သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလုပ်ငန်းရှင်များ ဗြိတိန်ဝင်ထွက်ခွင့် လွယ်ကူအောင် စီမံမည်


 ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မေနဲ့ အိန္ဒိယဝန်ကြီးချုပ်
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မေနဲ့ အိန္ဒိယဝန်ကြီးချုပ်

အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်ရေး ဒီထက်မကပိုပြီး တိုးတက် ကောင်းမွန်စေဖို့အတွက် ဗြိန်တိန်အနေနဲ့ ဥရောပသမဂ္ဂထဲကနေ ခွဲထွက်ပြီးသွားတဲ့ အထိ စောင့်နေစရာမလိုဘူးလို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မေက ဒီကနေ့ တင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ဗြိတိန်နိုင်ငံထဲ ဝင်ထွက်သွားလာရ လွယ်ကူအောင် လုပ်ဆောင်ပေးမယ်လို့ ဝန်ကြီးချုပ် ထရီဇာ မေ က ကတိပေးပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေနဲ့ ယူကေ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီး Liam Fox တို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူကေနိုင်ငံတဝှမ်းက စီးပွားရေး ခေါင်းဆောင်တွေလည်း သူတို့နဲ့အတူ လိုက်ပါလာတပါ။

ဗြိတိန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးကို အကန့်အသတ်မရှိ တည်ဆောက်သွားနိုင် မယ့် အလားအလာတွေ ရှိနေတယ်လို့ ဆိုပြီး အိန္ဒိယ စီးပွားရေးသမားတွေ ယူကေနိုင်ငံကို လာရောက်တဲ့အခါ လွယ်လွယ်ကူကူ နဲ့ မြန်မြန်ဆန်ဆန် ဝင်ထွက် သွားလာနိုင်မယ့် အစီအစဉ်တွေ ဆောင်ရွက် ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ် ထရီဇာ မေ က ပြောပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဇူလိုင်လကစလို့ အိန္ဒိယနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG