သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႔အျဖစ္ ေၾကညာဖို႔လိုလား (အစာငတ္ခံ ျမန္မာေက်ာင္းသား-လန္ဒန္)


လန္ဒန္ျမဳိ႕ Westminister တံတားေပၚမွာ (၇၂)နာရီၾကာ အစာငတ္ခံ ဆႏၵျပေနသူမ်ား၊

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈနဲ႔ဖမ္းဆီးၿပီးေနာက္ ေသဆုံးသြားရတဲ့ လုပ္ရပ္ေတြဟာ ၿဗိတိန္ႏိုင္ငံမွာ ျပဌာန္းထားတဲ့ ဥပေဒသတ္မွတ္ခ်က္နဲ႔ ၿငိစြန္းေနတာေၾကာင့္ျမန္မာစစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ေၾကညာၿပီး ျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြလုပ္ေပးဖို႔ ၿဗိတိန္နဲ႔ အိုင္ယာလန္မွာ ပညာသင္ၾကားေနၾကတဲ့ ျမန္မာေက်ာင္းသားမ်ားသမဂၢက ေတာင္းဆိုထားပါတယ္။ လန္ဒန္ျမဳိ႕ Westminister တံတားေပၚမွာ (၇၂)နာရီၾကာ အစာငတ္ခံ ဆႏၵျပေတာင္းဆိုေနတဲ့ ျမန္မာေက်ာင္းသားမ်ားသမဂၢအဖြဲ႔ဝင္ (၃)ဦးထဲက သမဂၢဥကၠဌျဖစ္သူ ကိုေက်ာ္မင္းဟန္ကို ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းရာမွာ သူက ခုလို စတင္ေျဖၾကားပါတယ္။

ကိုေက်ာ္မင္းဟန္ ။ ။အဓိကေတာ့ျမန္မာစစ္ေကာင္စီကို ၿဗိတိန္ရဲ႕ Terrorism Act 2000 အရ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ၿဗိတိန္အစိုးရက ေၾကညာေပးဖို႔နဲ႔ က်ေနာ္တို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ အဲဒီအခ်က္အျပင္ ထပ္တိုး ေတာင္းဆိုခ်က္အေနနဲ႔ ယူေက(UK)မွာ ေရာက္ေနၿပီး အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မျပန္ႏိုင္ ျဖစ္ေနသူေတြကိုေပါ့ေနာ္ အကာအကြယ္ေပးေရး Protection Visa ထုတ္ေပးဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ဟုတ္ကဲ့ ၊ ၿဗိတိန္အစိုးရက ခ်မွတ္ထားတဲ့ Terrorism Actျပဌာန္းခ်က္ထဲမွာ ျမန္မာစစ္ေကာင္စီက ဘယ္လိုအခ်က္ေတြနဲ႔ ညိေနတာမို႔လို႔ ဒါမ်ဳိး ေတာင္းဆိုေနရ တာပါလဲ။

ကိုေက်ာ္မင္းဟန္ ။ ။Terrorism Act 2000 ရဲ႕ အဓိပၸါယ္ ဖြင့္ဆိုခ်က္နဲ႔ကို ညိ ေနတာ ျဖစ္ပါတယ္။ အဲဒီ ဥပေဒမွာ အၾကမ္းဖက္အဖြဲ႔အစည္းဆိုတာကို သူက ဘယ္လို ဖြင့္ဆိုထားသလဲ ဆိုေတာ့ - လူအမ်ားကို ျပင္းထန္စြာ ထိခိုက္နာက်င္ေစေသာ အၾကမ္းဖက္မႈ၊ ဒါမွမဟုတ္ ပစၥည္းဥစၥာ ပိုင္ဆိုင္မႈကို အႀကီးအက်ယ္ ပ်က္စီးေစျခင္း ၊ ဒါမွမဟုတ္ လူတဦးတေယာက္၏ အသက္ကို အႏၲရာယ္ျပဳျခင္း ၊ ျပည္သူလူထု၏ က်န္းမာေရး သို႔မဟုတ္ လုံျခဳံစိတ္ခ်ရမႈအတြက္ ႀကီးေလးေသာအႏၲရာယ္ ျဖစ္ေပၚေစျခင္း ၊ ေသနတ္ သို႔မဟုတ္ ေပါက္ကဲြစက္မ်ားကို အသုံးျပဳျခင္း ... အဲဒါေတြကို လုပ္ေဆာင္ခဲ့ေသာ္ Terrorism Act ရဲ႕ ဥပေဒေအာက္တြင္ က်ေရာက္သည္လို႔ သူက ေရးထားတယ္။ ဒါ့အျပင္ ဤဥပေဒေအာက္တြင္ ယူေကႏိုင္ငံအတြင္းရွိ အၾကမ္းဖက္ အဖြဲ႔အစည္းမ်ားသာမက အျခားႏိုင္ငံေတြမွာရွိတဲ့ အဖြဲ႔အစည္းမ်ားကိုပါ ေၾကညာပိုင္ခြင့္ ရွိသည္လို႔ သူက ျပဌာန္းထားပါတယ္ခင္ဗ်။ အဲဒီအတြက္ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြဟာ Terrorism Act ရဲ႕ ဥပေဒေအာက္မွာ က်ေရာက္ေနတာ ျဖစ္ပါတယ္။ အားလုံးလည္း သိၾကပါတယ္ က်ေနာ္တို႔ ဒီေန႔ရရွိတဲ့ သတင္းအရဆိုရင္ အာဏာသိမ္းၿပီးခ်ိန္ကေန ဒီကေန႔ထိ လူေပါင္း (၇၅၁)ေယာက္က အေၾကာင္းမဲ့ အသတ္ခံထားရပါတယ္။ ၿပီးေတာ့ လူေပါင္း (၄၄၀၀)ေက်ာ္က အဖမ္းခံခဲ့ရပါတယ္။ ၿပီးေတာ့ အေၾကာင္းမဲ့ ေသဒဏ္ေပးထားသူေတြလည္း ရွိေနပါတယ္။ ၈ ႏွစ္အရြယ္ ကေလးငယ္ေလးေတြေတာင္မွ အပစ္သတ္ ခံေနရပါတယ္။ အဲဒီဟာေတြက လုံးဝကို လူမဆန္တဲ့ လုပ္ရပ္ေတြပါ ။ ဒီအေၾကာင္းျပခ်က္ေတြ အကုန္လုံးနဲ႔ ညိ ေနပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ အခုလို အစာငတ္ခံ ေတာင္းဆိုခ်က္ေတြကို စဥ္းစား လိုက္ေလ်ာေပးလာမယ္ဆိုရင္ Terrorism Act အရေပါ့ .. ျမန္မာစစ္ေကာင္စီအေပၚ ဘယ္လိုမ်ဳိး အေရးယူမႈေတြ က်ေရာက္လာမွာပါလဲ ခင္ဗ်။

ကိုေက်ာ္မင္းဟန္ ။ ။အဓိက ကေတာ့ စစ္တပ္ရဲ႕ ပိုက္ဆံေတြေပါ့ေနာ္၊ ဘဏ္စာရင္းနဲ႔ ဝင္ေငြလမ္းေၾကာင္း access ေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ က်ေနာ္တို႔က လိုလားေနတာပါ။ အဲဒီလိုျဖစ္ဖို႔ဆိုရင္ Terrorism Access Freezing Act 2010 ဆိုတာ ထပ္ရွိပါတယ္။ အဲဒီဟာကို အသက္ဝင္ဖို႔ဆိုရင္ Terrorism Act 2000 အရ အရင္ဆုံး အၾကမ္းဖက္အဖြဲ႔အစည္း ျဖစ္ေၾကာင္း သတ္မွတ္ေၾကညာေပးရပါတယ္။ အဲဒီလို Declare လုပ္ၿပီးမွ Access Freezing Act က ေနာက္က လိုက္လာပါတယ္။ အဲဒီလို ေနာက္က လိုက္လာၿပီးတဲ့အခါက်မွ 'ယူေက'မွာရွိတဲ့ သူနဲ႔ဆက္ႏႊယ္တဲ့ ကုမၸဏီတခုခုကေသာ္ လည္းေကာင္း ၊ ပုဂၢဳိလ္ တဦးဦးကေသာ္လည္းေကာင္း ဆက္ႏႊယ္မႈရွိခဲ့ေသာ္ .. သူနဲ႔ ပတ္သက္တာ မွန္သမွ် တကမ႓ာလုံးမွာရွိတ့ဲ သူ႔ရဲ႕ ေငြဝင္လမ္းေတြ Access ေတြအကုန္လုံးကို ပိတ္သိမ္းႏိုင္မွာ ျဖစ္ပါတယ္။ Freeze လုပ္ႏိုင္တာ ျဖစ္ပါတယ္။အဲဒီအတြက္ေၾကာင့္မို႔လို႕ က်ေနာ္တို႔ ေတာင္းဆိုေနျခင္း ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ အဲဒီေတာ့ Westminister တံတားေပၚမွာ ခုလို အစာငတ္ခံ ဆႏၵျပေနတဲ့ ကိုေက်ာ္မင္းဟန္တို႔ဆီကို ၿဗိတိန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အရာရွိတဦးဦးပဲ ျဖစ္ျဖစ္ေပါ့ လာေရာက္ၿပီးေတာ့ ေမးျမန္းစုံစမ္းတာေတြေရာ ရွိပါၿပီလားခင္ဗ်။

ကိုေက်ာ္မင္းဟန္ ။ ။အခုထက္ထိေတာ့ မရွိေသးပါဘူးခင္ဗ်ာ။ အဲဒီအတြက္ က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ၿပီးေတာ့ ဧၿပီလ(၈)ရက္ေန႔မွာ ျမန္မာေက်ာင္းသားမ်ား သမဂၢအေနနဲ႔ စာပို႔ခဲ့ပါတယ္။ အဲဒီစာထဲမွာလည္း ၃ ရက္အတြင္း အေၾကာင္းမျပန္ပါက အစာငတ္ခံ ဆႏၵျပမယ္လို႔ ေျပာထားၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ ၿဗိတိန္နန္းေတာ္မွာ မင္းသားႀကီး ဖိလစ္ ကြယ္လြန္သြားတဲ့အတြက္ အဂၤလန္ႏိုင္ငံရဲ႕ ပူေဆြးဝမ္းနည္းတဲ့ကာလကို ေလးစားလိုက္နာတဲ့အေနနဲ႔ က်ေနာ္တို႔ (၂၀)ရက္ေန႔အထိ ထပ္ေစာင့္ခဲ့ပါတယ္။ အဲလိုနဲ႔ အေၾကာင္းတစုံတရာ ျပန္ၾကားျခင္း မရွိတဲ့အတြက္ ဧၿပီ(၂၄) မနက္(၉)နာရီကစၿပီး က်ေနာ္တို႔ ဒီတံတားေပၚမွာ အစာငတ္ခံ ဆႏၵျပေနျခင္း ျဖစ္ပါတယ္ခင္ဗ်။

ကိုဉာဏ္ဝင္းေအာင္ ။ ။ အခုလို အစာငတ္ခံ ဆႏၵျပေနတာကို ၿဗိတိန္ႏိ္ုင္ငံသားေတြက ဘယ္လိုမ်ဳိး တုန္႔ျပန္တာေတြ ေတြ႕ရပါသလဲဗ်။

ကိုေက်ာ္မင္းဟန္ ။ ။ဟုတ္ကဲ့ လာေရာက္ၿပီး အားေပးၾကပါတယ္။ သူတို႔ ဘာေတြကူညီႏိုင္မလဲလို႔ ေမးၾကပါတယ္။ က်ေနာ္တို႔မွာလည္း petition link ( အစိုးရကို ေမတၱာရပ္ခံ ပန္ၾကားလႊာ )ေတြ အမ်ားႀကီးရွိပါတယ္။ petition ကေတာ့ ဒီယူေက အစိုးရကို အြန္လိုင္းကေန တရားဝင္ေတာင္းဆိုတာေပါ့ ။ အဲဒီ petition မွာ လူအေယာက္ (၁ ေသာင္း)လက္မွတ္ျပည့္သြားရင္ သူတို႔ဥပေဒသတ္မွတ္ခ်က္အရ ဒီေတာင္းဆိုခ်က္ကို ပါလီမန္မွာ စတင္ေဆြးေႏြးေပးရပါတယ္။

တိုက္႐ိုက္ လင့္ခ္


= = = = = = = = = = = = = = = =

[ Unicode ]

မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာဖို့ လိုလား (အစာငတ်ခံ မြန်မာကျောင်းသား-လန်ဒန်)

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ဖမ်းဆီးပြီးနောက် သေဆုံးသွားရတဲ့ လုပ်ရပ်တွေဟာ ဗြိတိန်နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်နဲ့ ငြိစွန်းနေတာကြောင့်မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပေးဖို့ ဗြိတိန်နဲ့ အိုင်ယာလန်မှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားများသမဂ္ဂက တောင်းဆိုထားပါတယ်။ လန်ဒန်မြို့ Westminister တံတားပေါ်မှာ (၇၂)နာရီကြာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေတဲ့ မြန်မာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် (၃)ဦးထဲက သမဂ္ဂဥက္ကဌဖြစ်သူ ကိုကျော်မင်းဟန်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို စတင်ဖြေကြားပါတယ်။

ကိုကျော်မင်းဟန် ။ ။အဓိကတော့မြန်မာစစ်ကောင်စီကို ဗြိတိန်ရဲ့ Terrorism Act 2000 အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်အစိုးရက ကြေညာပေးဖို့နဲ့ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဲဒီအချက်အပြင် ထပ်တိုး တောင်းဆိုချက်အနေနဲ့ ယူကေ(UK)မှာ ရောက်နေပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင် ဖြစ်နေသူတွေကိုပေါ့နော် အကာအကွယ်ပေးရေး Protection Visa ထုတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ဟုတ်ကဲ့ ၊ ဗြိတိန်အစိုးရက ချမှတ်ထားတဲ့ Terrorism Actပြဌာန်းချက်ထဲမှာ မြန်မာစစ်ကောင်စီက ဘယ်လိုအချက်တွေနဲ့ ညိနေတာမို့လို့ ဒါမျိုး တောင်းဆိုနေရ တာပါလဲ။

ကိုကျော်မင်းဟန် ။ ။Terrorism Act 2000 ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ကို ညိ နေတာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေမှာ အကြမ်းဖက်အဖွဲ့အစည်းဆိုတာကို သူက ဘယ်လို ဖွင့်ဆိုထားသလဲ ဆိုတော့ - လူအများကို ပြင်းထန်စွာ ထိခိုက်နာကျင်စေသော အကြမ်းဖက်မှု၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို အကြီးအကျယ် ပျက်စီးစေခြင်း ၊ ဒါမှမဟုတ် လူတဦးတယောက်၏ အသက်ကို အန္တရာယ်ပြုခြင်း ၊ ပြည်သူလူထု၏ ကျန်းမာရေး သို့မဟုတ် လုံခြုံစိတ်ချရမှုအတွက် ကြီးလေးသောအန္တရာယ် ဖြစ်ပေါ်စေခြင်း ၊ သေနတ် သို့မဟုတ် ပေါက်ကွဲစက်များကို အသုံးပြုခြင်း ... အဲဒါတွေကို လုပ်ဆောင်ခဲ့သော် Terrorism Act ရဲ့ ဥပဒေအောက်တွင် ကျရောက်သည်လို့ သူက ရေးထားတယ်။ ဒါ့အပြင် ဤဥပဒေအောက်တွင် ယူကေနိုင်ငံအတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်းများသာမက အခြားနိုင်ငံတွေမှာရှိတဲ့ အဖွဲ့အစည်းများကိုပါ ကြေညာပိုင်ခွင့် ရှိသည်လို့ သူက ပြဌာန်းထားပါတယ်ခင်ဗျ။ အဲဒီအတွက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ Terrorism Act ရဲ့ ဥပဒေအောက်မှာ ကျရောက်နေတာ ဖြစ်ပါတယ်။ အားလုံးလည်း သိကြပါတယ် ကျနော်တို့ ဒီနေ့ရရှိတဲ့ သတင်းအရဆိုရင် အာဏာသိမ်းပြီးချိန်ကနေ ဒီကနေ့ထိ လူပေါင်း (၇၅၁)ယောက်က အကြောင်းမဲ့ အသတ်ခံထားရပါတယ်။ ပြီးတော့ လူပေါင်း (၄၄၀၀)ကျော်က အဖမ်းခံခဲ့ရပါတယ်။ ပြီးတော့ အကြောင်းမဲ့ သေဒဏ်ပေးထားသူတွေလည်း ရှိနေပါတယ်။ ၈ နှစ်အရွယ် ကလေးငယ်လေးတွေတောင်မှ အပစ်သတ် ခံနေရပါတယ်။ အဲဒီဟာတွေက လုံးဝကို လူမဆန်တဲ့ လုပ်ရပ်တွေပါ ။ ဒီအကြောင်းပြချက်တွေ အကုန်လုံးနဲ့ ညိ နေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုလို အစာငတ်ခံ တောင်းဆိုချက်တွေကို စဉ်းစား လိုက်လျောပေးလာမယ်ဆိုရင် Terrorism Act အရပေါ့ .. မြန်မာစစ်ကောင်စီအပေါ် ဘယ်လိုမျိုး အရေးယူမှုတွေ ကျရောက်လာမှာပါလဲ ခင်ဗျ။

ကိုကျော်မင်းဟန် ။ ။အဓိက ကတော့ စစ်တပ်ရဲ့ ပိုက်ဆံတွေပေါ့နော်၊ ဘဏ်စာရင်းနဲ့ ဝင်ငွေလမ်းကြောင်း access တွေကို ထိန်းချုပ်နိုင်ဖို့ ကျနော်တို့က လိုလားနေတာပါ။ အဲဒီလိုဖြစ်ဖို့ဆိုရင် Terrorism Access Freezing Act 2010 ဆိုတာ ထပ်ရှိပါတယ်။ အဲဒီဟာကို အသက်ဝင်ဖို့ဆိုရင် Terrorism Act 2000 အရ အရင်ဆုံး အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ကြောင်း သတ်မှတ်ကြေညာပေးရပါတယ်။ အဲဒီလို Declare လုပ်ပြီးမှ Access Freezing Act က နောက်က လိုက်လာပါတယ်။ အဲဒီလို နောက်က လိုက်လာပြီးတဲ့အခါကျမှ 'ယူကေ'မှာရှိတဲ့ သူနဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတခုခုကသော် လည်းကောင်း ၊ ပုဂ္ဂိုလ် တဦးဦးကသော်လည်းကောင်း ဆက်နွှယ်မှုရှိခဲ့သော် .. သူနဲ့ ပတ်သက်တာ မှန်သမျှ တကမ္ဘာလုံးမှာရှိတဲ့ သူ့ရဲ့ ငွေဝင်လမ်းတွေ Access တွေအကုန်လုံးကို ပိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ Freeze လုပ်နိုင်တာ ဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ Westminister တံတားပေါ်မှာ ခုလို အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုကျော်မင်းဟန်တို့ဆီကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦးဦးပဲ ဖြစ်ဖြစ်ပေါ့ လာရောက်ပြီးတော့ မေးမြန်းစုံစမ်းတာတွေရော ရှိပါပြီလားခင်ဗျ။

ကိုကျော်မင်းဟန် ။ ။အခုထက်ထိတော့ မရှိသေးပါဘူးခင်ဗျာ။ အဲဒီအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ပြီးတော့ ဧပြီလ(၈)ရက်နေ့မှာ မြန်မာကျောင်းသားများ သမဂ္ဂအနေနဲ့ စာပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာလည်း ၃ ရက်အတွင်း အကြောင်းမပြန်ပါက အစာငတ်ခံ ဆန္ဒပြမယ်လို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်နန်းတော်မှာ မင်းသားကြီး ဖိလစ် ကွယ်လွန်သွားတဲ့အတွက် အင်္ဂလန်နိုင်ငံရဲ့ ပူဆွေးဝမ်းနည်းတဲ့ကာလကို လေးစားလိုက်နာတဲ့အနေနဲ့ ကျနော်တို့ (၂၀)ရက်နေ့အထိ ထပ်စောင့်ခဲ့ပါတယ်။ အဲလိုနဲ့ အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိတဲ့အတွက် ဧပြီ(၂၄) မနက်(၉)နာရီကစပြီး ကျနော်တို့ ဒီတံတားပေါ်မှာ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်ပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုလို အစာငတ်ခံ ဆန္ဒပြနေတာကို ဗြိတိန်နိုင်ငံသားတွေက ဘယ်လိုမျိုး တုန့်ပြန်တာတွေ တွေ့ရပါသလဲဗျ။

ကိုကျော်မင်းဟန် ။ ။ဟုတ်ကဲ့ လာရောက်ပြီး အားပေးကြပါတယ်။ သူတို့ ဘာတွေကူညီနိုင်မလဲလို့ မေးကြပါတယ်။ ကျနော်တို့မှာလည်း petition link ( အစိုးရကို မေတ္တာရပ်ခံ ပန်ကြားလွှာ )တွေ အများကြီးရှိပါတယ်။ petition ကတော့ ဒီယူကေ အစိုးရကို အွန်လိုင်းကနေ တရားဝင်တောင်းဆိုတာပေါ့ ။ အဲဒီ petition မှာ လူအယောက် (၁ သောင်း)လက်မှတ်ပြည့်သွားရင် သူတို့ဥပဒေသတ်မှတ်ချက်အရ ဒီတောင်းဆိုချက်ကို ပါလီမန်မှာ စတင်ဆွေးနွေးပေးရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG