျခအေနေတြ ရွိေနတုန္းျဖစ္ၿပီးေတာ့ ဒီလို လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြအတြက္လည္း ဥပေဒအရ ထိေရာက္တဲ့ တာဝန္ယူမႈေတြ မရွိဘူးလို႔ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မရွိပါဘူးဆိုတာကို က်ေနာ္တို႔က ျငင္းဆန္လို႔မရဘူးဗ်။ မရွိဘူးဆိုတဲ့ အခ်က္ကို ႏိုင္ငံတကာက လက္ခံလာေအာင္ ပူးေပါင္းေဆာင္႐ြက္မႈ သို႔မဟုတ္ သက္ေသအေထာက္အထား ခိုင္ခိုင္လုံလုံနဲ႔ ေျဖရွင္းႏိုင္ဖို႔ လိုအပ္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ဆီမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတယ္ဆိုတာ ဘယ္လိုမွ ျငင္းလို႔မရဘူး။ အရင္တုန္းကျဖစ္ခဲ့တဲ့ ေလွေပၚမွာ ရခိုင္ေတြကို ရခိုင္လူမ်ိဳးေတြကို AA နဲ႔ ဆက္သြယ္တယ္ဆိုၿပီးေတာ့ ႏွိပ္စက္ညႇဥ္းပန္းတာေတြက ဘယ္လိုမွ ျငင္းလို႔မရတဲ့ ကိစၥေတြ ျဖစ္တယ္။ ရွိေနရက္သားကို အားလုံးကလည္း ျမင္ေနရဲ႕သားနဲ႔ မရွိဘူးေျပာျခင္းကေတာ့ ေကာင္းမြန္တဲ့ ေျဖရွင္းခ်က္ မျဖစ္ႏိုင္ပါဘူးခင္ဗ်။ အဲ့ေတာ့ အစိုးရအေနနဲ႔ မရွိပါဘူး။ ျငင္းမဲ့အစား ဒီဟာမ်ိဳးေတြရွိေနတဲ့ထဲမွာ ဒီဟာကို ပေပ်ာက္ေအာင္ ဘယ္လိုမ်ိဳးေတြ လုပ္ေဆာင္ေနပါလဲ ဆိုတဲ့ အေၾကာင္းမ်ိဳးနဲ႔ ခ်ဥ္းကပ္ၿပီးေတာ့ ေျဖရွင္းဖို႔က ပိုၿပီးေတာ့ လက္ေတြ႕က်ပါလိမ့္မယ္။ တိုင္းျပည္အတြက္လည္း ပိုၿပီးေတာ့ အားေကာင္းပါလိမ့္မယ္။”

ခုေနာက္ပိုင္း ႏိုင္လြတ္လုံဥပေဒကို တြင္တြင္က်ယ္က်ယ္သုံးလာတာ၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ မီဒီယာေတြကို အေရးယူလာတာေတြဟာ သတင္းမီဒီယာလြတ္လပ္ခြင့္ကို ပိုၿပီးထိခိုက္လာေနတယ္လို႔ ဦးေအာင္မ်ိဳးမင္းက ဆိုပါတယ္။

ျမန္မာမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး တိုးတက္လာမႈ မရွိဘူးလို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဆုံးျဖတ္တာက ပကတိအေျခအေနကို ေဖာ္ျပတာျဖစ္တယ္လို႔ လူ႔အခြင့္အေရးတက္ႂကြ လႈပ္ရွားသူ မခ်ယ္ရီဇာေဟာင္းကလည္း ဆိုပါတယ္။ ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြမွာ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ၊ ရွိေနသလို ခုေနာက္ပိုင္းမွာ သတင္းမီဒီယာလြတ္လပ္ခြင့္ေတြပါ ထိခိုက္လာတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

“သံတမန္ေရးရာနဲ႔ သြားၿပီး ျငင္းတာမ်ိဳးမဟုတ္ဘဲနဲ႔ တကယ့္ လက္ေတြ႔မွာ ဥပေဒနဲ႔ လုပ္ျပလိုက္ရင္ ကုလကလည္း ဖိအားေပးေနစရာအေၾကာင္း မရွိဘူး။ ျမန္မာကေတာ့ ေတာက္ေရွာက္ျငင္းေနတာပဲ က်မ သိသေလာက္ မွတ္သေလာက္ဆိုရင္ ျမန္မာႏိုင္ငံက ကြၽန္မတို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္ပါတယ္။ က်မတို႔႔ ဒီလို ေကာင္းေအာင္ လုပ္ေဆာင္ပါ့မယ္ဆိုၿပီးေတာ့ သက္ေသနဲ႔တကြ ေကာင္းေကာင္းေလး ေျဖရွင္းတာမ်ိဳး မရွိခဲ့ဖူးဘူး။ လုပ္တယ္ဆိုရင္ေတာင္မွ ဟန္ျပေလာက္ပဲလုပ္တယ္။ တစ္ခုလုပ္ၿပီးရင္ ေနာက္ထပ္ ႏွစ္ခု၊ သုံးခုေလာက္က ျပႆနာေတြ တက္လာတယ္။ ဒါမ်ိဳးပဲ ျမန္မာႏိုင္ငံက။ အဲ့ဒါေၾကာင့္ က်မတို႔ကို လူ႔အခြင့္အေရးေကာင္စီကေန အထူးလုပ္ေဆာင္သူဆိုတာကို ထပ္ၿပီးေတာ့ တိုးေနရတာျဖစ္တယ္။ အကယ္လို႔ ျမန္မာမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ မရွိေတာ့ဘူး၊ လူ႔အခြင့္အေရးတိုးတက္လာၿပီ ဆိုလို႔ရွိရင္ ဒီဟာကိုလည္း ဆက္ၿပီးေတာ့ ထားစရာမရွိေတာ့ဘူး။”

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္မွာ ရခိုင္ျပည္နယ္အေရး အပါအဝင္ ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရးအေျခအေနေတြမွာ တိုးတက္မႈမရွိတာေတြကို ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ကေတာ့ ရခိုင္ျပည္နယ္အေရးအပါအဝင္ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ေျဖရွင္းေနေၾကာင္းႏွင့္ အထူးသျဖင့္ ကပ္ေရာဂါကာလမွာ ေနာက္ထပ္ႀကဳံေနရတဲ့ စိန္ေခၚမႈေတြကိုပါ ရင္ဆိုင္ေက်ာ္လႊားေနရေၾကာင္း တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ကုလဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေ အမြင်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမြင်နှင့် သုံးသပ်ချက်တွေကို ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တနလာၤနေ့က အတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားပြီးတော့ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိရေးကို တောင်းဆိုထားတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးဦးကတော့ ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။

ညီမျှခြင်းမြန်မာရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာစိုးရိမ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အခုကာလမှာကို မဖြေရှင်းနိုင်ရင်နောက်ပိုင်းမှာ ပိုပြီး ဖြေရှင်းရခက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ မြန်မာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုရှိလာတဲ့ နေရာတွေရှိသလို တချို့ဒေသတွေမှာတော့ ပိုမိုဆိုးဝါးလာနေတဲ့ အခြေအနေတွေ ရှိနေတုန်းဖြစ်ပြီးတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက်လည်း ဥပဒေအရ ထိရောက်တဲ့ တာဝန်ယူမှုတွေ မရှိဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှု မရှိပါဘူးဆိုတာကို ကျနော်တို့က ငြင်းဆန်လို့မရဘူးဗျ။ မရှိဘူးဆိုတဲ့ အချက်ကို နိုင်ငံတကာက လက်ခံလာအောင် ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ အရင်တုန်းကဖြစ်ခဲ့တဲ့ လှေပေါ်မှာ ရခိုင်တွေကို ရခိုင်လူမျိုးတွေကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေက ဘယ်လိုမှ ငြင်းလို့မရတဲ့ ကိစ္စတွေ ဖြစ်တယ်။ ရှိနေရက်သားကို အားလုံးကလည်း မြင်နေရဲ့သားနဲ့ မရှိဘူးပြောခြင်းကတော့ ကောင်းမွန်တဲ့ ဖြေရှင်းချက် မဖြစ်နိုင်ပါဘူးခင်ဗျ။ အဲ့တော့ အစိုးရအနေနဲ့ မရှိပါဘူး ငြင်းမဲ့အစား ဒီဟာမျိုးတွေရှိနေတဲ့ထဲမှာ ဒီဟာကို ပပျောက်အောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်နေပါလဲ ဆိုတဲ့ အကြောင်းမျိုးနဲ့ ချဉ်းကပ်ပြီးတော့ ဖြေရှင်းဖို့က ပိုပြီးတော့ လက်တွေ့ကျပါလိမ့်မယ်။ တိုင်းပြည်အတွက်လည်း ပိုပြီးတော့ အားကောင်းပါလိမ့်မယ်။”

ခုနောက်ပိုင်း နိုင်လွတ်လုံဥပဒေကို တွင်တွင်ကျယ်ကျယ်သုံးလာတာ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ မီဒီယာတွေကို အရေးယူလာတာတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိုပြီးထိခိုက်လာနေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မြန်မာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်လာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်တာက ပကတိအခြေအနေကို ဖော်ပြတာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ မချယ်ရီဇာဟောင်းကလည်း ဆိုပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ရှိနေသလို ခုနောက်ပိုင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေပါ ထိခိုက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“သံတမန်ရေးရာနဲ့ သွားပြီး ငြင်းတာမျိုးမဟုတ်ဘဲနဲ့ တကယ့် လက်တွေ့မှာ ဥပဒေနဲ့ လုပ်ပြလိုက်ရင် ကုလကလည်း ဖိအားပေးနေစရာအကြောင်း မရှိဘူး။ မြန်မာကတော့ တောက်ရှောက်ငြင်းနေတာပဲ ကျမ သိသလောက် မှတ်သလောက်ဆိုရင် မြန်မာနိုင်ငံက ကျွန်မတို့ လူ့အခွင့်အရေးချိုးဖောက်ပါတယ်။ ကျမတို့ ဒီလို ကောင်းအောင် လုပ်ဆောင်ပါ့မယ်ဆိုပြီးတော့ သက်သေနဲ့တကွ ကောင်းကောင်းလေး ဖြေရှင်းတာမျိုး မရှိခဲ့ဖူးဘူး။ လုပ်တယ်ဆိုရင်တောင်မှ ဟန်ပြလောက်ပဲလုပ်တယ်။ တစ်ခုလုပ်ပြီးရင် နောက်ထပ် နှစ်ခု၊ သုံးခုလောက်က ပြဿနာတွေ တက်လာတယ်။ ဒါမျိုးပဲ မြန်မာနိုင်ငံက။ အဲ့ဒါကြောင့် ကျမတို့ကို လူ့အခွင့်အရေးကောင်စီကနေ အထူးလုပ်ဆောင်သူဆိုတာကို ထပ်ပြီးတော့ တိုးနေရတာဖြစ်တယ်။ အကယ်လို့ မြန်မာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိတော့ဘူး၊ လူ့အခွင့်အရေးတိုးတက်လာပြီ ဆိုလို့ရှိရင် ဒီဟာကိုလည်း ဆက်ပြီးတော့ ထားစရာမရှိတော့ဘူး။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေမှာ တိုးတက်မှုမရှိတာတွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်အရေးအပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေကြောင်းနှင့် အထူးသဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ကျော်လွှားနေရကြောင်း တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG