သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်တကြိမ် ဟာရီကိန်းမုန်တိုင်းဝင်မယ့် ဖလော်ရီဒါပြည်နယ်မှာ သတိပေးချက်ထုတ်ပြန်


ဖလော်ရီဒါပြည်နယ်မှာ Milton ဟာရိကိန်းမုန်တိုင်းမလာခင် Helene မုန်တိုင်းဒဏ်သင့်အပျက်အစီးများကို ရှင်းလင်းနေကြရ (အောက်တိုဘာ ၇၊ ၂၀၂၄)
ဖလော်ရီဒါပြည်နယ်မှာ Milton ဟာရိကိန်းမုန်တိုင်းမလာခင် Helene မုန်တိုင်းဒဏ်သင့်အပျက်အစီးများကို ရှင်းလင်းနေကြရ (အောက်တိုဘာ ၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ဒီကနေ့ ဟာရီကိန်းမုန်တိုင်း Milton ကြောင့် လေပြင်းမုန်တိုင်း ကျရောက်ပြီး ဒီရေလှိုင်းကြီးတွေ တက်လာနိုင်တဲ့အကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထား ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကပဲ အင်အားပြင်း Helene မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ်မှာ အခု ထပ်ပြီး Milton မုန်တိုင်းဒဏ် ခံရဖို့ ရှိနေတာပါ။ ပြင်းအား အဆင့်၅ သတ်မှတ်ထားတဲ့ Milton ဟာရီကိန်း မုန်တိုင်းဟာ လေတိုက်နှုန်း စံချိန်တင် ပြင်းထန်မယ့် မုန်တိုင်းဖြစ်လို့ ဖလော်ရီဒါပြည်နယ် အနောက်ခြမ်းဒေသ တခုလုံး နီးပါးမှာ ဟာရီကိန်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

လက်ရှိ တနာရီ မိုင် ၁၆၀ လောက်နှုန်းနဲ့ တိုက်ခတ်နေတဲ့ မုန်တိုင်းက မက္ကဆီကိုပင်လယ်ကွေ့ကနေတဆင့် ဗုဒ္ဓဟူးနေ့လောက် ဖလော်ရီဒါ ပြည်နယ်ကမ်းရိုးတန်း Tampa ပင်လယ်အော်ဒေသ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်း မရောက်ခင် မုန်တိုင်း အားပျော့သွားနိုင်တယ်လို့တော့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် လောက်က ဖလော်ရီဒါ Big Ben ဒေသကနေတဆင့် အမေရိကန် အရှေ့ဘက်ကမ်းရိုးတမ်း ပြည်နယ်တွေကို ဝင်တိုက်ခဲ့တဲ့ Helene မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၂၃၀ လောက်ရှိခဲ့တာပါ။ ဖလော်ရီဒါပြည်နယ်မှာ ၁၉၈၀ ခုနှစ်တုန်းက တိုက်ခတ်ခဲ့တဲ့ Allen ဟာရီကိန်းမုန်တိုင်းက စံချိန်တင် လေတိုက်နှုန်းတနာရီမိုင် ၁၉၀ ရှိပါတယ်။

လောလောဆယ်တော့ ကြီးမားတဲ့ ဟာရီကိန်းဒဏ် တိုက်ရိုက်မခံရတာ ရာစုနှစ်တခုလောက် ရှိပြီဖြစ်တဲ့ Tampa ပင်လယ်အော်ဒေသတဝိုက် ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားသလို ဖလော်ရီဒါပြည်နယ်အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားဖို့ အရေးပေါ် ကြေညာချက်ကိုလည်း သမ္မတ Joe Biden က လက်မှတ်ရေးထိုး ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG