သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ အခုႏွစ္ ပထမ ၆ လအတြင္း အလုပ္အကိုင္ တသန္းေက်ာ္ ေလ်ာ့နည္းခဲ့


အထည္ခ်ဳပ္စက္႐ံုက ျမန္မာအလုပ္သမားမ်ား။ 


[[Zawgyi/Unicode]]

၂၀၂၀ ခုႏွစ္ နဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ၂၀၂၂ ပထမ ၆ လမွာ အလုပ္အကိုင္ ၁.၁ သန္း ျမန္မာႏိုင္ငံမွာ ေလ်ာ့နည္းသြားတယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ ႀကီး (ILO) က ခန႔္မွန္းလိုက္ပါတယ္။ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ အလုပ္အကိုင္ဆုံးရႈံးမႈ ပိုမ်ားခဲ့တယ္လို႔လည္း (ILO) က ဆိုပါတယ္။

ဒါဟာ စစ္ေကာင္စီ အာဏာသိမ္းၿပီး ၁၈ လအၾကာ ကမာၻ႔ကိုဗစ္ကပ္ေရာဂါနဲ႔ ရင္ဆိုင္ရၿပီး ၂ ႏွစ္ခြဲအၾကာမွာ ျမန္မာႏိုင္ငံရဲ႕ အလုပ္အကိုင္အခြင့္အလမ္းအေျခအေန ျဖစ္ပါတယ္။ ၂၀၂၂ ပထမ ၆ လမွာ ထုတ္လုပ္စြမ္းရည္ကလည္း ေနာက္ထပ္ ၂ ရာႏႈန္း ထပ္က်သြားတယ္လို႔ (ILO) က ဆိုပါတယ္။ ၂၀၂၁ ခုႏွစ္တုန္းက ၈ ရာႏႈန္း က်ဆင္းသြားခဲ့တဲ့အေပၚမွာ ထပ္မံ ထိုးက်သြားခဲ့တာပါ။

လုပ္ကိုင္ရတဲ့အေျခအေန‌ေေတြကလည္း ယိုယြင္းေနတယ္လို႔ ILO က ေျပာပါတယ္။ အထူးသျဖင့္ အလုပ္သမားအခြင့္အေရးေတြကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ခဲ့တယ္လို႔ ၂၀၂၁ ခုႏွစ္ ILO ညီလာခံက ဆုံးျဖတ္ခဲ့တာပါ။ အဓိက က႑ေတြမွာ အထိနာခဲ့တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းမွာ ေန႔စား လုပ္သားက မ်ားလာေပမယ့္ အလုပ္ခ်ိန္မမွန္ဘဲ လုပ္ခနည္းနည္းနဲ႔ လုပ္ေနၾကရတယ္လို႔ ေျပာပါတယ္။ အလုပ္ရပ္သြားတဲ့အခါ အလုပ္သမားေတြရရွိရမယ့္ အခြင့္အေရးျဖစ္တဲ့ နစ္နာေၾကးကိုမေပးၾကတာလည္း ေထာက္ျပထားပါတယ္။ အလုပ္အကိုင္ အေျခအေနေတြ ပ်က္ယြင္းလာတာနဲ႔ အရည္အေသြးက်ဆင္းမႈဟာ အဓိက စိုးရိမ္စရာေတြ ျဖစ္တယ္လို႔ (ILO) ျမန္မာ႐ုံးက Mr Donglin Li က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================
[[Unicode]]

မြန်မာမှာ အခုနှစ် ပထမ ၆ လအတွင်း အလုပ်အကိုင် တသန်းကျော် လျော့နည်းခဲ့

၂၀၂၀ ခုနှစ် နဲ့ နှိုင်းယှဉ်လိုက်ရင် ၂၀၂၂ ပထမ ၆ လမှာ အလုပ်အကိုင် ၁.၁ သန်း မြန်မာနိုင်ငံမှာ လျော့နည်းသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကြီး (ILO) က ခန့်မှန်းလိုက်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အလုပ်အကိုင်ဆုံးရှုံးမှု ပိုများခဲ့တယ်လို့လည်း (ILO) က ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီ အာဏာသိမ်းပြီး ၁၈ လအကြာ ကမ္ဘာ့ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်ရပြီး ၂ နှစ်ခွဲအကြာမှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ ဖြစ်ပါတယ်။ ၂၀၂၂ ပထမ ၆ လမှာ ထုတ်လုပ်စွမ်းရည်ကလည်း နောက်ထပ် ၂ ရာနှုန်း ထပ်ကျသွားတယ်လို့ (ILO) က ဆိုပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ၈ ရာနှုန်း ကျဆင်းသွားခဲ့တဲ့အပေါ်မှာ ထပ်မံ ထိုးကျသွားခဲ့တာပါ။

လုပ်ကိုင်ရတဲ့အခြေအနေ‌ေတွေကလည်း ယိုယွင်းနေတယ်လို့ ILO က ပြောပါတယ်။ အထူးသဖြင့် အလုပ်သမားအခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ် ILO ညီလာခံက ဆုံးဖြတ်ခဲ့တာပါ။ အဓိက ကဏ္ဍတွေမှာ အထိနာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ နေ့စား လုပ်သားက များလာပေမယ့် အလုပ်ချိန်မမှန်ဘဲ လုပ်ခနည်းနည်းနဲ့ လုပ်နေကြရတယ်လို့ ပြောပါတယ်။ အလုပ်ရပ်သွားတဲ့အခါ အလုပ်သမားတွေရရှိရမယ့် အခွင့်အရေးဖြစ်တဲ့ နစ်နာကြေးကိုမပေးကြတာလည်း ထောက်ပြထားပါတယ်။ အလုပ်အကိုင် အခြေအနေတွေ ပျက်ယွင်းလာတာနဲ့ အရည်အသွေးကျဆင်းမှုဟာ အဓိက စိုးရိမ်စရာတွေ ဖြစ်တယ်လို့ (ILO) မြန်မာရုံးက Mr Donglin Li က ပြောပါတယ်။

XS
SM
MD
LG