သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း မာရီယာ ဒိုမီနီကန်နိုင်ငံ ဝင်ရောက်


ဟာရီကိန်း မာရီယာ Puerto Rico ဝင်ရောက်အပြီး ရေကြီး

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မာရီယာ ဝင်တိုက်သွားခဲ့တဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းမှာ ဒီကနေ့ ကြာသပတေးနေ့ မိုးတွေ အပြင်းအထန် ဆက် ရွာနေပါတယ်။ ကျွန်းတခုလုံး လျှပ်စစ်မီး ပျက်တောက်နေပြီး နေရာအတော်များများမှာ ရေကြီးနေသလို၊ လူတဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒီကနေ့မှာတော့ မုန်တိုင်းဟာ Dominican Republic ကျွန်းနိုင်ငံကို ဝင်ရောက်ခဲ့ပြီး Puerto Rico ကျွန်းလောက် မခံရပေမဲ့လို့လည်း အဲဒီမှာလည်း မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံနေရပါတယ်။

မာရီယာ မုန်တိုင်းဟာ ပေါ်တိုရီကိုကျွန်းမှာ နှစ်ပေါင်း ၉၀ နီးပါးအတွင်း အဆိုးရွားဆုံး တိုက်ခတ်တဲ့ ဟာရီကိန်း မုန်တိုင်း ဖြစ်ပါတယ်။ နေရာတခုနဲ့တခုအကြား အဆက်အသွယ်တွေ ပျက်တောက်နေတာကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို သေသေချာချာ သိရဖို့မလွယ်သေးပါဘူး။ ရထားသလောက် အချက်အလက်တွေ အရကတော့ အားတက်စရာမရှိဘူးလို့Puerto Rico အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ Abner Gomez က ပြောပါတယ်။

မုန်တိုင်းသွားရာ လမ်းတလျှောက်မှာ အရာဝတ္ထုအားလုံး ထိခိုက်ပျက်စီးသွားတာလို့ သူက ပြောပါတယ်။ ကျွန်းတလျှောက် ရာနဲ့ချီတဲ့ ခိုလုံရေးစခန်းတွေ ဖွင့်ထားပြီး မုန်တိုင်းဒဏ်သင့်သူ ၁၁,၀၀၀ ကျော် ခိုလုံနေကြ ရသလို၊ ကိုယ့်အိမ်မှာပဲ ကိုယ် မရရအောင် နေခဲ့ကြသူတွေလည်း ရှိပါတယ်။ မုန်တိုင်း မာရီယာကြောင့် တချို့နေရာတွေမှာ မိုးရေချိန် ၂၀ လက်မနီးပါး ရွာသွန်းခဲ့ဲပါတယ်။ တချို့နေရာတွေမှာ မိုးရေချိန် ၅၀ စင်တီမီတာအထိ ရွာသွန်းခဲ့ဲပြီး ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့် လျှပ်စစ်ဓာတ်အားလှိုင်းတွေ၊ တယ်လီဖုန်း တာဝါတိုင်တွေ ပြိုကျပျက်စီးပြီး အဆောက်အဦး ခေါင်မိုးတွေ လွှင့်ထွက်သွားခဲ့ပါတယ်။

ဟာရီကိန်း မာရီယာ ဒိုမီနီကန်နိုင်ငံ ဝင်ရောက်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG