သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာစီယံ အလုပ္သမားသမဂၢေတြ NUG ကိုေထာက္ခံ (အလုပ္သမားေရးတက္ႂကြသူ ဦးေမာင္ေမာင္)


ILO myanmar

{{Zawgyi/Unicode}}

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုေထာက္ခံေၾကာင္း အာစီယံ အလုပ္သမားသမဂၢေတြနဲ႔ အာစီယံ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕က တနလၤာေန႔မွာလုပ္တဲ့ အြန္လုိင္းစည္းေ၀းပြဲအတြင္း ေျပာၾကားလိုက္ပါတယ္။ ျမန္မာ့ဒီမိုကေရစီအေရးနဲ႔ပတ္သက္ၿပီး ပါဝင္ကူညီၾကဖို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO က သူ႔ရဲ႕ ၁၀၉ ႀကိမ္ေျမာက္အစည္းအေဝးမွာ တိုက္တြန္းခဲ့ၿပီးတဲ့ေနာက္ အာစီယံ အလုပ္သမားသဂၢေတြကလည္း ဒီကိစၥကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းလာၾကတာပါ။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္ က ေျပာျပေပးမွာပါ။

ASEAN +6 Regional Social Dialogue လို႔ နာမည္ေပးထားတဲ့ ၾကားကာလ အမ်ဳိးသားညီညြတ္ေရးအစုိးရ NUG နဲ႔ တနလၤာေန႔က ျပဳလုပ္လတဲ့ အြန္လိုင္းေတြ႕ဆုံပြဲကို အာစီယံႏိုင္ငံေတြအျပင္ ဂ်ပန္၊ နယူးဇီလန္၊ ေတာင္ကိုရီးယား၊ ဖိလစ္ပိုင္ စတဲ့ႏိုင္ငံေတြက အလုပ္သမားသမဂၢေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကတာပါ။

ျမန္မာ့ဒီမိုကေရစီအေရးတြက္ ILO ရဲ႕ တိုက္တြန္းခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ အာစီယံ အလုပ္သမားသမဂၢေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက လုပ္ေဆာင္ၾကတာမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ဝိုင္းၿပီးေထာက္ခံၾကဖို႔ဆိုတဲ့ အခ်က္ကိုလည္း အဓိကကိစၥတခုအျဖစ္ ေရွ႕တန္းတင္လာတာ ျဖစ္ပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ သက္ဆိုင္ရာႏိုင္ငံအလိုက္ လႊတ္ေတာ္အတြင္း လႈပ္ရွားမႈေတြ၊ ေတာင္းဆိုမႈေတြကို စုစည္းၿပီးတဲ့ေနာက္ ဩဂုတ္လ ၃၀ ရက္မွာေတာ့ NUG ရဲ႕လုပ္ေဆာင္မႈေတြကို သူတို႔အေနနဲ႔ ေထာက္ခံတယ္လို႔ အတိအလင္း ေျပာခဲ့ၾကတာပါ။ ဒီေဆြးေႏြးပြဲကို ဦးေဆာင္ၿပီး တက္ေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ရဲ႕ ဥကၠ႒ ဦးေမာင္ေမာင္က အခုလိုေျပာပါတယ္။

“ ဂ်ပန္က လႊတ္ေတာ္အမတ္ကလည္း သူတို႔လႊတ္ေတာ္ထဲမွာရွိတဲ့ ျမန္မာ့ ဒီမိုကေရစီအေရးကို ေထာက္ခံတဲ့ အမတ္ေတြနဲ႔ CRPH နဲ႔ စကားေျပာျဖစ္တယ္။ ၿပီးေတာ့ သူတို႔လႊတ္ေတာ္ထဲမွာလည္း ျပင္းျပင္းထန္ထန္ သူတို႔ေတာင္းဆိုေနတယ္ NUG ကိုအသိအမွတ္ျပဳဖို႔၊ အဲဒါေတြကို က်ေနာ္တို႔က ျပန္စုပါတယ္။ စုၿပီးတဲ့ေနာက္ အခု ၃၀ ရက္ေန႔မွာက်ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါ က်ေနာ္တို႔ေခၚပါတယ္။ အားလုံးသည္ ေထာက္ခံတယ္ဆိုရင္ ဒီအတိုင္းေတာ့ မၿပီးဘူးေပါ့ေနာ္၊ ဆုံးျဖတ္ခ်က္ကို အားလုံး ေထာက္ခံသလားဆိုတာ တိတိက်က် စာေရးၿပီးတဲ့ေနာက္မွာ က်ေနာ္တို႔က ထည့္သြင္းပါတယ္။ ဆိုေတာ့ တင္သြင္းတဲ့အခါမွာ NUG လုပ္ထားတဲ့ အလုပ္ေတြေပါ့ေနာ္ က်ေနာ္တို႔က ေရးထည့္ထားတယ္၊ ေရးၿပီးတဲ့ေနာက္မွာ ဘာေတြလုပ္ၿပီးၿပီ၊ ဘာေတြလုပ္ၿပီးၿပီ ဒါေၾကာင့္မို႔ အဲဒါကို ေထာက္ခံပါတယ္ ဆိုတဲ့အေၾကာင္းကို က်ေနာ္တို႔က လုပ္တဲ့ပြဲျဖစ္ပါတယ္။”

ASEAN +6 Regional Social Dialogue ရဲ႕ အြန္လုိင္းစည္းေ၀းပြဲအၿပီး ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ကန္႔ကြက္ေၾကာင္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ကုလသမဂၢရဲ႕ ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံကို အခုလ ၁၄ ရက္မွာ က်င္းပတဲ့အခါ ေ႐ြးေကာက္ပြဲအႏိုင္ရ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဦးေဆာင္ၿပီး ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ အာဏာသိမ္း စစ္ေကာင္စီ ဘယ္သူ႔ကို အသိအမွတ္ ျပဳမလဲဆိုတဲ့ အဆုံးအျဖတ္အတြက္ ႏွစ္ဖက္လုံးက ႀကိဳးပမ္းေနၾကတာပါ။

အာစီယံ အလုပ္သမားသမဂၢေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ႀကိဳးပမ္းမႈက ကုလသမဂၢမွာ NUG အတြက္ အေထာက္အပံ့တခု ျဖစ္လာမယ္လို႔ ယုံၾကည္ေၾကာင္း ဦးေမာင္ေမာင္က ေျပာပါတယ္။

“ က်ေနာ္တို႔ကေတာ့ေတာ္ေတာ္ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔လုပ္တာရွိသလို တျခားအစုအဖြဲ႕ေတြလည္း လုပ္တာရွိပါတယ္။ က်ေနာ္တို႔က တက႑ေပါ့။ အျပည္ျပည္ဆိုင္ရာမွာလည္း အလုပ္သမား သမဂၢေတြနဲ႔ ႏိုင္ငံေရးပါတီေတြ ရွိပါတယ္။ ဥပမာ ဆိုရွယ္ဒီမိုကရက္ပါတီေတြ၊ ေလဘာပါတီေတြ အဲဒီပါတီေတြက အစိုးရျဖစ္ေနတဲ့ ႏိုင္ငံေတြ ရွိပါတယ္။ က်ေနာ္တို႔က သူတို႔ကို NUG ကို အသိအမွတ္ျပဳဖို႔ဆိုတဲ့ကိစၥ ေဆြးေႏြးလို႔ရတာေပါ့၊ သူတို႔ရဲ႕ သက္ဆိုင္ရာ ႏိုင္ငံေတြမွာ သက္ဆိုင္ရာ အလုပ္သမားသမဂၢေတြ တင္ျပတဲ့ကိစၥ၊ အလုပ္သမား ဝန္ႀကီးဌာနကို တင္ျပတဲ့ကိစၥ လုပ္ေနတာေတြ အမ်ားႀကီရွိပါတယ္။ က်ေနာ္တို႔သည္ အားလုံးက ဝိုင္းေထာက္ခံတာ ျမန္မာႏိုင္ငံက လိုခ်င္တယ္၊ ခုနက က်ေနာ္ေျပာတဲ့ အခ်က္ေတြေပၚ မူတည္ၿပီးေတာ့ ဥပမာ စီပြားေရးေစ်းကြက္ကိုပဲ ၾကည့္မလား၊ အေျခခံအလုပ္သမား အခြင့္အေရးကိုပဲ ၾကည့္မလား၊ လြတ္လပ္တဲ့ အလုပ္ရွင္၊ အလုပ္သမား သမဂၢအဖြဲ႕အစည္းကိုပဲ ၾကည့္မလား၊ အေျခခံပညာေရးကိုပဲ ၾကည့္မလား အဲဒါေတြအားလုံးက အဆင့္အတန္းမီေသာႏိုင္ငံ အထူးသျဖင့္ အာစီယံအတြင္းမွာ အဆင့္အတန္းမီေသာ ႏိုင္ငံျဖစ္ဖို႔က ေျပာင္းလဲဖို႔လိုတယ္ဆိုတာ သိတဲ့လူအားလုံးက ေထာက္ခံမွာပဲ။ အဲဒီမွာ က်ေနာ္က အလုပ္သမား သမဂၢေတြပါ မက်န္ခဲ့ေအာင္၊ အလုပ္သမားသမဂၢေတြနဲ႔ ပတ္သက္တဲ့ ႏိုင္ငံေရးပါတီေတြ မက်န္ခဲ့ေအာင္ ဝိုင္းၿပီးအားျဖည့္ေပးေတာ့ ေျပာင္းလဲမႈအတြက္ အားျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။”

ကမာၻလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ ITUC အေထြေထြအတြင္းေရးမႉး Ms. Sharan Burrow ကလည္း ျမန္မာစစ္ေကာင္စီရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ရပ္ပစ္ဖို႔၊ ႏိုင္ငံတကာအစိုးရေတြက သူတို႔ကို လက္မခံၾကဖို႔ ဩဂုတ္လ ၂၇ ရက္မွာလုပ္တဲ့ ျမန္မာ့ႏိုင္ငံအတြက္ အလုံးစုံစီးပြားေရး ပိတ္ဆို႔လုပ္ေဆာင္မႈဆိုတဲ့ အြန္လိုင္းအစည္းအေဝးမွာ ေျပာခဲ့တာပါ။ လာမယ့္ကုလ အေထြေထြညီလာခံမွာ NUG အစိုးရကို လက္ခံေပးဖို႔ အလုပ္သမား သမဂၢအဖြဲ႕အစည္းေတြကဆင့္ ႀကိဳးပမ္းသြားမယ္လို႔လည္း သူကေျပာခဲ့တာ ျဖစ္ပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း အာစီယံ အလုပ်သမားသမဂ္ဂတွေနဲ့ အာစီယံ လွှတ်တော်ကိုယ်စားလှယ်တချို့က တနင်္လာနေ့မှာလုပ်တဲ့ အွန်လိုင်းစည်းဝေးပွဲအတွင်း ပြောကြားလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ပါဝင်ကူညီကြဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က သူ့ရဲ့ ၁၀၉ ကြိမ်မြောက်အစည်းအဝေးမှာ တိုက်တွန်းခဲ့ပြီးတဲ့နောက် အာစီယံ အလုပ်သမားသဂ္ဂတွေကလည်း ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာကြတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။

ASEAN +6 Regional Social Dialogue လို့ နာမည်ပေးထားတဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တနင်္လာနေ့က ပြုလုပ်လတဲ့ အွန်လိုင်းတွေ့ဆုံပွဲကို အာစီယံနိုင်ငံတွေအပြင် ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက အလုပ်သမားသမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

မြန်မာ့ဒီမိုကရေစီအရေးတွက် ILO ရဲ့ တိုက်တွန်းချက်ကို အကောင်အထည်ဖော်ဖို့ အာစီယံ အလုပ်သမားသမဂ္ဂတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်ဆောင်ကြတာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဝိုင်းပြီးထောက်ခံကြဖို့ဆိုတဲ့ အချက်ကိုလည်း အဓိကကိစ္စတခုအဖြစ် ရှေ့တန်းတင်လာတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် လွှတ်တော်အတွင်း လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေကို စုစည်းပြီးတဲ့နောက် ဩဂုတ်လ ၃၀ ရက်မှာတော့ NUG ရဲ့လုပ်ဆောင်မှုတွေကို သူတို့အနေနဲ့ ထောက်ခံတယ်လို့ အတိအလင်း ပြောခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲကို ဦးဆောင်ပြီး တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က အခုလိုပြောပါတယ်။

“ ဂျပန်က လွှတ်တော်အမတ်ကလည်း သူတို့လွှတ်တော်ထဲမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံတဲ့ အမတ်တွေနဲ့ CRPH နဲ့ စကားပြောဖြစ်တယ်။ ပြီးတော့ သူတို့လွှတ်တော်ထဲမှာလည်း ပြင်းပြင်းထန်ထန် သူတို့တောင်းဆိုနေတယ် NUG ကိုအသိအမှတ်ပြုဖို့၊ အဲဒါတွေကို ကျနော်တို့က ပြန်စုပါတယ်။ စုပြီးတဲ့နောက် အခု ၃၀ ရက်နေ့မှာကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကျနော်တို့ခေါ်ပါတယ်။ အားလုံးသည် ထောက်ခံတယ်ဆိုရင် ဒီအတိုင်းတော့ မပြီးဘူးပေါ့နော်၊ ဆုံးဖြတ်ချက်ကို အားလုံး ထောက်ခံသလားဆိုတာ တိတိကျကျ စာရေးပြီးတဲ့နောက်မှာ ကျနော်တို့က ထည့်သွင်းပါတယ်။ ဆိုတော့ တင်သွင်းတဲ့အခါမှာ NUG လုပ်ထားတဲ့ အလုပ်တွေပေါ့နော် ကျနော်တို့က ရေးထည့်ထားတယ်၊ ရေးပြီးတဲ့နောက်မှာ ဘာတွေလုပ်ပြီးပြီ၊ ဘာတွေလုပ်ပြီးပြီ ဒါကြောင့်မို့ အဲဒါကို ထောက်ခံပါတယ် ဆိုတဲ့အကြောင်းကို ကျနော်တို့က လုပ်တဲ့ပွဲဖြစ်ပါတယ်။”

ASEAN +6 Regional Social Dialogue ရဲ့ အွန်လိုင်းစည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံကို အခုလ ၁၄ ရက်မှာ ကျင်းပတဲ့အခါ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဏာသိမ်း စစ်ကောင်စီ ဘယ်သူ့ကို အသိအမှတ် ပြုမလဲဆိုတဲ့ အဆုံးအဖြတ်အတွက် နှစ်ဖက်လုံးက ကြိုးပမ်းနေကြတာပါ။

အာစီယံ အလုပ်သမားသမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းမှုက ကုလသမဂ္ဂမှာ NUG အတွက် အထောက်အပံ့တခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဦးမောင်မောင်က ပြောပါတယ်။

“ ကျနော်တို့ကတော့တော်တော် မျှော်လင့်ပါတယ်။ ကျနော်တို့လုပ်တာရှိသလို တခြားအစုအဖွဲ့တွေလည်း လုပ်တာရှိပါတယ်။ ကျနော်တို့က တကဏ္ဍပေါ့။ အပြည်ပြည်ဆိုင်ရာမှာလည်း အလုပ်သမား သမဂ္ဂတွေနဲ့ နိုင်ငံရေးပါတီတွေ ရှိပါတယ်။ ဥပမာ ဆိုရှယ်ဒီမိုကရက်ပါတီတွေ၊ လေဘာပါတီတွေ အဲဒီပါတီတွေက အစိုးရဖြစ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။ ကျနော်တို့က သူတို့ကို NUG ကို အသိအမှတ်ပြုဖို့ဆိုတဲ့ကိစ္စ ဆွေးနွေးလို့ရတာပေါ့၊ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေ တင်ပြတဲ့ကိစ္စ၊ အလုပ်သမား ဝန်ကြီးဌာနကို တင်ပြတဲ့ကိစ္စ လုပ်နေတာတွေ အများကြီရှိပါတယ်။ ကျနော်တို့သည် အားလုံးက ဝိုင်းထောက်ခံတာ မြန်မာနိုင်ငံက လိုချင်တယ်၊ ခုနက ကျနော်ပြောတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ ဥပမာ စီပွားရေးဈေးကွက်ကိုပဲ ကြည့်မလား၊ အခြေခံအလုပ်သမား အခွင့်အရေးကိုပဲ ကြည့်မလား၊ လွတ်လပ်တဲ့ အလုပ်ရှင်၊ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းကိုပဲ ကြည့်မလား၊ အခြေခံပညာရေးကိုပဲ ကြည့်မလား အဲဒါတွေအားလုံးက အဆင့်အတန်းမီသောနိုင်ငံ အထူးသဖြင့် အာစီယံအတွင်းမှာ အဆင့်အတန်းမီသော နိုင်ငံဖြစ်ဖို့က ပြောင်းလဲဖို့လိုတယ်ဆိုတာ သိတဲ့လူအားလုံးက ထောက်ခံမှာပဲ။ အဲဒီမှာ ကျနော်က အလုပ်သမား သမဂ္ဂတွေပါ မကျန်ခဲ့အောင်၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေ မကျန်ခဲ့အောင် ဝိုင်းပြီးအားဖြည့်ပေးတော့ ပြောင်းလဲမှုအတွက် အားဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ITUC အထွေထွေအတွင်းရေးမှူး Ms. Sharan Burrow ကလည်း မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ပစ်ဖို့၊ နိုင်ငံတကာအစိုးရတွေက သူတို့ကို လက်မခံကြဖို့ ဩဂုတ်လ ၂၇ ရက်မှာလုပ်တဲ့ မြန်မာ့နိုင်ငံအတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့လုပ်ဆောင်မှုဆိုတဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။ လာမယ့်ကုလ အထွေထွေညီလာခံမှာ NUG အစိုးရကို လက်ခံပေးဖို့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေကဆင့် ကြိုးပမ်းသွားမယ်လို့လည်း သူကပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG