သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အားကောင်းတဲ့ စီးပွားရေး အိန္ဒိယဆက်လုပ်ချင်


အမေရိကန်က အိန္ဒိယနိုင်ငံကို လာမယ့် လာမယ့်ဇွန်လ ၅ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံအပေါ် ကုန်သွယ်ရေး အထူးခံစားခွင့် ပေးနေတာတွေကို ရပ်တန့်တော့မယ်လို့ သမ္မတထရမ့်က ပြောလိုက်ပေမယ့်လည်း အိန္ဒိယ အနေနဲ့ အမေရိကန်နဲ့ ခိုင်မာတဲ့စီးပွားရေးတွေ တည်ဆောက်ဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အိန္ဒိယအစိုးရက ပြောလိုက်ပါတယ်။

ကံမကောင်းအကြောင်းမလှစွာဘဲ အမေရိကန်ရဲ့ တောင်းဆိုမှုကို အိန္ဒိယဘက်က ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အမေရိကန်ဘက်က လက်မခံခဲ့ဘူးလို့ အိန္ဒိယက ပြောပါတယ်။ အိန္ဒိယအနေနဲ့ ဒီလိုကိစ္စတွေမှာ အမေရိကန် နဲ့ တခြားနိုင်ငံတွေလိုပဲ သူတို့ရဲက အမျိုးသားအကျိုးစီးပွားကိုကြည့်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

ကုန်သွယ်ရေး အထူးခံစားခွင့် (GSP) စနစ်အရ အိန္ဒိယနိုင်ငံကနေ အမေရိကန်ကို တင်သွင်းနေတဲ့ ကုန်ပစ္စည်း တနှစ်ကို ၅.၆ ဘီလျံတန်ဖိုးကို အမေရိကန်က အခွန်မကောက်ဘဲ အခွန်ကင်းလွတ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အကျိုးအမြတ်တွေ အများဆုံးရနေတဲ့ နိုင်ငံဟာ GSP အစီအစဉ်အရ နိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG