Zawgyi/Unicode
အိႏၵိယႏုိင္ငံမွာ မေန႔ ေသာၾကာေန႔ တရက္ထဲ ကို႐ိုနာဗုိင္းရပ္စ္ကာကြယ္ေဆး ၁၀ သန္းထိ ထိုးေပးႏုိင္ခဲ့ပါတယ္။ ဒါဟာ ထူးျခားတဲ့ေအာင္ပြဲတရပ္ျဖစ္တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ နရိန္ဒရာ မိုဒီက ေႂကြးေၾကာ္ပါတယ္။ အိႏၵိယတႏုိင္ငံလံုးမွာ ကာကြယ္ေဆး ၆၂၈ သန္းထိ ထိုးေပးထားပါၿပီ။
အရြယ္ေရာက္သူ ၉၄၄ သန္းကို အနည္းဆုံးေဆးတလံုးေတာ့ ထုိးထားၿပီးၿပီျဖစ္သလို ေဆး ၂ လုံးအျပည့္ထိုးၿပီးသူက ၁၅ %ရွိပါတယ္။ ဒီဇင္ဘာလအေရာက္မွာ အရြယ္ေရာက္သူအားလုံး အၿပီးေဆးထိုးေပးဖို႔ အိႏၵိယအစိုးရက လိုလားေနတာပါ။
အိႏၵိယမွာ ဒီကေန႔တရက္ထဲ ပိုးကူးသူ ၄၆,၀၀၀ ေက်ာ္ထိ ႏွစ္လအတြင္း အျမင့္ဆုံးေရာက္လာခ်ိန္မွာ ကာကြယ္ေဆးထိုးႏွံမႈေတြလည္း အရွိန္ေကာင္းလာတာ ျဖစ္ပါတယ္္။
ကိုဗစ္တတိယလႈိင္းနဲ႔ရင္ဆုိင္ေနရတဲ့ ထုိင္းႏုိင္ငံမွာေတာ့ ေန႔စဥ္ပိုးကူးသူ ၂၀,၀၀၀ ၀န္းက်င္ရွိေနပါတယ္။ ႏိုင္ငံတဝန္း ေဆးရုံေဆးခန္းေတြမွာ ကိုဗစ္လူနာေတြနဲ႔ မႏိုင္မနင္းျဖစ္ေနခ်ိန္မွာ ဘုန္းႀကီးေက်ာင္းေတြမွာ ေဆးစစ္တာေတြ၊ သီးသန္႔ခြဲထားတဲ့ေနရာေတြ လုပ္ထားရပါတယ္။
ဘုန္းႀကီးေတြကိုယ္တုိင္ သကၤန္းေတြေပၚမွာ တကိုယ္ေရကာကြယ္ေရးသုံး PPE ဝတ္စုံေတြဝတ္ၿပီး လူနာေတြအတြက္ ေအာက္ဆီဂ်င္ဗူးေတြနဲ႔ အစားအစာေတြ အိမ္အေရာက္ လိုက္ပို႔တာ၊ ဓာတ္ခြဲနမူနာယူတာမ်ိဳးလိုဝိုင္းလုပ္ေပးေနပါတယ္။ ေသာၾကာေန႔ကေတာ့ ကိုဗစ္ေၾကာင့္ လူ ၃၀၀ နီးပါးေသဆုံးခဲ့တာပါ။
ၾသစေၾတးလ်ႏုိင္ငံ New Sough Wales ျပည္နယ္မွာေတာ့ ဒီကေန႔တရက္တည္း ပိုးကူးသူ ၁,၀၃၅ ဦးထိ စံခ်ိန္တင္ အမ်ားဆုံးကိုေရာက္လာပါတယ္။ ေသာၾကာေန႔ကေတာ့ ျပည္နယ္တ၀ိုက္ ကိုဗစ္ကာကြယ္ေဆး ၁၆၀,၀၀၀ ေလာက္ထိ ထိုးေပးခဲ့တယ္လို႔ ့ျပည္နယ္က်န္းမာေရးဝန္ႀကီး Brad Hazzard ကသတင္းေထာက္ေတြကို ေျပာပါတယ္။
ပိုးကူးစက္မႈတိုးလာေပမယ့္ ကာကြယ္ေဆးထိုးထားၿပီးသူေတြအတြက္ ကန္႔သတ္ခ်က္ေတြကို စက္တင္ဘာ ၃ ရက္ေန႔ကစၿပီး ေျဖေလ်ာ့ေပးေတာ့မယ္လို႔လည္းေျပာပါတယ္။
ဗစ္တိုးရီးယားျပည္နယ္မွာလည္း ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးကူးသူ ၆၄ ဦးရွိၿပီး မေန႔တရက္တည္း လူေပါင္း ၃၅,၀၀၀ ေက်ာ္ကို ကာကြယ္ေဆးထိုးေပးခဲ့တယ္္လို႔ ျပည္နယ္တာဝန္ရွိသူေတြကေျပာပါတယ္။
======
Unicode
အိန္ဒိယမှာ တရက်အတွင်း ကာကွယ်ဆေး ၁၀ သန်း ထိုးပေးနိုင်ခဲ့
အိန္ဒိယနိုင်ငံမှာ မနေ့ သောကြာနေ့ တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သန်းထိ ထိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ထူးခြားတဲ့အောင်ပွဲတရပ်ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက ကြွေးကြော်ပါတယ်။ အိန္ဒိယတနိုင်ငံလုံးမှာ ကာကွယ်ဆေး ၆၂၈ သန်းထိ ထိုးပေးထားပါပြီ။
အရွယ်ရောက်သူ ၉၄၄ သန်းကို အနည်းဆုံးဆေးတလုံးတော့ ထိုးထားပြီးပြီဖြစ်သလို ဆေး ၂ လုံးအပြည့်ထိုးပြီးသူက ၁၅ %ရှိပါတယ်။ ဒီဇင်ဘာလအရောက်မှာ အရွယ်ရောက်သူအားလုံး အပြီးဆေးထိုးပေးဖို့ အိန္ဒိယအစိုးရက လိုလားနေတာပါ။
အိန္ဒိယမှာ ဒီကနေ့တရက်ထဲ ပိုးကူးသူ ၄၆,၀၀၀ ကျော်ထိ နှစ်လအတွင်း အမြင့်ဆုံးရောက်လာချိန်မှာ ကာကွယ်ဆေးထိုးနှံမှုတွေလည်း အရှိန်ကောင်းလာတာ ဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းနဲ့ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာတော့ နေ့စဉ်ပိုးကူးသူ ၂၀,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ နိုင်ငံတဝန်း ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်လူနာတွေနဲ့ မနိုင်မနင်းဖြစ်နေချိန်မှာ ဘုန်းကြီးကျောင်းတွေမှာ ဆေးစစ်တာတွေ၊ သီးသန့်ခွဲထားတဲ့နေရာတွေ လုပ်ထားရပါတယ်။
ဘုန်းကြီးတွေကိုယ်တိုင် သင်္ကန်းတွေပေါ်မှာ တကိုယ်ရေကာကွယ်ရေးသုံး PPE ဝတ်စုံတွေဝတ်ပြီး လူနာတွေအတွက် အောက်ဆီဂျင်ဗူးတွေနဲ့ အစားအစာတွေ အိမ်အရောက် လိုက်ပို့တာ၊ ဓာတ်ခွဲနမူနာယူတာမျိုးလိုဝိုင်းလုပ်ပေးနေပါတယ်။ သောကြာနေ့ကတော့ ကိုဗစ်ကြောင့် လူ ၃၀၀ နီးပါးသေဆုံးခဲ့တာပါ။
သြစတြေးလျနိုင်ငံ New Sough Wales ပြည်နယ်မှာတော့ ဒီကနေ့တရက်တည်း ပိုးကူးသူ ၁,၀၃၅ ဦးထိ စံချိန်တင် အများဆုံးကိုရောက်လာပါတယ်။ သောကြာနေ့ကတော့ ပြည်နယ်တဝိုက် ကိုဗစ်ကာကွယ်ဆေး ၁၆၀,၀၀၀ လောက်ထိ ထိုးပေးခဲ့တယ်လို့ပြည်နယ်ကျန်းမာရေးဝန်ကြီး Brad Hazzard ကသတင်းထောက်တွေကို ပြောပါတယ်။
ပိုးကူးစက်မှုတိုးလာပေမယ့် ကာကွယ်ဆေးထိုးထားပြီးသူတွေအတွက် ကန့်သတ်ချက်တွေကို စက်တင်ဘာ ၃ ရက်နေ့ကစပြီး ဖြေလျော့ပေးတော့မယ်လို့လည်းပြောပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူ ၆၄ ဦးရှိပြီး မနေ့တရက်တည်း လူပေါင်း ၃၅,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။
#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း