အာရှဒေသအတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာအတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံအလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
အရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဆောင်လာသလို ပြည်တွင်း ကုန်ထုတ်စက်မှုလုပ်ငန်းတွေလည်း ပိုတိုးချဲ့လုပ်ဆောင်လာနေတဲ့ အနေအထားမှာ မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေအတွက် နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးက အဓိကလုပ်ဆောင်ရမယ့် အချက်ဖြစ်လာနေတာပါ။ ဒါကြောင့် အနိမ့်ဆုံးအဆင့် အခြေခံ လုပ်အားလစာ တရားဝင်နှုန်းထား သတ်မှတ်နိုင်ရေး အတွက် အစိုးရတာဝန်ရှိသူတွေက အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။
အခြေခံလုပ်အားခ နည်းပါးပြီး အလုပ်ချိန်နဲ့လုပ်အား မမျှတလို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံး နစ်နာရသူတွေအတွက် အခြေခံလုပ်အားခ လစာသတ်မှတ်တဲ့နေရာမှာ နိုင်ငံတကာ အလုပ်သမား ဥပဒေတွေရဲ့ စံချိန်စံနှုန်းနဲ့ အညီ ရေးဆွဲနိုင်ဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက ကြိုးစားနေတယ်လို့ အမျိုးသားအဆင့်အလုပ်သမားကိုယ်စားလှယ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“နိုင်ငံတကာရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေသတ်မှတ်မှုအရတော့ ၂ မျိုးရှိတာကိုး၊ တမျိုးက အလုပ်တွေကို အမျိုးအစားအလိုက် အနှေးယာဉ် လုပ်သားဆို၊ အနှေးယာဉ်လုပ်သား တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ သဘောပေါ့-တရာဆို တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ ကျောင်းဆရာဆို တစ်ရက်ဘယ်လောက်ဖြစ်မလဲပေါ့။ အလုပ်ရဲ့အမျိုးအစားအလိုက် အနိမ့်ဆုံးအခကြေးငွေတွေ သတ်မှတ်လိုက်တာ။ ဥပမာ အိန္ဒိယလိုနိုင်ငံမျိုးပေါ့။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက်ကြောင့် အနည်းဆုံးအခကြေးငွေဟာ အများကြီးဖြစ်လာတာပေါ့။ ဥပမာ ထောင်ဂဏန်းတွေ ဘာတွေ ဖြစ်လာတာပေါ့။ ဒါက တမျိုးပေါ့။ သူက လုပ်ရတာလည်း နည်းနည်းပိုရှုတ်ထွေးတယ်ပေါ့။ နောက် တစ်မျိုး ကတော့ universal wage floor ခေါ်တာပေါ့။ အားလုံးတပြေးညီပုံစံမျိုးနဲ့ တနိုင်ငံလုံးကိုသတ်မှတ်လိုက်တာပေါ့။ အလုပ်အကိုင်၊ အမျိုးအစား၊ နေရာဒေသမခွဲဘဲနဲ့ လုပ်တာပေါ့။ ဒါပေမယ့် တချို့နေရာတွေကျတော့ ဖွံ့ဖြိုးတဲ့ဒေသနဲ့ မဖွံ့ဖြိုးတဲ့ဒေသဆိုပြီး အဲဒီမှာ စံနှုန်း နှစ်ခုလောက် သတ်မှတ်လိုက်တာပေါ့လေ။ အဲလို လုပ်တာတော့ ရှိတယ်။”
အနိမ့်ဆုံးလုပ်အားခလစာသတ်မှတ်နိုင်ရေး မြန်မာနိုင်ငံတွင်း ပြည်နယ်၊ တိုင်းဒေသအသီးသီးမှာ လုပ်ငန်းခွင်အနေအထား၊ အလုပ်သမား ဦးရေ၊ လက်ရှိရရှိတဲ့ လုပ်အားခ လစာနှုန်းထားတွေကို စာရင်းလိုက်လံ ကောက်ခံယူနိုင်ဖို့ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အတူ အမျိုးသားအဆင့် ကော်မတီအနေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကနေပြီးတော့မှ ကောက်ထားတဲ့စစ်တမ်းတွေအရကတော့ အလုပ်သမားတွေရဲ့အသံတွေ ကြားတာကတော့ သူတို့က ဒေသအလိုက် လုပ်ခလစာ သတ်မှတ်ရေးကို ပိုပြီး ဦးစားပေးမယ့်သဘောရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဘာမြင်လဲဆိုတော့ အဓိက ကတော့ သတင်းအချက်အလက်စုဆောင်းဖို့က အရေးကြီးပါတယ်။ ဥပမာ ချင်းပြည်နယ်လို ဒေသမျိုးက အလုပ်သမားတစ်ယောက်ဟာ တစ်နေ့ သူ့ရဲ့လူနေထိုင်မှုစရိတ်စကတွေဟာ ဘယ်လောက်ရှိနိုင်မလဲ၊ သူအပါအဝင် သူ့မိသားစု တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ်ပေါ့နော်။ အဲဒါကတော့ နောက်ညှိနှိုင်းရမယ့် အနေအထားပေါ့။ အဓိက-ကတော့ ကောက်လို့ရရှိလာမယ့် သတင်းအချက်အလက်တွေပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။”
မြန်မာနိုင်ငံတွင်း စက်ရုံတချို့မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေမှာလည်း အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုနဲ့ အခြေခံလုပ်အားခလစာ နည်းပါးမှုကြောင့် ဖြစ်တာမို့ အလုပ်ရှင်-အလုပ်သမားကြား တင်းမာမှုတွေ လျော့ပါးအောင် အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခြေခံလုပ်အားခလစာ အမြန်ဆုံးသတ်မှတ်နိုင်ဖို့အရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတယ်လို့လည်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
အခြေခံလုပ်အားခလစာ ဥပဒေပြဌာန်းလာနိုင်တဲ့အခါမှာတော့ လုပ်အားခ လစာ ခေါင်းပုံဖြတ်ခံနေရတဲ့ နစ်နာဆုံးရှုံးမှုနေရတဲ့ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေ အတွက် မျှော်လင့်ချက်ရှိစရာ ရှိလာနိုင်ပေမဲ့လို့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ အတွက်ကတော့ သမဂ္ဂတွေမှာ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။