သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အငြင်းပွား ဘာသာရေးမြေနေရာ ဟိန္ဒူနဲ့ မူစလင် ခွဲဝေကြဖို့ တရားရုံး စီရင်ချက်ချ


အိန္ဒိယ အငြင်းပွား ဘာသာရေးမြေနေရာ ဟိန္ဒူနဲ့ မူစလင် ခွဲဝေကြဖို့ တရားရုံး စီရင်ချက်ချ
အိန္ဒိယ အငြင်းပွား ဘာသာရေးမြေနေရာ ဟိန္ဒူနဲ့ မူစလင် ခွဲဝေကြဖို့ တရားရုံး စီရင်ချက်ချ

အိန္ဒိယနိုင်ငံ အယုဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ ဗလီကျောင်းနေရာကို ဟိန္ဒူနဲ့ မူစလင် ဘာသာဝင်တွေ ဘယ်သူပိုင်ဆိုင်သင့်တယ် ဆိုတဲ့အပေါ် အငြင်းပွားနေတဲ့ ကိစ္စမှာ နှစ်ဘက် ခွဲဝေပိုင်ဆိုင်ဖို့ တရားရုံးက စီရင်ချက် ချမှတ်လိုက်ပါတယ်။

အဲဒီ အယုဒ္ဒယ မြေနေရာကို ဟိန္ဒူဘာသာဝင်တွေ အနေနဲ့ ၃ ပုံ ၂ ပုံကို ပိုင်ဆိုင်ခွင့် ပြုလိုက်ပြီး ကျန်တဲ့နေရာကိုတော့ မူစလင် ဘာသာဝင်တွေ ပိုင်ဆိုင်ခွင့်ပြုဖို့ Uttar Pradesh ပြည်နယ်မြို့တော် Allahabad တရားရုံးက စီရင်ချက် ချလိုက်တာပါ။

ဟိန္ဒူဘာသာဝင်တွေရဲ့ နတ်ဘုရား မွေးဖွားတဲ့ နေရာမှာ မူစလင် ဘာသာဝင်တွေက ဗလီလာတည်ထားတယ်ဆိုပြီး ၁၆ ရာစုနှစ်က မူစလင် ဘာသာဝင်တွေ တည်ထားတဲ့ ဗလီကို ဟိန္ဒူ အစွန်းရောက်တွေက ၁၉၉၂ ခုနှစ်မှာ ဖျက်ဆီးပစ်လိုက်ကြတာပါ။ အဲဒီလို ဖျက်ဆီးလိုက်တဲ့အတွက် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

ဒီနေရာဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ နတ်ဘုရား Rama (ရာမ) ဖွားမြင်ရာနေရာ ဖြစ်တာကြောင့် ဟိန္ဒူဘာသာဝင် အဖွဲ့ ၂ ဖွဲ့က ၃ ပုံ ၁ ပုံစီ ခွဲေ၀ ပိုင်ဆိုင်ကြဖို့ တရားရုံးက စီရင်ချက် ချလိုက်တာပါ။ ဒီစီရင်ချက်ဟာ ဟိန္ဒူဘာသာဝင်တွေအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်အဖြစ် လက်ခံသင့်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကို ကိုယ်စားပြုခဲ့တဲ့ အကျိုးဆောင်ရှေ့နေ ရာဗီ ရှန်ကာ ပရာဆတ်ဒ် (Ravi Shankar Prasad) က ပြောပါတယ်။

မူစလင် ဘာသာဝင်တွေကတော့ ဒီနေရာမှာ ဗလီကျောင်း ပြန်ဆောက်ဖို့ လိုလားနေကြတာပါ။ နှစ်ဘက် ရှေ့နေတွေကတော့ ဒီကနေ့ တရားရုံးရဲ့ စီရင်ချက်ကို ဗဟိုတရားရုံးမှာ ပြန်လျှောက်လဲချက် တင်ကြမယ်လို့ ဆိုပါတယ်။ အဲဒီလို လျှောက်လဲချက် တင်လိုက်ခြင်းအားဖြင့် အပြီးသတ် စီရင်ချက်ကျဖို့ နှစ်အတော်ကြာ ပြန်စောင့်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG