သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Harvey မုန်တိုင်းကြောင့် Texas မှာတဦးသေ


Harvey ဟာရီကိန်းမုန်တိုင်းကြောင့် Texas ပြည်နယ်မှာ မြုပ်နေတဲ့ ငါးဖမ်းလှေတစင်း (Aug. 26, 2017)
Harvey ဟာရီကိန်းမုန်တိုင်းကြောင့် Texas ပြည်နယ်မှာ မြုပ်နေတဲ့ ငါးဖမ်းလှေတစင်း (Aug. 26, 2017)

တက္ကဆက်စ်ပြည်နယ်၊ Rockport မြို့ကို သောကြာနေ့ညက Harvey ဟာရီကိန်းမုန်တိုင်း ဝင်တိုက်သွားပြီးတဲ့နောက် လူ တယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ Harvey ဟာရီကိန်းမုန်တိုင်းဟာ အခုတော့ အပူ ပိုင်းမုန်တိုင်းတခုဖြစ်သွားပါပြီ။

ကုန်းတွင်းပိုင်းကို မုန်တိုင်းဝင်သွားပြီးတဲ့နောက် သေဆုံးသူရဲ့အလောင်းကို တွေ့ခဲ့ရ တယ်လို့ မြို့တော်ဝန် C. J. Wax က စနေနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ သူကမပြောပေမဲ့ အိမ်မီးလောင်တာနဲ့ ဆက်စပ်ပြီး သေဆုံးတာလို့ ပြောပါတယ်။

မုန်တိုင်းဟာ ကုန်တွင်းပိုင်းကိုဝင်သွားပြီး အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ချလိုက်ပြီ ဖြစ်ပေမဲ့လဲ နောက်ထပ် သေဆုံးသူတွေ တွေ့လာဖို့် မျှော်လင့်ထားတယ်လို့ တက္ကဆက်စ်ပြည်နယ် တာဝန်ရှိသူတွေကပြောပါတယ်။

ကမ်းရိုးတန်းတလျှောက်က ဒေသတွေမှာ အပြင်းအထန် မိုးရွာနေဆဲဖြစ်တာမို့ ဆိုးဆိုး ရွားရွား ရေကြီးမယ့်အရေးက အဓိကစိုးရိမ် ချက်တခုအဖြစ် ရှိနေတုန်းပဲလို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbot က စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ကျနော်တို့ရဲ့ အကြီးမားဆုံး စိုးရိမ်ချက်က Corpus Christi မြို့ ပတ်ဝန်းကျင်ဒေသတွေမှာ မိုးရေချိန် လက်မ ၂၀ ကနေ ၃၀ အထိ ရွာနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ လက်ရှိမှာကိုပဲ မုန်တိုင်းကြောင့် တချို့နေရာတွေမှာ မိုးရေချိန် လက်မ ၂၀ နီးပါးရွာထားပြီးဖြစ်ပြီး ကီလိုမီတာ ၆၀၀ ရှည်လျားတဲ့ တက္ကဆက်စ် ကမ်းရိုးတန်း တလျှောက် မုန်တိုင်း ရွေ့သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Harvey မုန်တိုင်းကြောင့် Texas မှာတဦးသေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG