သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် တရားမဝင် ငါးဖမ်းလှေ တောင်ကိုရီးယားကန့်ကွက်


 တရုတ်ငါးဖမ်းလှေတွေ တရားမဝင် ငါးဖမ်းနေ
တရုတ်ငါးဖမ်းလှေတွေ တရားမဝင် ငါးဖမ်းနေ

ပင်လယ်ဝါထဲမှာ တရုတ်ငါးဖမ်းလှေတွေ တရားမဝင် ငါးဖမ်းနေတဲ့ကိစ္စ ကိုင်တွယ်ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို တောင်ကိုရီးယားနိုင်ငံက တရားဝင်ကန့်ကွက်စာ ပို့ထားတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီကနေ့ ပြောပါတယ်။

အခုတကြိမ် မတိုင်ခင် - သံတမန်ရေးလမ်းကြောင်းကနေ တရားဝင် နှစ်ကြိမ် ကန့်ကွက်ခဲ့ပြီး ဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Cho June-hyuck က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

တရားမဝင် ငါးဖမ်းမှုတွေကို တိုးမြင့် နှိမ်နင်းပြီး ဒီကိစ္စ ပူးပေါင်း အဖြေရှာ သွားမယ်လို့ တရုတ်အစိုးရက ပြောဆိုထားတာ ရှိတဲ့အကြောင်းလည်း ပြောခွင့်ရ Cho က ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပင်လယ်ဝါထဲမှာ ရှိတဲ့ Northern Limit Line လို့ ခေါ်တဲ့ ရေနယ်နိမိတ်မျဉ်းအနီးမှာ တရားမဝင် ငါးဖမ်းနေကြတဲ့ တရုတ်လှေတွေကို တောင်ကိုရီးယား ငါးဖမ်းသမားတွေက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ ဖမ်းဆီးခဲ့ကြပါသေးတယ်။

အဲဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး မြောက်ကိုရီးယား အစိုးရကလည်း သူ့ရေပိုက်နက်ထဲကို တောင်ကိုရီးယား ငါးဖမ်းလှေတွေ ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဆိုပြီး အစိုးရပိုင် သတင်းမီဒီယာတွေမှာ တနင်္လာနေ့တုန်းက ဖော်ပြခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကိုရီးယားနှစ်နိုင်ငံအကြားက ဆွေးနွေးပွဲတွေကို ပိတ်ပင်ရာကျပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေတိုးလာအောင် တောင်ကိုရီးယားဘက်က ရည်ရွယ်လုပ်ဆောင်တာလို့ သူတို့အနေနဲ့ ယူဆတဲ့အကြောင်း မြောက်ကိုရီးယားက သတိပေး ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG