သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Irma ဟာရီကိန်း မုန်တိုင်းဒဏ် ဖလော်ရီဒါ အပြင်းအထန်ခံရ


ဟာရီကိန်း Irma ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူဦးရေ ထူထပ်တဲ့ ဖလော်ရီဒါပြည်နယ်ကို တနင်္ဂနွေနေ့ အစောပိုင်းက ဝင်ရောက် တိုက်ခတ်တာမှာ ပြည်နယ်အနောက်ဘက်ပိုင်း မက္ကဆီကို ပင်လယ်ကွေ့ဒေသကို ဦးတည်ပြီး ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်ခဲ့သလို မိုးတွေလည်း သည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

မုန်တိုင်းဟာ ပြည်နယ်အောက်ပိုင်း Key West နဲ့ Miami မြို့တို့အပါအဝင် အတ္တလန္တိတ်သမုဒ္ဒယာ ကမ်းခြေတလျှောက်တို့မှာ ဝင်ရောက် တိုက်ခတ်ခဲ့ပြီးတဲ့နောက် ကုန်းတွင်းပိုင်းကို ရွေ့ရှားသွားခဲ့ပါတယ်။ မူလက အားအပြင်းဆုံး အဆင့် ၅ ရှိခဲ့တဲ့ ဟာရီကိန်း Irma ဟာ အခုချိန်မှာတော့ ပြင်းအား ၂ အဆင့်ကို လျော့ကျသွားပြီ ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းတလျှောက်မှာ မုန်တိုင်းဒဏ်ကြောင့် ရေကြီး ရေလျှံမှုတွေ ကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်း အရေးပေါ် ကယ်ဆယ်ရေး အရာရှိတွေက အကြိမ်ကြိမ် သတိပေးခဲ့ကြပါတယ်။

အောက်ပိုင်း Key West ဒေသကို တနင်္ဂနွေနေ့ မနက်အစောပိုင်း စတင်ဝင်ရောက် တိုက်ခတ်ခဲ့တာမှာ အခုချိန်မှာ လူဦးရေ ထူထပ် များပြားတဲ့ ပြည်နယ် အနောက်မြောက်ပိုင်း ကမ်းခြေဖြစ်တဲ့ အထက်ဘက်ကို တဖြည်းဖြည်း ရွေ့လျား တိုက်ခတ်နေပါတယ်။

အခုလို အင်အားပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကို ရာစုနှစ်တခုအတွင်း မကြုံရသေးတဲ့ ဖလော်ရီဒါပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းဒေသတလျှောက်မှာ ပျက်ဆီးဆုံးရှုံးမှု ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနိုင်ပါတယ်။

ဒီအတောအတွင်း တနင်္ဂနွေနေ့ အစောပိုင်းက ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Irma ဟာ ပျက်စီး ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်စေနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း လူဦးရေ တတိယအများဆုံး ပြည်နယ်အတွင်းက အကြီးမားဆုံး ပျက်ဆီး ဆုံးရှုံးခဲ့တဲ့ နေရာတွေကို အမြန်ဆုံး အကူအညီတွေ ပို့ပေးနိုင်ရေး ဦးစားပေး လုပ်ဆောင်ကြဖို့ သမ္မတ Donald Trump က ဗဟိုအစိုးရ အရာရှိတွေကို တနင်္ဂနွေနေ့က ညွန်ကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG