သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကြိုးပစ်လို့ အိန္ဒိယမှာ လူ ၆၆ ယောက်ထက်မနည်းသေ


Mumbai မြို့ တောင်ပိုင်းတွင် မိုးကြိုးပစ်စဉ် (မေလ ၂၀၀၇)
Mumbai မြို့ တောင်ပိုင်းတွင် မိုးကြိုးပစ်စဉ် (မေလ ၂၀၀၇)

အိန္ဒိယနိုင်ငံတဝန်းမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ၂၄ နာရီကာလအတွင်း မိုးကြိုးပစ်ခံရတာကြောင့် လူ ၆၆ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

အဲဒီထဲက ၄၆ ယောက်ဟာ နိုင်ငံမြောက်ပိုင်း Bihar ပြည်နယ် မှာ သေဆုံးတာဖြစ်ပြီး နောက်ထပ် ၂၂ ယောက် ဒဏ်ရာရပါတယ်။ နောက်ထပ် အယောက် ၂၀ ကတော့ အနားက Utter Pradesh ပြည်နယ်မှာ သေဆုံးတာပါ။

မိုးကြိုးမုန်တိုင်းဒဏ်သင့်ပြီး သေဆုံးသွားသူ တဦးချင်းစီရဲ့ ကျန်ရစ်တဲ့မိသားစုတွေ ကို ပြည်နယ်အစိုးရ က ဒေါ်လာ ၅,၉၀၀ စီ ကူညီ ထောက်ပံ့မယ်လို့ Bihar ပြည်နယ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အတွင်းရေးမှူး Viyas Ji ကပြောပါတယ်။

ကျေးလက်ဒေသတွေမှာ သေဆုံးတဲ့သတင်းတွေ ဆက်ပြီး ဝင်လာနေတာနဲ့ အမျှ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

မုတ်သုန်ရာသီအတွင်း အိန္ဒိယနိုင်ငံမှာ ပုံမှန်လိုဖြစ်လေ့ရှိတဲ့ မိုးကြိုးဒဏ်ကို လယ်သမားတွေ အများဆုံးခံစားကြရတာပါ။ အိန္ဒ္ဒိယနိုင်ငံရဲ့ မိုးရေချိန် ၈၀% ကို ယေဘုယျအားဖြင့် ဇွန်လနဲ့ စက်တင်ဘာလအတွင်း ကျရောက်တဲ့ မုတ်သုန်ရာသီကနေ ရနေတာဖြစ်ပါတယ်။

မိုးကြိုးပစ်လို့ အိန္ဒိယမှာ လူ ၆၆ ယောက်ထက်မနည်းသေ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်
မိုးကြိုးပစ်လို့ အိန္ဒိယမှာ လူ ၆၆ ယောက်ထက်မနည်းသေ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG