သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်ဂိုဏ်းမှာလုပ်ဖို့ လိမ်လည်ခံရသူတွေအရေး အိန္ဒိယ အလေးပေးဆောင်ရွက်နေ


အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar

လစာကောင်းကောင်းရမယ်လို့ ဖျားယောင်းသွေးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေ ဆွဲဆောင်ခံနေရတဲ့ကိစ္စကို အရေးကြီးတဲ့ကိစ္စအဖြစ် အိန္ဒိယအစိုးရက ကိုင်တွယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကနေ အိန္ဒိယနိုင်ငံသား ၆၅၀ ကို ကယ်တင်ခဲ့ရတယ်လို့ အောက်လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ဒီနေ့ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကနေ ကယ်တင်ခဲ့ရသူ ၄၁၅ ယောက်ရှိတယ်လို့ ဝန်ကြီးက ပြောပေမဲ့ ဘယ်ကာလကလည်းဆိုတာကို ပြောခြင်း မရှိပါဘူး။

ဒီပြဿနာဘယ်လောက်ကြီးကျယ်တယ်ဆိုတာ အစိုးရက နားလည်သဘောပေါက်ကြောင်းနဲ့ ခက်ခက်ခဲခဲ ကြိုးစားနှိမ်နှင်းရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Jaishankar က လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဒီပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာကိုလည်း သူက တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံထဲက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်ဖျားယောင်းတဲ့ ထောင်ချောက်ထဲ ရောက်မသွားအောင်သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇွန်လကပဲ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်ခိုင်းခံရတဲ့သူ တသိန်းနှစ်သောင်းလောက် ရှိမယ်လို့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ် ကုလသမဂ္ဂ အစီရင်ခံစာမှာဖေါ်ပြပြီး အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသား အများအပြား ပါဝင်ပါတယ်။ ဒီလို အွန်လိုင်းမှာ လှည့်ဖျားခံရတဲ့ လူငယ်တွေကို ကယ်ဆယ်ရေး အိန္ဒိယအစိုးရအနေနဲ့ အထူး အလေးအနက်ထား ဆောင်ရွက်နေတယ်လို့လည်း အန္ဒိယနိုင်ငံရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG