အိႏၵိယမွာ ဘာသာေရးအဓိက႐ုဏ္းအတြင္း လူငယ္ ၂ ဦးေသဆုံး
{{Zawgyi/Unicode}}
အိႏၵိယ အာဏာရပါတီရဲ႕ တာ၀န္ရွိသူ ၂ ဦးက မူဆလင္တို႔ရဲ႕ တမန္ေတာ္ မိုဟာမက္ အေၾကာင္း ထိပါးေျပာဆိုခဲ႔ၿပီးေနာက္ ေသာၾကာေန႔က ႏိုင္ငံ အေရွ႕ပိုင္းမွာ ဟိႏၵဴနဲ႔ မူဆလင္ၾကား ထိပ္တိုက္ ပဋိပကၡေတြ ျဖစ္ခဲ႔တာမွာ ဆယ္ေက်ာ္သက္ ၂ ဦး ေသဆံုးခဲ႔ေၾကာင္း ရဲတပ္ဖြဲ႔က စေနေန႔မွာ ေျပာပါတယ္။
Jharkhand ျပည္နယ္ Ranchi ၿမိဳ႕က အၾကမ္းဖက္မႈေတြကို ရဲက ေသနတ္နဲ႔ပစ္ လူစုခြဲခဲ႔တာပါ။ ဒါေပမယ့္ ေသဆံုးသူ ၂ ဦးကေတာ့ ရဲ ေၾကာင့္လား ဒါမွမဟုတ္လည္း ဆူပူအံုႂကြသူေတြေၾကာင့္လားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။
Ranchi ၿမိဳ႕နဲ႔ တျခားေဒသေတြက ပဋိ္ပကၡေတြ အတြင္း အနည္းဆံုး ရဲတပ္ဖြဲ႔၀င္ ၁၄ ဦး ထိခိုက္ဒဏ္ရာရေၾကာင္းလည္း ရဲတပ္ဖြဲ႔ရဲ႕ အႀကီးတန္း တာ၀န္ရွိသူ Surendra Kumar Jha က ေျပာပါတယ္။ မတည္မၿငိမ္မႈေတြ ထပ္ျဖစ္လာမယ့္ အေရးကို ထိန္းခ်ဳပ္ႏိုင္ေရး အတြက္ အင္တာနက္ ၀န္ေဆာင္မႈေတြကို ျဖတ္ေတာက္ထားၿပီး ညမထြက္ရ အမိန္႔လည္း ထုတ္ျပန္ခဲ႔ပါတယ္။
ေသာၾကာေန႔ ၀တ္ျပဳပြဲ အၿပီး ၿမိဳ႔ အေတာ္မ်ားမ်ားမွာ မတည္မၿငိမ္ျဖစ္ခဲ႔ၿပီးေနာက္ပိုင္း ေျမာက္ပိုင္း Uttar Pradesh ျပည္နယ္မွာေတာ့ ဆူပူအံုႂကြသူ စြပ္စြဲခ်က္နဲ႔ လူေပါင္း ၂၃၀ ကို ဖမ္းဆီးခဲ႔ေၾကာင္း ရဲက ေျပာပါတယ္။
၀န္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ အာဏာရ BJP ပါတီက တာ၀န္ရွိသူ ၂ ဦးက မူဆလင္တို႔ရဲ႕ တမန္ေတာ္ မိုဟာမက္ အေၾကာင္း မွတ္ခ်က္ေပး ေျပာဆိုခဲ႔ၿပီးေနာက္ မူဆလင္ေတြက ဆန္႔က်င္ ဆႏၵျပခဲ႔ၾကတာပါ။ အစၥလာမ္ ဆန္႔က်င္ေရး ေျပာဆိုခဲ႔ၾကတဲ႔ BJP ပါတီက ေျပာခြင့္ရ အမ်ိဳးသမီး Nupur Sharma ကို ရာထူးက ဆိုင္းငံ႔ခဲ႔သလို ေနာက္ ေခါင္းေဆာင္ တဦး ျဖစ္တဲ႔ Naveen Kumer Jindal ကိုလည္း ရာထူးက ဖယ္ရွားခဲ႔ပါတယ္။
အိန္ဒိယမှာ ဘာသာရေးအဓိကရုဏ်းအတွင်း လူငယ် ၂ ဦးသေဆုံး
{{Zawgyi/Unicode}}
အိန္ဒိယ အာဏာရပါတီရဲ့ တာဝန်ရှိသူ ၂ ဦးက မူဆလင်တို့ရဲ့ တမန်တော် မိုဟာမက် အကြောင်း ထိပါးပြောဆိုခဲ့ပြီးနောက် သောကြာနေ့က နိုင်ငံ အရှေ့ပိုင်းမှာ ဟိန္ဒူနဲ့ မူဆလင်ကြား ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ခဲ့တာမှာ ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။
Jharkhand ပြည်နယ် Ranchi မြို့က အကြမ်းဖက်မှုတွေကို ရဲက သေနတ်နဲ့ပစ် လူစုခွဲခဲ့တာပါ။ ဒါပေမယ့် သေဆုံးသူ ၂ ဦးကတော့ ရဲ ကြောင့်လား ဒါမှမဟုတ်လည်း ဆူပူအုံကြွသူတွေကြောင့်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
Ranchi မြို့နဲ့ တခြားဒေသတွေက ပဋိပက္ခတွေ အတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ အကြီးတန်း တာဝန်ရှိသူ Surendra Kumar Jha က ပြောပါတယ်။ မတည်မငြိမ်မှုတွေ ထပ်ဖြစ်လာမယ့် အရေးကို ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဝန်ဆောင်မှုတွေကို ဖြတ်တောက်ထားပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ခဲ့ပါတယ်။
သောကြာနေ့ ဝတ်ပြုပွဲ အပြီး မြို့ အတော်များများမှာ မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက်ပိုင်း မြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာတော့ ဆူပူအုံကြွသူ စွပ်စွဲချက်နဲ့ လူပေါင်း ၂၃၀ ကို ဖမ်းဆီးခဲ့ကြောင်း ရဲက ပြောပါတယ်။
ဝန်ကြီးချုပ် Narendra Modi ရဲ့ အာဏာရ BJP ပါတီက တာဝန်ရှိသူ ၂ ဦးက မူဆလင်တို့ရဲ့ တမန်တော် မိုဟာမက် အကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့ပြီးနောက် မူဆလင်တွေက ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။ အစ္စလာမ် ဆန့်ကျင်ရေး ပြောဆိုခဲ့ကြတဲ့ BJP ပါတီက ပြောခွင့်ရ အမျိုးသမီး Nupur Sharma ကို ရာထူးက ဆိုင်းငံ့ခဲ့သလို နောက် ခေါင်းဆောင် တဦး ဖြစ်တဲ့ Naveen Kumer Jindal ကိုလည်း ရာထူးက ဖယ်ရှားခဲ့ပါတယ်။