သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maria ဟာရီကိန်းဒဏ် မုန်တိုင်းသင့် Caribbeanကျွန်းအချို့ အန္တရာယ်ထပ်ရှိ


ဟာရီကိန်း မုန်တိုင်း Maria
ဟာရီကိန်း မုန်တိုင်း Maria

ဟာရီကိန်း အာမာဒဏ်ခံခဲ့ရတဲ့ ဒေသ တချို့ဆီကို ဦးတည် ရွေ့လျားလာခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း Maria က ကာရစ်ဘီယံ ဒေသ Martinique နဲ့ Dominica တို့ကိုဒီကနေ့ တနလာၤနေ့ နှောင်းပိုင်းမှာ ဗဟိုပြု တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဟာရီကိန်း Maria က Leeward ကျွန်းတွေကို ရွေ့လျားလာတာနဲ့ အတူ လေတိုက်နှုန်း တနာရီကို အမြင့်ဆုံး ကီလိုမီတာ ၁၅၀ နှုန်းနဲ့ ရောက်မယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စောင့်ကြည့်ရေး ဌာနက ပြောဆိုထားတာပါ။ ဒါပေမယ့် ဒီကနေ့ တနလာၤနေ့မှာ မုန်းတိုင်း အရှိန်ပြင်းလာမယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာတော့ St. Kitts နဲ့ Nevis၊ Montserrat တို့ ဟာရီကိန်း မုန်တိုင်းဒဏ်ခံရနိုင်တယ်လို့ ခန့်မှန်းထားကြပြီး အမေရိကန်ပိုင် Vrigin Islands နဲ့ ဗြိတိန်ပိုင် Virgins Islands ၊ နောက် Anguilla နဲ့ စိန့်မာတင်တို့ကိုလည်း ဟာရီကိန်း စောင့်ကြည့်ဒေသတွေ အဖြစ် သတ်မှတ်ထားပါတယ်။

ဒီထဲက တချို့ကျွန်းတွေကတော့ ပြီးခဲ့တဲ့ တပတ် - ၁၀ ရက်လောက်တုန်းက ဟာရီကိန်း အာမာကြောင့် ပျက်စီး ဆုံးရှုံးခဲ့တဲ့ ဒေသတွေ ဖြစ်တယ်လို့လည်း မိုင်ယာမီ အမျိုးသား ဟာရီကိန်း စောင့်ကြည့်ရေး ဌာနက မိုးဇလ ပညာရှင် Dennis Feltgen က ဗွီအိုအေကို ပြောပါတယ်။ ဟာရီကိန်း အာမာဒဏ် သင့်ခဲ့တဲ့ အန်တီဂွာနဲ့ ဘာဗျူဒါတို့မှာတော့ အပူပိုင်း မုန်တိုင်း မာရီယာ အဆင့်နဲ့ ဝင်ရောက် တိုက်ခတ်ဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဘာဗျူဒါ ကျွန်းမှာတော့ ဟာရီကိန်း အာမာကြောင့် အဆောက်အအုံအားလုံး နီးပါး ပျက်စီးခဲ့ရပြီး လူတွေအားလုံးကိုလည်း ကျွန်းကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။ ဟာရီကိန်း အာမာကြောင့် ကာရစ်ဘီယံ ဒေသမှာ အနည်းဆုံး လူပေါင်း ၆၀ လောက် သေဆုံးခဲ့ရပြီး အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ကို ဝင်ရောက်တာမှာတော့ အနည်းဆုံး ၉ ဦး ထပ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG