သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးသုဥ်းသတ်ဖြတ်မှုဖြစ်စဉ် ၇ နှစ်မြောက် ရိုဟင်ဂျာဒုက္ခသည်တွေအမှတ်ရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေက သူတို့ထွက်ပြေးလာခဲ့တဲ့ ၇ နှစ်ပြည့်အခမ်းအနားကို ကျင်းပကြစဥ်။ (သြဂုတ် ၂၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေက သူတို့ထွက်ပြေးလာခဲ့တဲ့ ၇ နှစ်ပြည့်အခမ်းအနားကို ကျင်းပကြစဥ်။ (သြဂုတ် ၂၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရတဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပပြီး မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazer ခရိုင်အတွင်းက ကူတူးပလောင် ဒုက္ခသည်စခန်းရဲ့ ကွင်းပြင်မှာ ဒုက္ခသည်တွေ စုဝေးကြပြီး “ မျှော်လင့်ချက်ဟာအိမ်ပြန်ဖို့ဖြစ်တယ်” “ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ရိုဟင်ဂျာတွေ မျိုးသုဥ်းသတ်ဖြတ်ခံရမှုနေ့ အဖြစ် မိုးရေထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်၊ ၂၀၁၇ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် သိန်းဂဏန်းရှိတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရတာပါ။

မြန်မာလုံခြုံရေးစခန်းတွေကို မွတ်ဆလင်အစွန်းရောက်အုပ်စုက တိုက်ခိုက်ခဲ့တဲ့နောက် ဒေသတခု လုံးကို မြန်မာစစ်တပ်က စစ်ဆင်ရေးဆင်နွှဲရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရပါတယ်။ အဲဒီအချိန် ဘင်္ဂလားဒ့်ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက နယ်စပ်ကိုဖွင့်ပေးခဲ့ပြီး ဒုက္ခသည် ခုနှစ်သိန်းကျော်ကို လက်ခံပေးခဲ့ပါတယ်။

မူလက ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည် သုံးသိန်းကျော်ရှိနှင့်ပြီးသားပါ။ အဲဒီဖြစ်ရပ်အပေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနက Genocide လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားသလို ကုလသမဂ္ဂနဲ့အနောက်နိုင်ငံတချို့ကလည်း လူမျိုးစုသုတ်သင်ရှင်းလင်းရေး ကျူးလွန်မှုအဖြစ် မှတ်ယူထားကြပါတယ်။ အဲဒီနောက်ပိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂက ကမကထပြု လုပ်ဆောင်ခဲ့ပေမယ့် မြန်မာပြည်မှာစစ်တပ်ကအာဏာသိမ်းပြီးနောက် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် အစီအစဉ် နှောင့်နှေးခဲ့ရပါတယ်။

Forum

XS
SM
MD
LG