သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ဝင်ရောက်မယ့် ဖလော်ရီဒါမှာ ကြိုတင်ပြင်ဆင်


ဖလော်ရီဒါဒေသမှာ ဟာရီကိန်းသတိပေးချက် မဖြစ်မနေလိုက်နာရန်ထုတ်ပြန်ထား (အောက်တိုဘာ ၈၊ ၂၀၂၄)
ဖလော်ရီဒါဒေသမှာ ဟာရီကိန်းသတိပေးချက် မဖြစ်မနေလိုက်နာရန်ထုတ်ပြန်ထား (အောက်တိုဘာ ၈၊ ၂၀၂၄)

အင်အားပြင်း Milton ဟာရီကိန်းမုန်တိုင်းကြောင့် မိုးသည်းထန်၊ လေပြင်းတိုက်ခတ်ပြီး အသက်အန္တရာယ် ကျရောက်နိုင်တယ်လို့ သတိပေးထားတာကြောင့် အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ဒီကနေ့ ကြိုတင်ပြင်ဆင်နေကြရပါတယ်။

မုန်တိုင်းဗဟိုချက်ဟာ ဖလော်ရီဒါပြည်နယ် အနောက်အလယ်ပိုင်း ကမ်းရိုးတန်းကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ဒါမှမဟုတ် ကြာသပတေးနေ့ အစောပိုင်းလောက် ရောက်လာနိုင်တယ်လို့လည်း မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဗဟိုချက် ဖြတ်သန်းမယ့် နေရာတွေထဲမှာ ၁၉၂၁ ခုနှစ်နောက်ပိုင်း ဟာရီကိန်းမုန်တိုင်းဒဏ် တိုက်ရိုက် မခံခဲ့ရဖူးတဲ့ လူဦးရေ ၃.၃ သန်း နေထိုင်ရာ Tampa Bay မြို့လည်း ပါဝင်ပါတယ်။

Milton ဟာရီကိန်းဟာ ဖလော်ရီဒါပြည်နယ် အနောက်အလယ်ပိုင်း ဒေသမှာ ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်နိုင်တဲ့ မုန်တိုင်းအဖြစ် စံချိန်တင်နိုင်တယ်လို့လည်း အမေရိကန် ဟာရီကိန်းမုန်တိုင်းဌာနက ခန့်မှန်းထားတာပါ။ လေပြင်းမုန်တိုင်းကြောင့် ဖလော်ရီဒါ အနောက်ကမ်းရိုးတမ်း ကီလိုမီတာ ၅၀၀ တလျှောက်မှာ ပင်လယ်ရေမျက်နှာပြင် ၃ မီတာကနေ ၄ မီတာခွဲအထိ မြင့်တက်လာနိုင်သလို မိုးရေချိန် ၆ လက်မကနေ ၁ ပေကြား ရွာသွန်းနိုင်ကြောင်း ဟာရီကိန်းစင်တာက သတိပေးထားတာပါ။ ဟာရီကိန်းမုန်တိုင်း Milton ဟာ အင်္ဂါနေ့ညမှာ တနာရီကို လေတိုက်နှုန်း မိုင် ၁၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေတာကြောင့် အဆင့် ၅ အဖြစ် သတ်မှတ်ထားပါတယ်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က မုန်တိုင်းအပြီး အပျက်အစီးတွေရှင်းလင်းဖို့ ပြည်တွင်းကာကွယ်ရေး တပ်ဖွဲ့ဝင် ၈၀၀၀ လောက် အဆင်သင့် စုဆောင်းထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG