သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Irma ဟာရီကိန်းအခြေအနေ ဖလော်ရီဒါနယ်ခံ မြန်မာတဦးနဲ့မေးမြန်းချက်

Recently planted palm trees lie strewn across the road as Hurricane Irma passes by in Miami Beach, Floria, Spet. 10, 2017.
1/9 Recently planted palm trees lie strewn across the road as Hurricane Irma passes by in Miami Beach, Floria, Spet. 10, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Stranded motorists try to get back in their car after a breakdown as Hurricane Irma bears down on the Florida Keys, in Hialeah, Sept. 10, 2017.
2/9 Stranded motorists try to get back in their car after a breakdown as Hurricane Irma bears down on the Florida Keys, in Hialeah, Sept. 10, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Sailboats moored near Watson Island ride out the winds and waves as Hurricane Irma passes by in Miami Beach, Florida, Sept. 10, 2017.
3/9 Sailboats moored near Watson Island ride out the winds and waves as Hurricane Irma passes by in Miami Beach, Florida, Sept. 10, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
A fallen tree blocks Biscayne Blvd. as Hurricane Irma arrives in Hollywood, Florida, Sept. 10, 2017.
4/9 A fallen tree blocks Biscayne Blvd. as Hurricane Irma arrives in Hollywood, Florida, Sept. 10, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Waves crash over a seawall from Biscayne Bay as Hurricane Irma passes by in Miami, Florida, Sept. 10, 2017.
5/9 Waves crash over a seawall from Biscayne Bay as Hurricane Irma passes by in Miami, Florida, Sept. 10, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
A demonstrator is detained during protest against the COVID-19 restrictive measures at Old Town Square in Prague, Czech Republic.
6/9 A demonstrator is detained during protest against the COVID-19 restrictive measures at Old Town Square in Prague, Czech Republic.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Damaged buildings and fallen trees litter downtown Marigot, on the island of St. Martin, after the passing of Hurricane Irma, Sept. 9, 2017.
7/9 Damaged buildings and fallen trees litter downtown Marigot, on the island of St. Martin, after the passing of Hurricane Irma, Sept. 9, 2017.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Aerial view of devastation following Hurricane Irma at Bitter End in Virgin Gorda, British Virgin Islands, Sept. 8, 2017, is seen in this still image taken from social media video.
8/9 Aerial view of devastation following Hurricane Irma at Bitter End in Virgin Gorda, British Virgin Islands, Sept. 8, 2017, is seen in this still image taken from social media video.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
This undated photo provided on Sept. 10, 2017 by the British Ministry of Defense, shows the destruction in Road Town, Tortola, British Virgin Islands left by Hurricane Irma.
9/9 This undated photo provided on Sept. 10, 2017 by the British Ministry of Defense, shows the destruction in Road Town, Tortola, British Virgin Islands left by Hurricane Irma.
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
Previous slide
Next slide

အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။ ဖလော်ရီဒါပြည်နယ် အနှံ့အပြားမှာ မြန်မာလူမျိုးတွေ ရှိနေတာမို့၊ မြန်မာလူမျို းအသိုင်းအဝိုင်းအကြား အချင်းချင်းဆက်သွယ်ပြီး အပြန်အလှန်အကူအညီပေးမှုတွေလည်းရှိပါတယ်။ ဖလော်ရီဒါပြည်နယ် Davie မြို့မှာနေထိုင်နေတဲ့ ကိုကျော်မိုးသူကို မုန်တိုင်းနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ကိုကျော်မိုးသူတို့ အခု Davie မြို့ကိုစပြီးတော့ မုန်တိုင်းအခြေအနေပေါ့ ၊ မုန်တိုင်းက ဖလော်ရီဒါကို စဝင်နေပြီဆိုတော့ အခြေအနေကဘယ်လိုရှိပါသလဲခင်ဗျ။

ကိုကျော်မိုးသူ။ ။လေကတော့ အခု ညကတည်းက လေတွေကတညလုံးတိုက်နေတယ်၊ အရမ်းတော့ မကြမ်းဘူးပေါ့နော် ၇၀-၈၀ လောက်ပေါ့နော် မနေ့ညကတည်းကတော့ မီးပျက်သွားတယ်။

ကိုသားညွန့်ဦး။ ။ကိုကျော်မိုးသူတို့ပဲ မပြောင်းပဲနေတာလား၊ ကျန်တဲ့ မပြောင်းတဲ့လူတွေလည်းရှိလား အဲဒီမြို့မှာ။

ကိုကျော်မိုးသူ။ ။ကျနော်တို့က ကမ်းခြေနဲ့ဝေးတာဆိုတော့ ပြောင်းရမယ့်အထဲမှာ မပါဘူး။ ပြောင်းရမယ့်လူက beach နဲ့ နီးတဲ့ zone A, B, C သတ်မှတ်ထားတယ် zone Aကတော့ မပြောင်းမနေရပြောင်းရပါတယ်။

ကိုသားညွန့်ဦး။ ။ကိုကျော်မိုးသူတို့ရော ဘာတွေပြင်ဆင်ထားသလဲ။

ကိုကျော်မိုးသူ။ ။ကျနော်တို့ကတော့ ကိုယ်တိုင် ရေတွေဝယ်စုထားတယ်။ အစားအသောက်တွေကြိုပြီးဝယ်ထားတယ်၊ နောက်ပြီး မီးစက်တွေအဆင်သင့်ပြင်ထားတယ်။ မီးထွန်းဖို့အတွက် ဓါတ်ဆီတွေ ကြိုပြီးဝယ်ထားတယ်။ နောက်ပြီး အိမ်ပြတင်းပေါက်တွေအကုန်လုံးကို အလူမီနီယံ shutter တွေနဲ့ ကာထားတယ်။

ကိုသားညွန့်ဦး။ ။မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ တိတိကျကျ ခိုင်ခိုင်မာမာသတင်းအချက်အလက်တွေရော ကိုကျော်မိုးသူတို့ သိရပါသလား။

ကိုကျော်မိုးသူ။ ။မီးမပြတ်ခင်က TV ကြည့်နေတုန်းကတော့ ဘယ်လမ်းကြောင်းဘယ်သွားမယ်၊ ဘယ်အချိန်ဝင်မယ်ဆိုတာကတော့ သိပါတယ်။ ဘယ်အချိန် ဘယ်ကိုရောက်မယ်ဆိုတာကိုလည်း ကြေညာပေးနေပါတယ်။ အခုမီးပြတ်သွားတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် ရေဒီယိုကိုတော့ ဖွင့်ထားတယ် ဘက်ထရီကုန်သွားမှာစိုးလို့ ဖြေးဖြေးခြင်းနားထောင်နေရတာပေါ့နော်။ တချိန်လုံးတော့ နားမထောင်ဘူး။

ကိုသားညွန့်ဦး။ ။အဲဒီတော့ စိုးရိမ်စိတ်တွေရော ရှိကြသလား။ ကိုကျော်မိုးသူတို့ မစိုးရိမ်ဘူးလား အခုအနေအထားက။

ကိုကျော်မိုးသူ။ ။စိုးရိမ်တာပေါ့ အရင်ကလည်း ခံထားရတယ်ဆိုတော့ ၂၀၀၅ တုန်းကလည်း Wilma hurricane တုန်းက အိမ်အမိုးတွေ ပျက်စီးသွားတယ် ။ ကားဂိုဒေါင်တံခါးတွေ ပျက်စီးသွားတယ်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ အခုအနေအထားရော ဘယ်လောက်အထိ ထိခိုက်ပျက်စီးတာတွေ ရှိနိုင်မလဲ။ မှန်းထားတာတွေရှိပါသလား။

ကိုကျော်မိုးသူ။ ။ ကျနော်တို့ဆီမှာတော့ Hurricane eye က direct ရိုက်တာမဟုတ်ဘူးဆိုတော့ Wilma တုန်းကလောက်တော့ အပျက်အဆီးမရှိဘူးထင်တာပဲ။ ဒါပေမယ့် ရာသီဥတုဆိုတာကတော့ ပြောလို့မရဘူးလေ။

ကိုသားညွန့်ဦး။ ။အခုတခြား ဒီပတ်ဝန်းကျင်မှာပေါ့နော် ရဲအာဏာပိုင်တွေဖြစ်စေ တခြား ဒေသအာဏာပိုင်တွေ ရော သူတို့ဆောင်ရွက်ချက်တွေ မြင်ရလား၊ ဘာတွေလုပ်ပေးနေသလဲ ဘာတွေလုပ်နေကြလဲ။

ကိုကျော်မိုးသူ။ ။ လောလောဆယ်မှာတော့ ကျနော်တို့ ကောင်တီမှာတေ့ာ့ ရွှေ့ရမယ့်လူတွေ မရွှေ့နိုင်ရင် ကားနဲ့ လိုက်ခေါ်ပြီးတော့ shelter တွေကိုပို့ပေးတယ်။ နောက်အပြင်လမ်းပေါ်မှာ ထွက်နေတဲ့လူတွေကို မထွက်ဖို့ လိုက်တားတယ်။ နောက်ပြီးတော့ မနေ့ည ၄ နာရီကတည်းက Curfew ထုတ်ထားတယ်။

ကိုသားညွန့်ဦး။ ။ ကိုကျော်မိုးသူတို့ရော အကျုံးဝင်လား အဲဒီအပြင်မထွက်ရအမိန့်က။

ကိုကျော်မိုးသူ။ ။ဟုတ်ကဲ့ ဒီကောင်တီတခုလုံးဆိုတော့ ကျနော်တို့လည်း အကျုံးဝင်ပါတယ်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ အပြင်လည်းမထွက်ရဘူး ၊ အလုပ်တွေလည်းမသွားရဘူးဆိုတော့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ကတော့ ဘယ်လိုစီစဉ်ထားသလဲ။

ကိုကျော်မိုးသူ။ ။ဟုတ်ကဲ့ ကျနော်တို့ မီးမပျက်ခင်ကတည်းက မုန်တိုင်းလာရင် မီးပျက်မယ်ဆိုတာ သိတော့ ထမင်း၊ ဟင်းတွေလည်း ကြိုချက်ထားပါတယ်။ အလုပ်တွေ၊ ရှိသမျှဆိုင်တွေလည်းအကုန်ပိတ်ထားပါတယ် ဒီ ၂ ရက် ။

ကိုသားညွန့်ဦး။ ။မုန်တိုင်းက ဘယ်လောက်အထိ ဖြတ်သွားမလဲ ဘယ်လောက်အထိကြာမယ်လို့ ခန့်မှန်းထားကြသလဲ။

ကိုကျော်မိုးသူ။ ။ ၂၄ နာရီကျော်မယ်၊ မုန်တိုင်းက ၁ နာရီမှ ၅ မိုင်- ၆ မိုင်နှုန်းနဲ့ ရွှေ့နေတာဆိုတော့ ကျနော်တို့ကိုလည်း တနင်္ဂနွေတနေ့လုံးလည်း မထွက်ဖို့ ပြောထားပါတယ်။

ကိုသားညွန့်ဦး။ ။ကိုကျော်မိုးသူတို့ဘက်မှာရော မြန်မာအသိုင်းအဝိုင်းတွေရှိကြသလား။ သူတို့ကရော စုစည်းပြီးတော့ တခုခုလုပ်တာမျိုးတွေရှိကြသလား ပြင်ဆင်တာမျိုး။

ကိုကျော်မိုးသူ။ ။ဟုတ်ကဲ့ ရှိပါတယ်၊ မြန်မာအသိုင်းအဝိုင်းတွေများပါတယ်။ အကုန်လုံး ကိုယ့်အိမ်ကိုကာပြီးတော့ နေကြပါတယ်။ တချို့ထွက်ခွာရမယ့်လူတွေဆိုရင်လည်း တခြားလွတ်တဲ့အိမ် မပြေးရမယ့် နေရာမျိုးမှာ သွားပြီးပေါင်းနေကြပါတယ်။ ပြင်တာဆင်တာဆိုတော့ ကိုယ့်အိမ်ကိုကာကွယ်ကြတာပါပဲ လိုတဲ့လူလိုက်ကူပေါ့။”

ဖလော်ရီဒါပြည်နယ် Davie မြို့မှာနေထိုင်နေတဲ့ ကိုကျော်မိုးသူကို မုန်တိုင်းနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

Irma ဟာရီကိန်းအခြေအနေ ဖလော်ရီဒါနယ်ခံ မြန်မာတဦးနဲ့မေးမြန်းချက်
please wait

No media source currently available

0:00 0:04:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG