သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတ္တလန္တိတ် သမုဒ္ဒရာမှာ အင်အားအကြီးဆုံး Irma မုန်တိုင်းဒဏ် Barbuda ကျွန်းအလူးအလဲခံ


ဟာရီကိန်း Irma ဝင်ရောက် တိုက်ခတ်နေတဲ့ ပေါ်တူရီကိုကျွန်း မြင်ကွင်း။
ဟာရီကိန်း Irma ဝင်ရောက် တိုက်ခတ်နေတဲ့ ပေါ်တူရီကိုကျွန်း မြင်ကွင်း။

သမိုင်းမှာ အပြင်းထန်ဆုံး အတ္တလန္တိတ် သမုဒ္ဒရာ မုန်တိုင်းကြီးဖြစ်တဲ့ ဟာရီကိန်း Irma တိုက်ခိုက်ခံရ ပြီးတဲ့နောက် ကာရေဘီယံ ပင်လယ်ထဲက Barbuda ကျွန်းဟာလုံး၀ အဆက်အသွယ် ပြတ်တောက် နေပါတယ်။ ဓါတ်အားပြတ်တောက်ပြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်စရာ နည်းလမ်းတွေ အားလုံး ကင်းမဲ့သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီ Irma ဟာရီကိန်း ကြောင့် စိန့်မာတင်နဲ့ စိန့်ဘာ့ ကျွန်းတွေ အပါအဝင် ပြင်သစ်ပိုင် အနောက် အိန္ဒိယ ကျွန်းစုမှာ အထိခိုက် အပျက်စီး ပြင်းထန်လိမ့်မယ်လို့ စိုးရိမ်နေကြောင်း ပြင်သစ်သမ္မတ အီမာနျူရယ် မာခရွန်းက ဆိုပါတယ်။ ဟာရီကိန်း အာမာ (Irma) နောက်ထပ် ဝင်ရောက်မှာကတော့ ပေါ်တူရီကို ဖြစ်ပြီး ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက စလို့ လေကြီးမိုးကြီး ကျရောက်နေပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့နယ်ပယ်တခုဖြစ်တဲ့ ပေါ်တူရီကိုဟာ လောလောဆယ်မှာ ဘဏ္ဍာရေး အခက်အခဲ ကြုံနေရပြီး တကျွန်းလုံး မီးပြတ်သွားခဲ့ရင် ပြန်လည်ပြင်ဆင်ဖို့ အနည်းဆုံး ၆ လ အချိန်ယူရလိမ့်မယ်လို့ ဆိုထားပါတယ်။

ပြင်းအား အဆင့် ၅ သတ်မှတ်ထားတဲ့ ဟာရီကိန်း အာမာ ဟာ တနာရီ ၂၉၅ ကီလိုမီတာ (မိုင်ပေါင်း ၁၈၀) နှုန်းနဲ့ တိုက်ခိုက်နိုင်ပါတယ်။ ဒီမုန်တိုင်းဟာ ဖလော်ရီဒါ တောင်ပိုင်းနဲ့ မိုင်ယာမီတို့ကို တနင်္ဂနွေနေ့မှာ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG