သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယပညာတတ်တွေ အမေရိကန်ထက် ကနေဒါကို ပိုမိုဦးတည်


အိန္ဒိယ ကျောင်းသားတွေနဲ့ ပညာရှင်တွေ ရွှေ့ပြောင်း အခြေချလိုတဲ့ ထိပ်တန်း ရွေးချယ်မှု အဖြစ် အမေရိကန် ပြည်ထောင်စုက ဆယ်စုနှစ် ငါး ခု နီးပါးကြာ ရှိလာခဲ့ပေမယ့် အခုတော့ အမေရိကန် ပြည်ထောင်စုက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ ပိုပြီး တင်းကြပ်လာတာကြောင့် သောင်းချီတဲ့ အိန္ဒိယ လူငယ်တွေက အခုတော့ ကနေဒါကို ဦးတည်နေကြပါပြီ။

ကျွမ်းကျင် အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကနေဒါဘက်က လိုလားနေတာပါ။

စာရင်းကိုင်တွေ ဖြစ်တဲ့ Ankit Gupta နဲ့ ဇနီးသည် Shubhi တို့ကတော့ ကိုးနှစ် အရွယ် သမီးဖြစ်သူ အတွက် အနာဂတ်အတွက်ရော၊ အလုပ်နဲ့ မိသားစုဘဝ ပိုပြီး လိုက်လျောညီထွေ ဖြစ်စေဖို့ အတွက် ဖွံ့ဖြိုးပြီး နိုင်ငံတခုကို ရွှေ့ပြောင်းအခြေချလိုကြတာပါ။

အခုတော့ သူတို့ကို ကနေဒါမှာ အမြဲတမ်း နေထိုင်ခွင့် ကမ်းလှမ်းခံရပြီးနောက် ကနေဒါကို ရွှေ့ဖို့ ပြင်ဆင်နေကြပါတယ်။

ကနေဒါနိုင်ငံကလည်း ၂၀၂၁ အရောက်မှာ ကျွမ်းကျင် လုပ်သား တသန်းထိ လက်ခံဖို့ ရည်ရွယ်ထားတာပါ။

အိန္ဒိယ နိုင်ငံကလည်း လူဦးရေ ပိုထူထပ်လာပြီး လေထုညစ်ညမ်းမှုကလည်း ပိုဆိုးလာပါတယ်။ အိန္ဒိယမှာ ကျောင်းကောင်းကောင်း၊ ကောလိပ်ကောင်းကောင်း တက်ခွင့်ရရေး အတွက် ယှဉ်ပြိုင်ရမှုကလည်း များလှတာကြောင့် ကနေဒါမှာ အမြဲတမ်း နေထိုင်ခွင့်ရရေး ကြိုးပမ်းသူတွေထဲမှာ အိန္ဒိယတွေက ထိပ်တန်းက ပါလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG