သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Harvey တိုက်ခတ်အပြီး Houston မြို့မှာ ရေကြီးနေ


Harvey တိုက်ခတ်အပြီး Houston မြို့မှာ ရေကြီးနေ
Harvey တိုက်ခတ်အပြီး Houston မြို့မှာ ရေကြီးနေ

အမေရိကန်ပြည်ထောင်စုမှာ စတုတ္ထအကြီးဆုံး မြို့ဖြစ်တဲ့ Houston မြို့ရဲ့ နေရာအများစုဟာ ရေဖုံးလွှမ်းနေကြောင်းနဲ့ အပူပိုင်းမုန်တိုင်းအဖြစ်နဲ့ ပင်လယ်ကွေ့ကမ်းရိုးတမ်းကို တိုက်ခတ်ခဲ့တဲ့ Harvey ဟာရီကိန်း လေမုန်တိုင်း တိုက်ခတ် ရာလမ်းကြောင်းတလျှောက်မှာ မယုံကြည်နိုင်လောက်အောင်ကို မိုးသီးထန်စွာရွာသွန်းခဲ့ကြောင်း Texas ပြည်နယ် အုပ်ချုပ်ရေးမှုး Greg Abbott ကပြောပါတယ်။

ရေတွေတက်လာတာကြောင့် ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူတွေဟာ မြင့်တဲ့ အရပ်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာတက်ကြရသလို၊ ကယ်ဆယ်ရေးလုပ်သားတွေမှာလည်း အတောမသတ် အကူညီတောင်းခံသူတွေ ကို အကူညီပေးဖို့ ကြိုးစားနေကြရပါတယ်။ ရေတွေဟာ လမ်းမတွေပေါ်မှာ မြစ်သဖွယ်စီးဆင်းနေပြီး လှေတွေနဲ့ သွားလာနေကြရပါတယ်။

ကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်နေမှုတွေက လွန်ခဲ့တဲ့ ၁၂ နှစ်က New Oleans ကို အကြီးအကျယ် ပျက်စီးသွားအောင် တိုက်ခတ်ခဲ့တဲ့ Katrina ဟာရီကိန်းလေမုန်တိုင်းကို ပြန်ပြီး အမှတ်ရစေပါတယ်။ ရဟတ်ယာဉ်တွေက အနီးအနားမှာရှိတဲ့ ရေလွှမ်းနေတဲ့ အမြန်လမ်းမကြီးတွေပေါ်ကို ဆင်းသက်နေရပါတယ်။ တချို့လူတွေက kayaks လှေငယ်တွေ၊ ခနူးလှေတွေ၊ ဖေါင်တွေနဲ့ ထွက်ပြေးနေကြပါတယ်။

အခုချိန်အထိတော့ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး၊ သေဆုံးသူအရေအတွက် တိုးများလာဖွယ်ရှိနေပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ မုန်တိုင်းတိုက်ခတ်ပြီး ဘေးဒုက္ခရောက်နေကြတဲ့ နေရာကို အင်္ဂါနေ့မှာ သွားရောက်ဖို့ရှိကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ခရီးစဉ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အနှောက်ယှက် မဖြစ်စေဖို့ သေချာမှ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG