သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်းတွေကြောင့် ကန်စီးပွားတိုးနှုန်းလျော့နိုင်


ဆိုးရွားတဲ့ရာသီဥတုကြောင့် မိုင်ယာမီလေဆိပ်မှာ လုပ်ငန်းတွေ ရပ်လိုက်ရ။ ( စက်တင်ဘာ ၇-၂၀၁၇)
ဆိုးရွားတဲ့ရာသီဥတုကြောင့် မိုင်ယာမီလေဆိပ်မှာ လုပ်ငန်းတွေ ရပ်လိုက်ရ။ ( စက်တင်ဘာ ၇-၂၀၁၇)

Irma နဲ့ Harvey ဟာရီကိန်းမုန်တိုင်းတွေရဲ့ဒဏ်ကြောင့် အမေရိကန်စီးပွားရေး တိုးတက်မှုဟာ လအနည်းငယ် လျော့သွားနိုင် တယ်လို့ စီးပွားရေးဆိုင်ရာ ဆန်းစစ်လေ့လာတဲ့ IHS Markit ကုမ္ပဏီကပြောပါတယ်။ Imra မုန်တိုင်း ဖြတ်သွားပြီးချိန်ထိ လေ့လာသူတွေ သေချာပေါက် ပြောနိုင်ဦးမှာ မဟုတ်သေးဘူးလို့ Bankrate ကုမ္ပဏီက Mark Hamrick ကပြောပါတယ်။

Harvey မုန်တိုင်းတခုထဲနဲ့ကိုပဲ အမေရိကန်စီးပွားရေးဟာ တတိယသုံးလပတ်မှာ ဒဿမ ၅% ကျသွားနိုင်တယ်လို့ သူကပြောပါ တယ်။ Irma မုန်တိုင်းဒဏ်ကြောင့် သိသာတဲ့ ဆုတ်ယုတ်မှုဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့လဲ ဆိုပါတယ်။

ဖလော်ရီဒါပြည်နယ်တခုထဲဟာ အမေရိကန် ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ရဲ့ ၅% လောက်ရှိပြီး အမေရိကန် အလုပ်အကိုင် အားလုံးရဲ့ ၆% ရှိပါတယ်။ Harvye နဲ့ Irma မုန်တိုင်းတွေကြောင့် တတိယသုံးလပတ်မှာ အမေရိကန်စီးပွားရေး တိုးတက်မှုနှုန်း ခနတာ နှေးသွားဖွယ်ရှိတယ်လို့ PNC ဘဏ်ရဲ့ ထိပ်တန်းစီးပွားရေးပညာရှင် Gus Faucher ကပြောပါတယ်။ ဒါပေမဲ့လဲ ဒီနှစ် နှောင်းပိုင်းနဲ့ နောက်နှစ်အစောပိုင်းမှာ ပြန်တက်လာမယ်လို့ သူထင်တဲ့အကြောင်းပြောပါတယ်။

Irma ဟာရီကိန်းမုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေလဲ အထိနာနေပြီး ကာရစ်ဘီယံနဲ့ ဖလော်ရီဒါပြည်နယ်ကို အဝင်အထွက် လုပ်မယ့် လေယာဉ်ခရီးစဉ်ပေါင်း ၄,၆၀၀ ကို ပယ်ဖျက်ထားရပြီးပါပြီ။ ဆိုးရွားတဲ့ရာသီဥတုကြောင့် မိုင်ယာမီလေဆိပ်မှာ သောကြာ နေ့က လုပ်ငန်းတွေရပ်လိုက်ရပြီး အော်လန်းဒိုးမှာတော့ လေယာဉ်ခရီးစဉ်တွေအားလုံး စနေနေ့မှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG