သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Irma မုန်တိုင်း အဆင့် ၅ သတိပေးချက်ထုတ်ပြန်


အင်အားပြင်း ဟာရီကိန်း မုန်တိုင်း အဆင့် ၅ လောက် ဖြစ်လာနိုင်တဲ့ မုန်တိုင်းတခုဟာ ကာရစ်ဘီယံကျွန်း ဒေသဖက်နဲ့ Florida ပြည်နယ် တောင်ပိုင်းဖက်ကို ဦးတည် လာနေပါတယ်။ Irma မုန်တိုင်းဟာ လေပြင်းတိုက်နှုန်း တနာရီကို ကီလိုမီတာ ၃၀၀ နီးပါးနဲ့ ရွှေ့လျား လာနေတာဖြစ်ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးလေတိုက်နှုန်း အတွက် စံချိန်တင်ထားပါတယ်။ မုန်တိုင်း အန္တရာယ်ကို ပေါ့ပေါတန်တန် မတွက်ကြဖို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒိုမီနီကန် သမ္မတနိုင်ငံ၊ အမေရိကန်ပိုင် Puerto Rico ကျွန်း၊ အမေရိကန်ပိုင် Virgin Island ကျွန်း၊ ဗြိတိန်ပိုင် Virgin Island ကျွန်းတွေမှာ ဟာရီကိန်း သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။ Antigua and Barbuda ကျွန်းနိုင်ငံ၊ Montserrat နဲ့ Guadeloupe ကျွန်းနိုင်ငံတွေကို အင်္ဂါနေ့ညပိုင်း ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မုန်တိုင်း ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဟာရီကိန်း Irma မုန်တိုင်း အဆင့် ၅ သတိပေးချက်ထုတ်ပြန်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG