သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဘာသာရေး ပဋိပက္ခ ပြည်ပကို ရိုက်ခတ်


(Zawgyi / Unicode)

ကမ ္ဘာမှာ ဒုတိယ လူဦရေ အထူထပ်ဆုံး အိန္ဒိယ နိုင်ငံတွင်း ဘာသာရေး တင်းမာမှုတွေကြောင့် နိုင်ငံတွင်းနဲ့ နိုင်ငံ ပြင်ပက တက်ကြွလှုပ်ရှားသူ တချို့က အိန္ဒိယ ထုတ်ကုန်တွေနဲ့ Qatar Airways တို့ကို သပိတ်မှောက်ဖို့ တောင်းဆိုလာကြပါတယ်။

မူဆလင် နိုင်ငံတွေမှာ အိန္ဒိယ ထုတ်ကုန် အားလုံးကို သပိတ်မှောက်ကြဖို့ ဘင်္ဂလားဒေရှ့်နဲ့ ပါကစ္စတန်မှာ သောကြာနေ့က မူဆလင် ထောင်နဲ့ချီပြီး ဆန္ဒပြ ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။ ကမ ္ဘာ့ မူဆလင် အသိုင်းအဝိုင်းက ညီညွတ်ကြပါတယ်။ အိန္ဒိယ ထုတ်ကုန်တွေကို တကမ ္ဘာလုံးက သပိတ်မှောက်ကြဖို့ တောင်းဆိုပါတယ်လို့ Bangladehsi Islamist ပါတီ အကြီးအကဲ Moulana Imtiaz Alam က ပြောဆိုကြောင်း AP က ဖော်ပြပါတယ်။

သီးခြား ဖြစ်ရပ်ကတော့ အိန္ဒိယရဲ့ အာဏာရ Bharatiya Janata ပါတီရဲ့ အဖွဲ့ဝင်တွေရဲ့ အစ္စလာမ်ဆန့်ကျင်ရေး ပြောဆိုချက်လို့ ဆိုပြီး သံတမန်ရေး အရ ကာတာ နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်တာကို ဆန့်ကျင်တဲ့ အနေနဲ့ တချို့ ဟိန္ဒူ တက်ကြွလှုပ်ရှားသူတွေကလည်း #boycottqatarairways ကို သုံးပြီး ဆန့်ကျင်လှုပ်ရှားနေကြပါတယ်။ အိန္ဒိယ နိုင်ငံတွင်း ဒေသတွေမှာ မူဆလင်တွေရဲ့ သီတင်းပတ်တွေနဲ့ချီ ဆန္ဒပြမှုတွေ အတွင်း အများအပြား ဒဏ်ရာရပြီး ဆယ်ကျော်သက် မူဆလင် လူငယ် နှစ်ဦး သေနတ်မှန် သေဆုံးခဲ့ရပြီးနောက် စနေနေ့မှာတော့ ရဲတပ်ဖွဲ့က ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။

BJP ပါတီရဲ့ ခေါင်းဆောင် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အနေနဲ့ အာဏာရလာပြီးချိန် ကတည်းက ဟိန္ဒူ - မူဆလင် တင်းမာမှုတွေကို လှုံ့ဆော်ပေးနေတာလို့ စွပ်စွဲခံရပြီး ဒီစွပ်စွဲချက်ကိုတော့ သူကိုယ်တိုင်ရော သူ့ကို ထောက်ခံသူတွေကပါ ထပ်ခါတလဲလဲ ငြင်းဆိုထားတာပါ။ လူဦးရေ သန်း ၁၃၀၀ ရှိတဲ့ အိန္ဒိယ နိုင်ငံမှာ လူဦးရေရဲ့ ၁၄ ဒသမ ၂ ရာခိုင်နှုန်းက မူဆလင်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

အိန်ဒိယဘာသာရေး ပဋိပက်ခ ပွညျပကို ရိုကျခတျ




XS
SM
MD
LG