kelgan.ပစိဖိတ်သမုဒ္ဒရာ မုန်တိုင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ တနင်္လာနေ့ ဇန်နဝါရီ ၉ ရက်၊ ၂၀၂၃ ထိ သေဆုံးသူ ၁၂ ဦးရှိသွားပါပြီ။ ရေကြီးမြေပြိုမှုအန္တရာယ်ကြောင့် မွန်တက်စီဒိုတမြို့လုံးနဲ့ အနားက ဆန်တာဘာဘရာ ကမ်းရိုးတန်းတလျှောက် ပတ်ဝန်းကျင် အပါအဝင် လူပေါင်း ၂ သောင်းခွဲလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ရေဘေး ဓာတ်ပုံသတင်း (ဇန်နဝါရီ ၁၀၊ ၂၀၂၃)
This image contains sensitive content which some people may find offensive or disturbing.
၁
ကယ်လီဖိုးနီးယားပြည်နယ်၊ ကတ်ပီတိုလာမြို့မှာ ရေထဲထိုးထွက်နေတဲ့ ဆိပ်ခံတံတား ၂ ပိုင်းကျိုးပျက်စီးနေတာကို ဝေဟင်ကရိုက်ကူးထားတာပါ (ဇန်နဝါရီ ၉၊ ၂၀၂၃) ။ မိုးဇလပညာရှင်တွေ ဆိုင်ကလုံးဗုံးလို့နာမည်တပ်တဲ့ မုန်တိုင်းကြောင့် ပြည်နယ်တခုလုံး ရေလွှမ်းမိုးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ကိန်းရှိပါတယ်။
This image contains sensitive content which some people may find offensive or disturbing - Click to reveal

၂
မွန်တက်စီဒိုမြို့မှာ ရေကျော်နေသည်ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ နေရာအနှံ့တွေ့ရပြီး အဲဒီလိုတားထားရင် ဒီလမ်းက ဆက်မောင်းလို့မရပါဘူး။

၃
ဆာခရာမန်တိုခရိုင် စည်ပင်အဖွဲ့စားတွေ မုန်တိုင်းအပြီး လျှပ်စီလိုင်းတွေ ပြန်ထူနိုင်ဖို့ ပြင်နေကြရပါတယ်။ (ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၉၊ ၂၀၂၃)

၎
ဂီလ်ရိုင်မြို့က ရေကြီးနေတဲ့ အိမ်တလုံးဖြစ်ပါတယ်။ ကားအမြင့်တွေ ရေဖုံးလုနီးဖြစ်ပြီး ဟိုင်းလက်စ်လို ကားတစီး ခေါင်မိုးနားထိ မြုပ်နေပါတယ်။ (ဇန်နဝါရီ ၉၊ ၂၀၂၃)