သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်စက်တဲ့ အကြမ်းဖက်မှုတွေအကြောင်း IIMM အကြီးအကဲ သတင်းစာရှင်း


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian

မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် ရက်စက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဆိုးဆိုးဝါးဝါး တိုးလာနေပြီး ကျုးလွန်သူတွေထဲမှာ စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ဒါတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က နယူးယောက်မြို့ ကုသလဂ္ဂ ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

"ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ NUG အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့က အချက်အလက် အထောက်အထားတွေ စုဆောင်းပေးပြီး ပူးပေါင်း ဆောင်ရွက်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး"လို့ Nicholas Koumjian က ပြောဆိုသွားတာပါ။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေ ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုယ်တိုင် အရေးယူရေး ကိုယ်တိုင် စုံစမ်းစစ်ဆေးနေတဲ့ လုပ်ရပ်တွေကို မြင်တွေ့ရပေမဲ့ စစ်တပ်ဘက်က ဒီလို အရေးယူတာမျိုး လုပ်ဆောင်တာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

IIMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ အဆိုးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး တိုက်တွန်းမှုတွေ ဘေးဖယ်ပြီး အထောက်အထားတွေ စုဆောင်းနေတယ်လို့လည်း အကြီးအကဲ Nicholas Koumjian က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်တဲ့ ကျူးလွန်မှုတွေဖြစ်တဲ့ အကြိမ်ရေ မနှစ်က ပိုများလာခဲ့တာဖြစ်ကြောင်း၊ အရပ်သားပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့စရာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုတိုးလာကြောင်းနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရသူတွေ နှိပ်စက်ခံရတာ၊ အမျိုးသမီးသား အမျိုးသမီး အသက်မပြည့်သေးသူတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian က နယူးယောက်မြို့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ရက်စက်တဲ့ အကြမ်းဖက်မှုတွေအကြောင်း IIMM အကြီးအကဲ သတင်းစာရှင်း
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG