သုံးရလွယ်ကူစေသည့် Link များ

ကန်သမ္မတသစ် ကျမ်းကျိန်ပွဲ လုံခြုံရေးဝတ်စုံပြည့် လေ့ကျင့်


ကန်သမ္မတသစ် ကျမ်းကျိန်ပွဲ အတွက် လေ့ကျင့်နေစဉ်

တနင်္ဂနွေနေ့ အာရုဏ်မတက်ခင်မှာပဲ အမေရိကန် စစ်သားတွေဟာ ၀ါရှင်တန် ဒီစီမြို့အပြင်မှာရှိတဲ့ Joint-Base Andrew လေတပ် အခြေစိုက်စခန်းမှာ စုဝေးခဲ့ကြပြီး၊ လွှတ်တော် အဆောက်အဦးမှာ လုံခြုံရေး တာဝန်ယူဖို့ ဘတ်စကားတွေနဲ့ မသွားခင် ပင်တဂွန် စစ်ဌာနချုပ်ကို သွားခဲ့ကြပါတယ်။

လာမယ့် သောကြာနေ့၊ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ လွှတ်တော်အဆောက်အဦးနဲ့ ၀ါရှင်တန် မြို့လယ်ခေါင်က သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေမှာ စစ်သည်တွေနဲ့ ကန့်သတ်ထားတဲ့ ဘင်ခရာအဖွဲ့တွေသာ ချီတက် သွားလာခွင့်ရှိအောင် ၀ါရှင်တန် ဒီစီ မြို့တော်နဲ့ လွှတ်တော်လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့တွေက လမ်းတွေကို ပိတ်ထားပါတယ်။

စစ်သည်တော်တွေဟာ သမိုင်းဝင် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ တူနိုင်သမျှ တူအောင် လေ့ကျင့်ခဲ့ကြတာ ဖြစ်ပြီး တကယ့်ပွဲနေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump၊ ဒုသမ္မတ Mike Pence နဲ့ သူတို့ရဲ့ မိသားစုတို့ ဖြတ်သွားမယ့် လမ်းတလျှောက်မှာ သူတို့နဲ့ နီးနိုင်သမျှ နီးအောင် နေရာယူနိုင်ဖို့ ဖြစ်ပါတယ်။

ကန်သမ္မတသစ် ကျမ်းကျိန်ပွဲ အတွက် လေ့ကျင့်နေစဉ်
ကန်သမ္မတသစ် ကျမ်းကျိန်ပွဲ အတွက် လေ့ကျင့်နေစဉ်

ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကြည့်ဖို့အတွက် ၀ါရှင်တန် ဒီစီမြို့ကို လူပေါင်း ၈၀၀,၀၀၀ ကနေ ၉၀၀,၀၀၀ အထိ လာကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်ဟာ ၂၀၀၉ ခုနှစ်က သမ္မတ Barack Obama ပထမအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုတုန်းက လာရောက်ခဲ့တဲ့ အရေအတွက်ထက်စာရင် အများကြီး နည်းနေပါတယ်။ ဒါပေမယ့် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ပွဲကို လာကြတဲ့သူ အတော်များများဟာ ဒီအခမ်းအနားကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေ ပါဝင်မှာ ဖြစ်တဲ့အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲဟာလည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG