သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူလုပ်ကျွန်းပေါ် ပထမဆုံးအကြိမ် လေယာဉ် ဆင်းသက်ခဲ့


တောင်တရုတ်ပင်လယ်တွင်းက တရုတ်ဆောက်လုပ်ထားတဲ့ လူလုပ်ကျွန်း
တောင်တရုတ်ပင်လယ်တွင်းက တရုတ်ဆောက်လုပ်ထားတဲ့ လူလုပ်ကျွန်း

တောင်တရုတ်ပင်လယ်တွင်းက တရုတ်ဆောက်လုပ်ထားတဲ့ လူလုပ်ကျွန်းပေါ်မှာ တရုတ် လေယာဉ်တစ်စင်း ပထမဆုံး ဆင်းသက်ခဲ့တာကြောင့် တရုတ်နဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေ တိုးလာနေပါတယ်။

Spratly ကျွန်းစုတွေထဲက Fiery Cross ကျွန်းမှာ အရပ်ဖက်သုံးလေယာဉ် တစင်း ဆင်းသက်ခဲ့တာဖြစ်ပြီး ဒီကျွန်းစုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာရှပစိတ်ဖိတ် နိုင်ငံတွေကြား သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေကြတာပါ။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဗီယက်နမ်နိုင်ငံက သံတမန်ရေးအရ ကန့်ကွက်ထားပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း အလားတူ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Fiery Cross ကျွန်းပေါ်က လေယာဉ်ပြေးလမ်းဟာ အရပ်ဖက်လေကြောင်း စံနှုန်း စံထားတွေနဲ့ ကိုက်ညီမှုရှိမရှိ စမ်းသပ်ဖို့အတွက် အခုလို လေယာဉ် ဆင်းသက်ခဲ့တာ ဖြစ်တဲ့အကြောင်းတရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်ကစတင်ပြီး ကျွန်းငယ်လေးတွေပေါ်မှာ လေယာဉ်ပြေးလမ်းနဲ့ အဆောက်အဦးတွေ ဆောက်လုပ်ရအောင် မြေဖို့ ချဲ့ထွင်တဲ့ စီမံကိန်းတွေကို တရုတ်နိုင်ငံဟာ အကောင်အထည်ဖေါ်လာခဲ့တာပါ။ ဒီလို Fiery ကျွန်းက တရုတ်နိုင်ငံရဲ့ အခုလို စမ်းသပ်ပျံသန်းမှုဟာ တင်းမာမှုတွေ မြင့်တက်လာစေပြီး ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က တနင်္လာနေ့တုန်းက ပြောပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာလတုန်းက Spratly ကျွန်းစုတွေထဲက Subi ကျွန်းနဲ့ ၂၂ ကီလိုမီတာအကွာမှာ ပဲ့ထိန်းတပ်ဒုံးကျည်ကို အမေရိကန်က နေရာချထားခဲ့ပြီး ဒါဟာ နိုင်ငံတကာရေပြင်ပိုင်နက်အတွင်းFreedom of Navigation (FON) စစ်ဆင်ရေး အစိတ်အပိုင်းတရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ FON ဆိုတာဟာ နိုင်ငံတကာပိုင်နက်အတွင်း တခြားနိုင်ငံတွေအနေနဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပါတ်သတ်ပြီး မူဘောင်ကျော် တောင်းဆိုလာလျင် အမေရိကန်အနေနဲ့ ဟန့်တားတဲ့ အခါမှာ ဆောင်ရွက်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

XS
SM
MD
LG