သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘီယာက ICJ မှာတင်ထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံကလျှောက်ထား


နိုင်ငံတကာ ရာဇဝတ်တရားရုံး The International Court of Justice (ICJ)
နိုင်ငံတကာ ရာဇဝတ်တရားရုံး The International Court of Justice (ICJ)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံက လျှောက်ထားလိုက်ပါတယ်။ ICJ တရားရုံးဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၆၃ အရ ကြားဝင် ဆောင်ရွက်ဖို့ Slovenia နိုင်ငံက လျှောက်ထားတယ်လို့ ICJ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အခုလို ကြားဝင်ဖို့ Slovenia နိုင်ငံက တောင်းဆိုတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီး ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတခုအနေနဲ့ ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာစွဲထားတဲ့ အမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဥပဒေအမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ တို့အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ Slovenia နိုင်ငံကထင်တဲ့အတွက် သူတို့ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်နဲ့ ကြားဝင်နိုင်အောင် တောင်းဆိုတာဖြစ်တယ်လို့ ICJ တရားရုံးက ပြောပါတယ်။

အခုလိုမျိုး ဒီအမှုမှာ ပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့လို့ အရင် ခွင့်ပြုထားတဲ့နိုင်ငံ ၇ နိုင်ငံ ရှိပါတယ်။ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဂျာမနီနဲ့ မော်လ်ဒိုက်နိုင်ငံတွေကို ICJ တရားရုံးက အမှုမှာ ပါဝင် ဆောင်ရွက်ခွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတာကို အရေးယူပေးဖို့ ၂၀၁၉ နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Forum

XS
SM
MD
LG