သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် မလေးရှားရောက် အိမ်အကူတွေ အဓမ္မခိုင်းစေခံရ (ILO)


မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အိမ်တအိမ်မှာတွေ့ရတဲ့ အင်ဒိုနီးရှား အိမ်ဖော်တဦး (ဇွန် ၂၆၊ ၂၀၀၉)
မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အိမ်တအိမ်မှာတွေ့ရတဲ့ အင်ဒိုနီးရှား အိမ်ဖော်တဦး (ဇွန် ၂၆၊ ၂၀၀၉)

မြန်မာနိုင်ငံအပါအဝင် အာရှက ဖွံဖြိုးဆဲနိုင်ငံတွေကနေ၊ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာ အိမ်အကူအဖြစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေဟာ အတင်းအကြပ်လုပ်အားပေးခိုင်းခံရတဲ့ အခြေအနေမျိုးမှာ လုပ်နေရတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က ပြောလိုက်ပါတယ်။

ILO ကနေ ဒီနေ့ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ မလေးရှားနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ပုံ ၁ ပုံက အိမ်အကူအဖြစ်လုပ်နေကြပြီး အဲဒီလူတွေဟာ အလုပ်ချိန်တွေ ပိုလုပ်ရတာ၊ အချိန်ပိုကြေးမရတာ၊ လုပ်ခလစာနည်းတာ၊ အသွားအလာ ကန့်သတ်ခံရတာနဲ့ အလုပ်ကနေထွက်မရတာစတဲ့ အတင်းအကြပ်လုပ်အားပေးခိုင်းစေခံနေရတဲ့ အခြေအနေမျိုးမှာ လုပ်နေရတယ်လို့ ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ အိမ်အကူအဖြစ်လုပ်နေကြတဲ့သူ ၁၂၀၁ ယောက်ကို အခြေခံပြီးလုပ်ထားတဲ့ အဲဒီစစ်တမ်းအရ မလေးရှား နိုင်ငံမှာ အဲဒီလိုအခြေအနေမျိုး ကြုံနေရတာ ၂၉ % ရှိပြီး၊ စင်ကာပူက ၇ % နဲ့ ထိုင်းနိုင်ငံမှာ ၄ % ရှိတယ်လို့ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က အိမ်အကူအလုပ်သမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပြဌာန်းလိုက်တာကြောင့် အခြေအနေတွေက တိုးတက်လာခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရကပြောပါတယ်။ ဒါပေမဲ့လည်း ဒီ ILO က ထုတ်ပြန် လိုက်တဲ့ ဒီစစ်တမ်းနဲ့ပတ်သက်ပြီးတော့ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကနေ တစုံတရာ ချက်ချင်းတုံ့ပြန်တာတော့ မရှိသေးပါဘူး။

အဲဒီ နိုင်ငံ ၃ ခုစလုံးမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အိမ်အကူအလုပ်သမားတွေရဲ့ ပျမ်းမျှအလုပ်ချိန်ဟာ တခြားအလုပ်သမားတွေ နဲ့ ယှဉ်ရင် ပိုများနေတဲ့အပြင် သတ်မှတ်ထားတဲ့အခြေခံလစာကိုလည်း မရကြဘူးလို့ ILO က ပြောပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား နဲ့ စင်ကာပူ နိုင်ငံတွေကို တရားဝင်ရော၊ တရားမဝင်နည်းလမ်းတွေနဲ့ပါ သွားရောက်ကြပြီး၊ အဲဒီမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေ၊ ငါး ဖမ်းလုပ်ငန်းတွေ ၊ စားသောက်ကုန်လုပ်ငန်းတွေမှာသွားရောက် လုပ်ကိုင်ကြသလို ၊ တချို့တွေလည်း အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာဆိုရင်လည်း မြန်မာနိုင်ငံကနေ သွားရောက်ပြီး အိမ်အကူလုပ်နေသူတွေ အများအပြားရှိပြီး၊ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လတုန်းကတော့ မြန်မာနိုင်ငံက လာရောက်အလုပ်လုပ်တဲ့ အိမ်အကူတဦးကို သတ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူ့ကို ညှင်းပန်းနှိမ်စက်ပြီးတော့ သတ်ခဲ့တဲ့ စင်ကာပူနိုင်ငံသူကိုတော့ စင်ကာပူတရားရုံက ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG