သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ဟိႏၵဴ-မြတ္ဆလင္ အဓိကရုဏ္း ေသဆုံးသူ ၃၀ ေက်ာ္ၿပီ


(Zawgyi/Unicode)

အိႏၵိယႏုိင္ငံၿမိဳ႕ေတာ္ နယူးေဒလီမွာ ဟိႏၵဴနဲ႔ မြတ္ဆလင္ေတြအၾကား အဓိကရုဏ္းျဖစ္ေနတဲ့ ေဒသေတြမွာ ၾကာသပေတးေန႔က လုံၿခံဳေရးတပ္ဖြဲ႔ေတြကုိ ခ်ထားလုိက္ပါတယ္။ ဒီ အဓိကရုဏ္းေၾကာင့္ အနည္းဆုံး လူ ၃၂ ဦး ေသဆုံးခဲ့ၿပီး ၂၀၀ ေက်ာ္လည္း ထိခုိက္ ဒဏ္ရာရခဲ့ၿပီး ျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ Narendra Modi က အေျခအေနေတြ တည္ၿငိမ္ေရးအတြက္ ေမတၱာရပ္ခံၿပီး ေနာက္တေန႔မွာဘဲ အဓိကရုဏ္းေတြ ထပ္မံ မျဖစ္ေပၚေရးအတြက္ နယူးေဒလီၿမိဳ႕ေျမာက္ပုိင္းေဒသေတြမွာ လုံၿခံဳေရးတပ္ဖြဲ႔ေတြ ကင္းလွည့္ခဲ့တာပါ။

အစုိးရအေနနဲ႔ အၾကမ္းဖက္မႈေတြ ေလ်ာ့က်ေရး လုံေလာက္စြာ လုပ္ေဆာင္ခဲ့ျခင္းမရွိဘူးဆုိၿပီး အတုိက္အခံပါတီ ေခါင္းေဆာင္ေတြက ေ၀ဖန္ ေျပာဆုိလုိက္ၿပီး ျပည္ထဲေရး၀န္ႀကီး Amit Shah အေနနဲ႔ သူလုပ္ရမယ့္ တာ၀န္ေတြကုိ ေကာင္းမြန္စြာ လုပ္ေဆာင္ျခင္းမရွိတဲ့အတြက္ ရာထူးက ႏႈတ္ထြက္ေပးဖုိ႔ အဓိက အတုိက္အခံပါတီႀကီးျဖစ္တဲ့ Congress ပါတီက ေတာင္းဆုိလုိက္ပါတယ္။

အိမ္နီးခ်င္း အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္တုိ႔က အိႏၵိယႏုိင္ငံထဲ ထြက္ေျပးခုိလုံလာၾကတဲ့ ဟိႏၵဴ၊ ခရစ္ယာန္၊ ဗုဒၶဘာသာနဲ႔ ဂ်ိန္းဘာသာ၀င္ေတြကုိ ႏုိင္ငံျခားေလွ်ာက္ခြင့္ျပဳတဲ့ ဥပေဒသစ္ကုိ ကန္႔ကြက္သူေတြက နယူးေဒလီၿမိဳ႕က ရပ္ကြက္ေတြထဲမွာ ၿပီးခဲ့တဲ့ စေနေန႔က လမ္းေတြပိတ္ ဆႏၵျပခဲ့ၾကရာက အဓိရုဏ္းေတြ စတင္ခဲ့တာပါ။

၀န္ႀကီးခ်ဳပ္ Modi အစုိးရက ျပဌာန္းလုိက္တဲ့ ႏုိင္ငံသားျဖစ္ေရးဆုိင္ရာ ဥပေဒသစ္ဟာ မြတ္ဆလင္ေတြကုိ တဘက္သတ္ ဖိႏွိပ္ ကန္႔သတ္ထားတဲ့ ဥပေဒျဖစ္တယ္ဆုိလုိ႔ ဆႏၵျပသူေတြက ေျပာဆုိေနၾကတာပါ။ ဒါ့အျပင္ အိႏၵိယႏုိင္ငံသားျဖစ္ေၾကာင္း အေထာက္ျပၿပီး မွတ္ပုံတင္ရမယ္ဆုိတဲ့ အဆုိျပဳခ်က္ကုိလည္း ဆႏၵျပသူေတြက ကန္႔ကြက္ေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


................

အိန္ဒိယ ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်း သေဆုံးသူ ၃၀ ကျော်ပြီ

(Unicode)

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေအကြား အဓိကရုဏ်းဖြစ်နေတဲ့ ဒေသတွေမှာ ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့တွေကို ချထားလိုက်ပါတယ်။ ဒီ အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော်လည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi က အခြေအနေတွေ တည်ငြိမ်ရေးအတွက် မေတ္တာရပ်ခံပြီး နောက်တနေ့မှာဘဲ အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပေါ်ရေးအတွက် နယူးဒေလီမြို့မြောက်ပိုင်းဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်ခဲ့တာပါ။

အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ လျော့ကျရေး လုံလောက်စွာ လုပ်ဆောင်ခဲ့ခြင်းမရှိဘူးဆိုပြီး အတိုက်အခံပါတီ ခေါင်းဆောင်တွေက ဝေဖန် ပြောဆိုလိုပြီး ပြည်ထဲရေးဝန်ကြီး Amit Shah အနေနဲ့ သူလုပ်ရမယ့် တာဝန်တွေကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းမရှိတဲ့အတွက် ရာထူးက နှုတ်ထွက်ပေးဖို့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ Congress ပါတီက တောင်းဆိုလိုက်ပါတယ်။

အိမ်နီးချင်း အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့က အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလုံလာကြတဲ့ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာဝင်တွေကို နိုင်ငံခြားလျှောက်ခွင့်ပြုတဲ့ ဥပဒေသစ်ကို ကန့်ကွက်သူတွေက နယူးဒေလီမြို့က ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ စနေနေ့က လမ်းတွေပိတ် ဆန္ဒပြခဲ့ကြရာက အဓိရုဏ်းတွေ စတင်ခဲ့တာပါ။

ဝန်ကြီးချုပ် Modi အစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ရေးဆိုင်ရာ ဥပဒေသစ်ဟာ မွတ်ဆလင်တွေကို တဘက်သတ် ဖိနှိပ် ကန့်သတ်ထားတဲ့ ဥပဒေဖြစ်တယ်ဆိုလို့ ဆန္ဒပြသူတွေက ပြောဆိုနေကြတာပါ။ ဒါ့အပြင် အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက်ပြပြီး မှတ်ပုံတင်ရမယ်ဆိုတဲ့ အဆိုပြုချက်ကိုလည်း ဆန္ဒပြသူတွေက ကန့်ကွက်နေကြတာပါ။

XS
SM
MD
LG