သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Irma ဟာရီကိန်းမုန်တိုင်းဟာ ကျူးဘားနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းကို ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ဖြတ်နေပြီး မိုးအပြင်းအထန် ရွာနေပြီးတော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဘက်ကို ဦးတည်လာနေပါတယ်။ အတ္တလန်တိတ်ဒေသတ၀န်းမှာ Irma မုန်တိုင်းကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးထားရပြီး ကြီးမားတဲ့အပျက်အစီးတွေ ဖြစ်ထားပါတယ်။

ကျူးဘားနိုင်ငံအပြင် ဘဟားမားနိုင်ငံပိုင် Andros ကျွန်း၊ Bimini ကျွန်းနဲ့ Grand Bahama ကျွန်းတွေ၊ ဖလော်ရီဒါကျွန်းဆွယ်နဲ့ ဖလော်ရီဒါကီးစ်ကျွန်းစုတွေအတွက်လဲ အမေရိကန် ဟာရီကိန်းမုန်တိုင်းဆိုင်ရာဌာနကနေ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား ပါတယ်။ လက်ရှိမှာ Irma မုန်တိုင်းဟာ ပြင်းအားအဆင့် ၄ ကနေ ၃ ကိုလျော့သွားပေမဲ့ ဖလော်ရီဒါကီးစ်ကျွန်းစုတွေနားကို ကပ်လာချိန်မှာ ပြန်အားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

ဖလော်ရီဒါကီးစ်ကို တနင်္ဂနွေနေ့မနက်ပိုင်းမှာ ၀င်ပြီးတဲ့နောက် ဖလော်ရီဒါ အနောက်တောင်ဘက်ကမ်းရိုးတန်းကို မုန်တိုင်း ဆက်ပြီးဦးတည်သွားမှာပါ။ ဒီမုန်တိုင်းဟာ မှတ်တမ်းတင်ဖူးသမျှထဲမှာ အားအပြင်းဆုံးမုန်တိုင်းတခုဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်ကို မုန်တိုင်း ဦးတည်နေတာနဲ့အမျှ ရွှေ့ပြောင်းဖို့အချိန် သိပ်မကျန်တော့ဘူးလို့ လူသန်းပေါင်းများစွာကို တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ တနင်္ဂနွေနေ့မတိုင်မှာ ပြည်နယ်တွင်းလူဦးရေ စုစုပေါင်းရဲ့ လေးပုံ တပုံကျော် လူပေါင်း ၅.၆ သန်းကို ရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

ဟာရီကိန်း အာမာ ကျူးဘားကိုဖြတ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG