သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းပြဿနာ ICG သတိပေး


(credit: http://www.crisisgroup.org/)
(credit: http://www.crisisgroup.org/)
မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ သန်းခေါင်စာရင်း ကောက်ယူမယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေအတွက် အထူး အရေးပါတဲ့အချိန်မှာ တင်းမာမှုတွေ တိုးလာစေမယ့် အန္တရာယ်ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က သတိပေးလိုက်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမယ့် လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ဒေသဆိုင်ရာ မေးခွန်းတွေအပေါ်ကိုပဲ အာရုံစိုက်ပြီး ပြင်ဆင် လုပ်ဆောင်သင့်တယ်လို့ ICG က ပြောလိုက်ပါတယ်။ ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာတွေမှာ မလိုအပ်ဘဲ ရန်လိုတဲ့၊ အကွဲကွဲအပြားပြား ဖြစ်စေတဲ့ မေးခွန်းတွေကို ပိုပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလကျမှ လုပ်ဆောင်ဖို့ ရွှေ့ဆိုင်းထားသင့်တယ်လို့လည်း
ပြောထားပါတယ်။

အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ အလှူရှင်တွေအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူတာနဲ့ပတ်သက်ပြီး အခုလောလောဆယ်မှာ ယူဆထားကြသလို ဆိုးရွားတဲ့ စွန့်စားရမှုတွေ ရှိနေတယ်ဆိုတဲ့အပေါ် အသိအမှတ်ပြုရာရောက်သလို နိုင်ငံတွင်း အရေးပါတဲ့ အုပ်စုအများအပြားက ဖော်ပြ ပြောဆိုထားကြတာတွေအပေါ်မှာလည်း တုံ့ပြန်လိုစိတ်ရှိတာကို ပြသရာ ရောက်တယ်လို့ ICG က ပြောထားပါတယ်။

Myanmar Conflict Alert: A Risky Census မြန်မာနိုင်ငံ ပဋိပက္ခ သတိပေးချက် - အန္တရာယ်ကြီးသော သန်းခေါင်စာရင်း ကောက်ယူမှု လို့ ဆိုရမယ့် ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ စာတမ်းထဲမှာ ICG က အဲဒီလို ပြောထားတာပါ။

အရင်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသတွေအထိ သန်းခေါင်စာရင်း ကောက်ခံတာတွေ လုပ်နိုင်တော့မှာဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ လူ့အခွင့်အရေးကို အဓိကထား ဆောင်ရွက်သွားမယ့်အကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုအတွင်း ပြောထားပါတယ်။
XS
SM
MD
LG